Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elsa Valentim
Just Retired 2 / Joyeuse (2022)
Joyeuse retraite 1 2019 ရဲ့နောက်ထပ်အပိုင်းဆက်တစ်ကားဖြစ်တဲ့ Joyeuse retraite 2 ပါ 1 တုန်းကအတိုင်း Comedy ဇာတ်ကားတစ်ကားဖြစ်ပြီး ပြင်သစ်ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်လေးကတော့ ဖိလစ် နဲ့ မာရီလူး တို့လင်မယားနှစ်ယောက်ဟာ ပြင်သစ် ကနေ ပေါ်မတူဂီ ကို အားလပ်ရက်ခရီးကို သူတို့ရဲ့ မြေးတွေနဲ့အတူထွက်လာကြတာပေါ့ သူတို့မြေးတွေရဲ့အမေ/ သူတို့သမီးကို ပေါ်တူဂီမှာ အိမ်အသစ်တစ်လုံးကို စပရိုက်အနေနဲ့ပေးဖို့လည်း စီစဉ်ထားရင်းနဲ့ မြေးတွေနဲ့အတူ အားလပ်ရက်ခရီးထွက်လာကြတာပါဒါပေမယ့် စီစဉ်ထားတဲ့အတိုင်းဖြစ်မလားဘဲနဲ့ တလွဲချည်းပဲဖြစ်လာပြီး အဲဒီတလွဲကို လိုက်ဖာလေ နောက်ထပ်တစ်လွဲတစ်ခု ထပ်ဖြစ်လေနဲ့ တိုင်ပတ်ပြီး ဟာသမြောက်အောင် ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ကျန်တာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ရယ်မောခံစားလိုက်ကြပါဦးနော်ဇာတ်ကားကို အညွှန်းရေးပြီး ဘာသာပြန်ပေးထားတဲ့သူကတော့ Leo ပဲဖြစ်ပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
Just Retired 2 / Joyeuse (2022)
6.5
Nothing Ever Happened (2022)
IMDb 6.5 / 9 wins & 28 nominationsပေါ်တူဂီဒရာမာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပီဒရို၊ မာရီယာ နဲ့ ပေါ်လိုတို့ဟာ ဆယ်ကျော်သက် သူငယ်ချင်းသုံးဦး။ သူတို့တစ်ယောက်ချင်းစီမှာ ဆယ်ကျော်သက်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ၊ အိမ်တွင်းရေးပြဿနာတွေ ကိုယ်စီရှိကြတယ်။ သူတို့သုံးယောက် ပေါင်းမိသွားတဲ့အခါမှာတော့ ပျော်ရွှင်မှု၊ လွတ်လပ်မှုနဲ့ အချစ်တို့ကို သူတို့ရှာတွေ့သွားကြတယ်။ပီဒရိုရဲ့အိမ်မှာတော့ မိသားစု၀င်သုံးယောက်ရှိတယ်။ ပီဒရိုရဲ့အဖိုးဟာ အကြောင်းကိစ္စတစ်ခုကြောင့် ရွာကနေတက်လာပြီး ပီဒရိုတို့အိမ်မှာလာနေပေးတယ်။ ပီဒရိုတို့ဆီမှာလည်း အိမ်ထောင်ရေး၊ စီးပွားရေး အစရှိသဖြင့် အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတယ်။ တစ်နေ့မှာတော့ ပီဒရိုတို့သူငယ်ချင်းသုံးယောက်ဟာ ယခင်ကတည်းကတိုင်ပင်ထားကြတဲ့ သဘောတူညီမှုတစ်ခုကို တကယ်ဖြစ်အောင် လုပ်လိုက်ကြတဲ့အခါမှာတော့ ဘယ်လိုမထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဖြစ်ကုန်မလဲဆိုတာကို ပီဒရိုတို့အိမ်လေးထဲက အဖိုးဖြစ်သူ အန်တိုနီယိုရယ် အဖေရယ် အမေရယ်တို့သုံးဦးအကြားက ဒရာမာတွေနဲ့ ရောယှက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဒရာမာက လက်တွေ့ဘ၀က မိသားစုပြဿနာတွေနဲ့ ထပ်တူကျအောင်ရိုက်ကူးပုံဖော်ထားပြီး တော်တော်လေးတော့ စိတ်ကျဉ်းကြပ် ဖိစီးစရာကောင်းတာမလို့ စိတ်ဓာတ်ကျနေတဲ့သူတွေ စိတ်ညစ်နေတဲ့သူတွေအနေနဲ့တော့ ကြည့်ရှုဖို့သိပ်မသင့်ကြောင်း စကားပါးလိုက်ပါရစေ။ ...
movie
Nothing Ever Happened (2022)