Channel Myanmar

Ellen Dorrit Petersen

King of Devil’s Island (2010) 7.5
King of Devil’s Island (2010) ၁၉၀၀ကျော်ခုနှစ်တွေတုန်းက နော်ဝေးနိုင်ငံမှာ ဆိုးသွမ်းတဲ့လူငယ်တွေကို ထိန်းသိမ်းဖို့ ကျွန်းပေါ်မှာတည်ထားတဲ့ ကျောင်းတစ်ကျောင်းရှိခဲ့ပါတယ် ယခုဇာတ်ကားက ထိုကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်ကို အခြေပြုပြီးတော့ ပြန်လည်ရိုက်ကူးထားပြီး IMDb 7.5ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါဇာတ်လမ်းအညွှန်းအဆိုပါကျောင်းဟာ ကျောင်းလို့ခေါ်ရုံလောက်သာရှိပြီး ထိုကျောင်းမှအစောင့်တွေ အုပ်ထိန်းသူတွေက ကျောင်းသားတွေကို နေ့စဉ်နှင့်အမျှ ရိုက်နှက်ပြောဆိုနှိပ်စက်နေကြတာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းသားတွေအပေါ် လိင်ကိစ္စကျူးလွန်တာတွေအထိပါ လုပ်‌ကြတဲ့အထိပါပဲ။ ထိုမျှတင်မကဘဲ ကျောင်းသားတွေကို အလုပ်ကြမ်းမှန်သမျှကို နေ့တိုင်းခိုင်းပြီးတော့ ထောင်သားတွေကိုထားသလိုကိုထားတာပါ။ဒီလိုမျိုး ကျောင်းသားတွေဟာ နေ့တိုင်း စိ‌တ်ရောကိုယ်ပါနှိပ်စက်တာခံနေရတဲ့အချိန်မှာ အများနဲ့မတူတဲ့ လူငယ်လေးတစ်ယောက် ထိုကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ သူကတော့ လုံးဝ ငြိမ်ခံမနေဘဲနဲ့ ထိုနေရာကနေ လွတ်မြောက်ဖို့အတွက်ပဲ စဉ်းစားနေတဲ့သူပါ။ သူကြိုးစားသမျှက အရာထင်လာမလား, လွတ်မြောက်ဖို့ဆိုတာကရော ဖြစ်နိုင်ရဲ့လားဆိုတာနဲ့ ဇာတ်ကားထဲမှာပါတဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(887 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:56:00 Genre...Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

King of Devil’s Island (2010)

Three Wishes for Cinderella (2022) 5.9
Three Wishes for Cinderella (2022) Three Wishes for Cinderella (2022) ========================= IMDb Rating - 5.9/10စင်ဒရဲလားလို့ပြောလိုက်ရင် အများစုကသိရှိပြီးသားဇာတ်လမ်းလေးပဲ မဟုတ်လား၊ ဒါကတော့ အကုန်လုံးသိထားပြီးသား ပုံပြင်ဟောင်းလေး တစ်ပုဒ်နဲ့သိပ်မတူတဲ့ စင်ဒရဲလားပုံပြင် နော်ဝေးဗားရှင်းလေးလေးပါပဲ။ဒီထဲမှာတော့ စင်ဒရဲလားလေးက နုဖတ်နေတာမဟုတ်ဘဲ မြင်းစီးမြားပစ် တလွှားလွှားနဲ့ပါပဲ။ နောက်ပြီး နတ်သမီးမေမေထက် နောက်ဆုံးမှာ ကိုယ့် ကိုယ့်ကိုယ်သာ အားကိုးရာဆိုတာမျိုးနဲ့ ပုံစံတစ်မျိုးပြသထားသလို၊ ကယ် တင်ရှင်မင်းသားလေးလည်း မလိုတဲ့ဗားရှင်းမို့ အရသာတမျိုးလေးနဲ့ ကြည့် လိုက်ကြရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.4 GB) / (582 MB) / (343 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Family, Fantasy Translator.......Mr.Anderson Encoder..........SWM
movie

Three Wishes for Cinderella (2022)

