Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elizabeth McGovern
6.7
Buffalo Soldiers (2001)
ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ်လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီးJoaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ အကျင့်ပျက်စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်းရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီးဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာComedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်းကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Buffalo Soldiers (2001)
7.1
The Wings of the Dove (1997)
The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie
The Wings of the Dove (1997)
2024
7.3
Woman in Gold (2015)
ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်းစည်းစေချင်သူတွေကတော့ ဂျာမန်လူမျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie
Woman in Gold (2015)
7.6
Kick-Ass (2010)
Kick-Ass (2010)IMDb Rating (7.6) / Rotten Tomatoes (77%)ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ.....ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ ...
movie
Kick-Ass (2010)
2010
4K HEVCHDR
7.6
Downton Abbey: A New Era (2022)
ဒေါင်းတန် အက်ဘီဆိုတဲ့ ရုပ်ရှင်ဟာ အင်္ဂလန်သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးစီးရီးလည်း ရိုက်ကူးထားတာရှိပါတယ်။ မူရင်းထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေ ခေတ်ပြောင်းခေတ်လဲတွေ သက်ရောက်မှုတွေအကြောင်းကို ဗြိတိန်တော်ဝင်ဆွေကြီးမျိုးကြီး မိသားစုတစ်စုအပေါ် အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ရုပ်ရှင်အနေနဲ့ ၂၀၁၉ မှာ တစ်ကားထွက်ခဲ့ပြီး အခု ၂၀၂၂ မှာ တစ်ကားထပ်ထွက်လာတာပါ။ ဒီရုပ်ရှင်ကတော့ပျော်စရာတွေနဲ့ ကြည်နူးစရာတွေ ပြည့်နေတာ ထူးခြားတဲ့အချက်ပါ။ ကြည့်ရင်းနဲ့ ဗဟုသုတလည်းရသလို၊ အင်္ဂလိပ်ဆွေကြီးမျိုးကြီးတွေရဲ့ ယဉ်ကျေးတဲ့စကားတွေ၊ စနစ်ကျပုံတွေကိုလည်းလေ့လာရမှာပါ။နောက်ပြီးဒီမိသားစုရဲ့ ရိုင်းပင်းပုံတွေ အိမ်အကူတွေ အိမ်ထိန်းတွေနဲ့ အပြန်အလှည် လေးစားသမှုတွေ သံယောဇဉ်တွေ စေတနာတွေကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒေါင်းတန်မိသားစုရဲ့ အိမ်တော်ကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်အတွက် သုံးဖို့ ကမ်းလှမ်းလာပါတယ်။ အဲဒါကိုလက်ခံလိုက်ပြီးနောက်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဒေါင်းတန်မိသားစုရဲ့ အဖြစ်အပျက်တွေကို သမိုင်းတစ်ခုနဲ့ တပြေးညီတွေ့ရမှာပါ။ တချိန်တည်းမှာပဲ ဒေါင်းတန်မိသားစုရဲ့ ဘွားဘွား လေဒီဂရေသမ်၊ ဗိုင်အိုလက်ရဲ့ ငယ်ချစ်တစ်ယောက်ဟာ ပြင်သစ်မြို့စားဖြစ်နေပြီး သူကွယ်လွန်ချိန်မှာ ဗိုင်အိုလက်အတွက်ဗီလာအိမ်ကြီးတစ်လုံး ပြင်သစ်တောင်ပိုင်းမှာ ...
movie
Downton Abbey: A New Era (2022)
7.7
Downton Abbey (2019)
ဒီကားလေးကတော့ IMDB 7.7 နဲ့ tomatoes မှာ84%တောင်ရထားတဲ့harry potterထဲကပရော်ဖက်ဆာကြီးmaggie smithပါဝင်ထားတဲ့ကားကောင်းလေးပါEnglandရဲ့ဘုရင်နဲ့ဘုရင်မကနယ်လှည့်သွားလာရင်းဒေါင်းတွန်ဆိုတဲ့နယ်လေးကိုလာမယ်လို့သတင်းစကားကြားလိုက်တဲ့အချိန်မှာတစ်နယ်လုံးကလူတွေကဂုဏ်ယူမဆုံးတွေဖြစ်ပြီးဝမ်းသာနေကြတယ်အထူးသဖြင့်လာလည်ရင်းတည်းမယ့်ဒေါင်းတွန်ရဲ့မြို့စားအိမ်ကအလုပ်သမားတွေကဘုရင်နဲ့ဘုရင်မကိုအနီးကပ်တွေံခွင့်ရပြီးအလုပ်အကျွေးပြုရတော့မယ်လို့တွေးရင်းစိတ်တွေလှူပ်ရှားနေခဲ့ကြတယ်ဒါပေမယ့်သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲဘုရင်နဲ့ဘုရင်မအတွက်နန်းတော်ကအစေခံတွေအိမ်တော်ထိန်းတွေ စားဖိုမှူးတွေအကုန်လာပြီးသူတို့အိမ်မှာချယ်လှယ်ကြမှာကိုသိလိုက်ရတဲ့အခါမှာသူတို့တွေဘယ်လိုတုန့်ပြန်မလဲဘယ်လိုနည်းလမ်းနဲ့ဘုရင်နဲ့ဘုရင်မကိုဧည့်ခံကြမလဲအဲဒါအပြင် ဒေါင်းတွန်ကိုအုပ်စိုးနေတဲ့မိသားစုရဲ့အဖွားကြီးနဲ့မိသားစုထဲကနေခွဲထွက်သွားတဲ့ဘုရင်မနားကအထိန်းတော်နဲ့လည်းအမွေကိစ္စပြဿနာတွေရှိတာကိုဘယ်လိုရှင်းမလဲမိသားစုထဲမှာလည်းတဟ်ယောက်တစ်မျိုးမရိုးတဲ့ဇာတ်လမ်းလေးတွေကဘာတွေဖြစ်မလဲကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကိုလုပ်ကြံမယ့်သူပေါ်လာတဲ့အခါမှာရော