Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ellen Kennedy
The Final Cut (2004)
လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ... ဖလက်ချာ (Jim ...
movie
The Final Cut (2004)
6.0
Wrongfully Accused (1998)
ကျွန်တော်တို့ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ အမေရိကန် ဟာသရုပ်ရှင်ပုံစံမျိုး အမှန်အကန် ရယ်ရမယ့်ခေတ်ဟောင်းကားလေးဖြစ်ပါတယ်ဒီလိုကားတွေမှာ ထုံးစံအတိုင်း အသက်ကြီးကြီး ဟာသမင်းသားပါမယ် ခေတ်စနစ် ယဥ်ကျေးမှု stereotype တွေကို သရော်တာမျိုးတွေ ပါမယ် နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးတစ်ယောက်ရောပေါ့ တယောဆရာ ရိုင်ယန်က နာမည်ကျော်ပြီး လူချစ်လူခင်လည်း ပေါတဲ့ ပုဂ္ဂိုလ်ပေါ့... စပွန်ဆာသူဌေး မစ္စတာ Hibbing Goodhue တို့နဲ့လည်း ရင်းနှီးပါတယ်Hibbing ရဲ့ဇနီး လောရန်က ရိုင်ယန်ကို ခိုးစားဖို့ ခေါ်တယ် အဲဒီညမှာ မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေတစ်ဖက်သာရှိတဲ့ လူတစ်ယောက်က မီလျံနာသူဌေး Hibbing ကို သတ်သွားပါလေရော ဒါပေမဲ့ ရိုင်ယန်က အကွက်ဆင်အဖမ်းခံလိုက်ရပြီး လူသတ်မှုနဲ့ သေဒဏ်ကျသွားတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီကနေ ဇာတ်လမ်းနာမည်အတိုင်း မှားယွင်းစွာစွပ်စွဲခံလိုက်ရတဲ့ ရိုင်ယန် သူအပြစ်မရှိကြောင်း ဘယ်လိုသက်သေပြဖို့ ကြိုးစားမှာလဲ ဆိုတာကို .......ပရိသတ်ကြီး ...
movie
Wrongfully Accused (1998)
7.6
Three Wise Men and a Baby (2022)
Three Wise Men and a Baby (2022) ========================== IMDb Rating - 7.6/10ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie
Three Wise Men and a Baby (2022)
2023
Barbie in A Mermaid Tale (2010)
Barbie in A Mermaid Tale (2010) ======================== IMDb Rating - 6.3/10Barbie in a mermaid tale ဆိုရင်တော့ Barbie fan မှန်ရင် အများကြီး ညွှန်းနေစရာမလိုမယ့် ကားကောင်းလေးပါနော်။ ၂၀၁၀ ထွက် Barbie Movie တွေထဲမှာမှ Fan တွေ အရူးအမူးဖြစ်ခဲ့ရတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ကြည့်ဖူးသူတော်တော်များများကို ဆံပင်အရောင်ပြောင်းချင်စေ ခဲ့တဲ့ လွှမ်းမိုးမှုအကောင်းဆုံးဇာတ်လမ်းလေးကတော့ ...Merliah Summers လို့ဆိုလိုက်ရင် Malibu ရဲ့ Celebrity အကျော်အမော် ရေလွှာလျှောစီးသူတွေထဲကတစ်ယောက်လို့ ပြေးမြင်ကြပါလိမ့်မယ်။ လှိုင်းစီး တဲ့ Stunt တွေလှလွန်းလို့ "Queen of the waves" လို့တောင် တင်စားရတဲ့ ကစားသမားတစ်ဦးပါ။ နာမည်လေးလည်း ရနေပြီးသားဖြစ်လို့ Merliah တစ် ယောက် အကောင်းဆုံးကစားသမားနေရာကို မှန်းထားခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာ လှိုင်းလုံးအမြင့်ကြီးကိုမှ ရွေးပြီးစီးလို့ Merliah လူစိတ်ဝင်စားခံနေရချိန်မှာပေါ့။ ရုတ်တရက်ဆိုသလို လူစိတ်ဝင်စားရတဲ့ အကြောင်းအရင်းက ပြောင်မြောက်တဲ့ စတန့်ကွက်တွေကနေ ...
movie
Barbie in A Mermaid Tale (2010)
2010