2022
Blind (2014)
Blind (2014) Blind (2014)========== “ချစ်သေးရဲ့လား” ဆိုတဲ့မေးခွန်းလေးကို ချစ်သူစုံတွဲအတိုင်း မေးဖူး ကြပါတယ်။  ဘယ်လိုအချိန်မှာ မေးမိကြလဲဆိုတာ ဆန်းစစ်ဖူးကြရဲ့လား။ တစ်ချို့ကျတော့ မသိစိတ်ထဲကနေ ပြတ်ကြတော့မလိုလို ခံစားနေမိလို့ မေးမိတတ်ကြတယ်။ တစ်ချို့ကျတော့ သွေးအေးသွားမှာကို စိုးရိမ်လို့ မေးတတ်ကြတယ်။ တစ်ခါတစ်လေ နောက်တစ်ယောက်နဲ့ သင်္ကာမကင်း ဖြစ်လာတဲ့အခါ စိုးရိမ်စိတ်နဲ့မေးတတ်ကြတယ်။ ဘယ်ကြောင့်ပဲမေးမေး မေးတဲ့သူက ပြန်ကြားရမယ့်အဖြေကို လက်မခံရဲပါဘူး။ ကိုယ်မလိုချင်တဲ့ အဖြေဖြစ်နေမှာကို စိုးရိမ်နေကြတယ်။ အဲ့ဒီလိုနဲ့ပဲ မေးချင်ပေမယ့် မမေး လိုက်ရတဲ့ မေးခွန်းတွေမြိုချမိတာ ခဏခဏပါပဲ ။အင်းဂရစ်က မျိုးရိုးလိုက်ရောဂါကြောင့် အမြင်အာရုံဆုံးရှုံးရတော့မယ့် အမျိုးသမီးတစ်ယောက်ပါ။ တစ်ဖြေးဖြေးချင်း ဆုံးရှုံးလိုက်ရမယ့် အမြင် အာရုံအတွက် ကြောက်ရွံ့နေရင်း သူ့အမျိုးသားမော်တန်က ပစ်ပယ်မှာကိ လည်း စိုးရိမ်နေရတဲ့သူပါ။ ကိုယ့်ကိုကိုယ်အားငယ်ပြီး သိမ်ငယ်တယ်လို့ခံစားတတ်တဲ့သူမို့ တစ်နေကုန်အိမ်မှာနေရင်း အတွေးပေါင်းများစွာနဲ့အချိန် ကုန်နေခဲ့ရပါတယ်။ - အိပ်ရာပေါ်ကကိစ္စတွေကစလို့ ပတ်ဝန်းကျင်နဲ့ပါ အဆင်မပြေမှာစိုးရိမ်ပြီး သီးသန့်နေနေရင်း အယ်လန်ဆိုတဲ့ အမျိုးသမီးက မော်တန်နဲ့လိုင်းပေါ်မှာ ခင်မင်ရင်းနှီးခဲ့ပါတယ်။ အဲ့ဒါအပြင် အက်နာဆိုတဲ့ အမျိုးသားကလည်း အယ်လန်ကိုသဘောကျနေတဲ့အခါ၊ အစိုးရိမ်လွန်တဲ့အချစ်၊ စိတ်မချတတ်တဲ့ အကျင့်၊ အားငယ်တတ်တဲ့စိတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့အချစ်အကြောင်းကို လှည့်ကွက်ပေါင်းစုံနဲ့ ရိုက်ကူးထားတာမို့ စဉ်းစားခန်းပါမှကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲဗျာ... (စကားမစပ် - တစ်ယောက်တည်းပဲ စဉ်းစားကြနော်။ မိသားစုနဲ့အတူတူမစဉ်းစားရ)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Blind (2014)

Battle: Freestyle (2022) 4.8
Battle: Freestyle (2022) Battle: Freestyle (2022)=================စတိုင်ကျကျကပြတဲ့ ကားတွေကို ကြိုက်သူများအတွက် Netflix က အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ကားနာမည်ကတော့ Battle: Freestyle တဲ့ . . .ဒီကားထဲမှာ အမ်မလီက ချစ်သူမီကယ်ရဲ့အကအဖွဲ့မှာ ပါဝင်တဲ့သူလည်း ဖြစ်သလို၊ တစ်နေ့မှာ အမ်မလီတို့အဖွဲ့ ပါရီမှာ ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့အတွက် ရွေးချယ်ခံလိုက်ရတဲ့အခါ အမ်မလီတစ်ယောက် ဝေးကွာနေတာကြာပြီဖြစ်တဲ့ အမေဖြစ်သူနဲ့ တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ နောက်ပြီးအမ်မလီအမေက အကသင်တန်းကျောင်းရဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး အမ်မလီ တစ်ယောက် အမေဖြစ်သူနဲ့တွေ့တဲ့ချိန်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မှာလဲ၊ အကပြိုင်ပွဲမှာရော သူတို့မျှော်မှန်းထားတဲ့ ဆုကြေးတွေ သိမ်းပိုက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှု ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Shwe Pyae, Jerrica တို့ဖြစ်ပါတယ်)File Size - (1.6 GB) / (813 MB) / (538 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h ...
movie

Battle: Freestyle (2022)