ဇာတ်လမ်းကဇာတ်ကောင်တွေများစွာပါဝင်ပြီးတော့မရိုးရအောင်ဟာသတွေပါပါဝင်တဲ့မိသားစုဟာသဇာတ်လမ်းလေးမို့စိတ်ဝင်တစားကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေးပါFile Size : ( 1 GB , 429 MB )Quality : WEB-DL 720pRunning Time : 2 hr 02 minFormat : Mp4Genre : Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Downton Abbey (2019)
2019
5.8
Clash of the Titans (2010)
မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Clash of the Titans (2010)
8.4
Once Upon a Time in America (1984)
Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie
Once Upon a Time in America (1984)
7.3
The Wife(2017)
The Wife(2017)IMDB 7.3,,,,Rotten....84%ဒီကားက ကားသစ်ဆိုပေမယ့် တော်တော်နဲ့မလုပ်ဖြစ်ဘူး...ဘာလို့လဲဆိုတော့ ရုပ်ရှင်ပိုစတာက ဆံနွယ်တွေဖြူလွှပြီး ပါးရည်တွေတွန့်နေတဲ့အဘိုးကြီးအဘွားကြီးပုံဖြစ်တော့ ဆွဲဆောင်မှုအားနည်းနေတဲ့အပြင် ရုပ်ရှင်ရဲ့ နာမည်ကလည်း The wife ဆိုတော့ရုပ်ရှင်ကားပါအကြောင်းအရာများဟာ ဘောင်ခေတ်ထားတဲ့ဇာတ်ကားကြီးလို့ ခံစားမိတယ်...သို့ပေမယ့် ဒီနှစ်အော်စကာဆန်ကာတင်စာရင်းရဲ့ အကောင်းဆုံးမင်းသမီးရွေးချယ်ယာထားတဲ့သူတွေထဲမှာဒီကားရဲ့ အဓိက မင်းသမီးကြီး Glenn Close ပါလာလေတော့ မဖြစ်မနေလုပ်ရတော့တယ်...IMDb နဲ့ RT ကလည်း ကြွရွနေတယ်....တစ်ကယ်တော့ ဒီကားမျိုးက အညွှနး်ရေးလို့ တော်တော်ကြီးကို မဖြစ်တဲ့ကားမျိုးပါ... မရေးတတ်ရေးတတ်နဲ့ဖွဲ့စည်းထားတဲ့ ၀ါကျ(၃)လေးကြောင်းအောက်မှာအော်စကာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားကြီးဟာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်သလိုဒီလိုကားကောင်းကိုကြိုက်တဲ့သူတို့အဖို့ ထဆဲချင်စိတ်ပေါက်သွားစေနိုင်လို့ပါ.....တစ်ချို့သူတွေအတွက် ဒီကားဟာ ဘာကားကြီးမှန်းလဲ မသိဘူးလို့ ရေရွတ်ကောင်းရေရွတ်လိမ့်မယ် ...ဒါပေမယ့် တစ်ချို့သူတွေအတွက် ဒီကားက ခင်ဗျားတို့ကို ကျောက်ရုပ်တစ်ရုပ်လိုမျိုးဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိတယ်...ပြောတဲ့ ဒိုင်ယာလော့တွေ ....သရုပ်ဆောင်တွေ ...ဇတ်လမ်းအချိတ်အဆက်တွေကလည်း တကယ်ကောင်းပါတယ်..ဒီကားနဲ့ပတ်သက်ပြီး ပြောပြလို့ရတာနည်းနည်းတော့ရှိတယ်....လင်မယား(၂)ယောက်ရှိတယ်...ယောင်္ကျားက စာရေးဆရာ..တစ်နေ့တော့ မနက်အစောကြီးဖုန်းဆက်လာတယ်...ခင်ဗျားရေးတဲ့စာအုပ်ကြောင့် နိုဘယ်ဆု ရပါတယ်..ဒါ့ကြောင့် ဆွီဒင်က စတော့ဟုမ်းမြို့ကို ဆုယူဖို့ကြွခဲ့ပါတဲ့...ကိုင်း ဘာကြောင့် ဒီကားကို The wife လို့ခေါင်းစဉ်တပ်တာလဲ...ဘာဖြစ်လို့ အဘိုးအဘွားကြီးကိုမှ ရွေးချယ်ရိုက်ကူးရတာလဲ...မင်းသမီးကြီးကရော ဘယ်လောက်များသရုပ်ဆောင်ကောငး်လို့အော်စကာဆန်ကာတင်စာရင်း ...
movie
The Wife(2017)
2017
6.5
The Commuter (2018)
မိုက်ကယ်မက်ကော်လေ ဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာ နေရတာ ကြောင့် အလုပ်တက်၊ အလုပ် ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူ ပါ။တစ်ရက်မှာတော့ ဂျီအန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာ မိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထား ပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူ တာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။အကယ်၍ ဖော်ထုတ်နိုင်ခဲ့ ရင် ဒေါ်လာတစ်သိန်းရမယ်ဆို တာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင််မပြေတဲ့ မိုက်ကယ် က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်။ အဲဒါနဲ့ ဂျိုဟန်နာ ပြောတဲ့ သဲလွန်စတွေ နဲ့အတူသူ ခိုင်းတာကို ရှာပုံတော် ဖွင့်ခဲ့ပါ တယ်။ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက် ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ...
movie
The Commuter (2018)
2018