2022
The Innocents (2021) 7.3
The Innocents (2021)  Dialogue တွေ အတော်များများလျှော့ထားပြီးတော့ ဇာတ်လမ်းပြကွက်များများ..၊ Cinematography တွေ မြိုင်မြိုင်ဆိုင်ဆိုင်ထည့်ထားတဲ့ ရုပ်ရှင်တစ်ကားပဲ..။မွေးချင်းတွေကြားမှာ ဖြစ်တတ်တဲ့ မနာလိုမှုတွေ ၊ မိဘတွေရဲ့ မမျှမတဆက်ဆံခံရမှုတွေ..၊ မိဘဆိုးရဲ့လက်ထဲမှာ ကြီးပြင်းလာရတဲ့ ကလေးတွေရဲ့အကြောင်း..။ကလေးတွေက အမြဲအပြစ်ကင်းသတဲ့..။ဒီလို အပြစ်ကင်းတဲ့ကလေးတွေမှာ သဘာဝလွန်စွမ်းအားတွေ ရှိနေတဲ့အခါ ဘယ်လိုနေမလဲ..?ဘာစွမ်းအားတွေလဲ..။ ဘာတွေ လုပ်နိုင်လဲ..။ ဘယ်လောက်အထိ လုပ်နိုင်သလဲ..။သွေးထွက်သံယိုမြင်ကွင်းတချို့ပါဝင်ပြီးတော့..။သြချရလောက်တဲ့ သရုပ်စွမ်းရည်နဲ့ ကလေးမလေးသေးသေးလေးရဲ့ မျက်နှာအမူအရာပြောင်းလဲသွားပုံလေးတွေက အစ ကွက်ကွက်ကွင်းကွင်းမြင်တွေ့နေရမယ်..။အော်တစ်ဇင်ဖြစ်နေတဲ့ အစ်မရှိသူ ရှိနေတဲ့ မိသားစုထဲမှာ အငယ်ဖြစ်ရတဲ့ဒုက္ခရဲ့ စိတ်ကျဉ်းကျပ်မှုကိုလည်း တွေ့ရမယ်..။ကလေးတွေအကြောင်းကို အဓိကရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့ ကလေးတွေ မကြည့်သင့်တဲ့ရုပ်ရှင်ဇာတ်ကား တစ်ကားပဲ..။ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သဘာဝလွန်စွမ်းအားတွေနဲ့ ရုပ်ရှင်တစ်ကားလို့တော့ မညွှန်းပေမဲ့ အချိန်ပေးကြည့်ရတာတော့ တန်တယ်..။ကြည့်ပြီးရင် တွေးစရာတွေ အများကြီးရမယ်..။အနှစ်ချုပ်ကတော့ The Innocents ၂၀၂၁ ထဲက တကယ့်ကို အပြစ်ကင်းစင်.. မဟားတရားအပြစ်ကင်းတဲ့ ပိဘီကလေးငယ်တွေကို ကြည့်ပြီးရင်တော့ ကလေးတိုင်းဟာ ချစ်စရာမကောင်းဘူးဆိုတဲ့အချက်ကို လက်ခံလာပါလိမ့်မယ် ခင်ဗျာ..။ဘာသာပြန်နဲ့ ...
movie

The Innocents (2021)

Thelma (2017) 7.3
Thelma (2017) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Thelma လို့အမည်ရတဲ့ နော်ဝေ ကားလေးပဲဖြစ်ပါတယ်။IMDb Rating အနေနဲ့ 7.3 အထိရရှိထားသောဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ သဲမာဆိုတဲ့ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက်ဝက်ရူးပြန်ရောဂါလိုမျိုး မကြာခဏဖြစ်တတ်ပြီးဆရာဝန်တွေက စိတ်မနှံ့ဘူးလို့ ပြောခံရတဲ့သူပါသူမက ခဏခဏဆိုသလို စိတ်အားငယ်တတ်ရာကနေ မျိုးတူမိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ရာမှသူမရဲ့နောက်ဆက်တွဲ...မိသားစုရေးရာနဲ့ စိတ်ဖိစီးနေတဲ့သူမ...အတွေးနယ်ပယ်ထဲမှာ ချာချာလည်လည်ရင်း...ဒီဇာတ်ကားကြည့်နေရင်းနဲ့ ပရိသတ်တွေအနေနဲ့ သဲမာတစ်ယောက် တကယ်ပဲစိတ်မနှံ့တာလားသူမရဲ့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ .......စိတ်ဝင်တစားနဲ့ကြည့်ရှုကြရမှာပါ File Size : (950 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay DTS x264-WASTE Translated by Aye Yeik Htin Encoded by ...
movie

Thelma (2017)

2017