Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elizabeth Dennehy
6.4
Hancock (2008)
မင်းသားကြီး Will Smith နဲ့ မင်းသမီး Charlize Theron တို့ရဲ့ Hancock ရုပ်ရှင်ဟာ စူပါဟီးရိုးမဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူအများကို ကယ်တင်နေပေမယ့် ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါခင်ဗျ လောကွတ်တွေမလုပ်တတ် မပြောတတ်လို့ လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ စူပါဟီးရိုး..နှလုံးလှပေမယ့် လူကြမ်းတာကြောင့် လူတွေကလဲမုန်း ....သူကလဲ လူတွေ ဘယ်လိုထင်ထင် နေချင်သလို နေတတ်တဲ့ စူပါဟီးရိုးကြီး Hancock....သူ့ဘဝအစစ်အမှန်က ဘာလဲ...သူ့အစွမ်းတွေက ဘယ်ကရတာလဲ...သူ့ကိုဒီလိုပုံစံဖြစ်အောင် ဘယ်သူတွေကပြုလုပ်ထားတာလဲ...စသည်ဖြင့် ပဟေဠိများစွာနဲ့ Hancock...ဒီလိုလူကြမ်းလူစွမ်းကြီးဘဝကို ဘယ်သူက ကယ်တင်ပြီးလှပအောင်ပြုလုပ်မလဲဆိုတာ.....။စူပါဟီးရိုးကားလို့ဆိုနိုင်ပေမယ့် ဒရမ်မာသက်သက် ထိရှရတဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး Unrated Version နဲ့တင်ဆက်လိုက်ပါတယ်။Hancock 2 ဆက်လက်ထွက်ရှိဖို့ မင်းသမီး Charlize Theron က စောင့်မျှော်နေပြီး အချိန်တစ်ခုမှာထွက်ရှိလာနိုင်ကြောင်းပါ။ File size….(2.7 GB )/(1.2 GB) Quality….BluRay Unrated 1080p / 720p Format…mp4 Duration….01:42:14 Subtitle….Myanmar ...
movie
Hancock (2008)
2008
7.8
Gattaca (1997)
သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ်အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ...Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude ...
movie
Gattaca (1997)
6.0
Soldier(1998)
၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ အက်ရှင်ဇာတ်ကားလေးဟာ သာမန် စစ်ကားတစ်ကားထက်ပိုတဲ့ ခေတ်ဟောင်း ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကို ကြည့်ရင်း ကျွန်တော်တို့ ငယ်စဥ်က တစ်အုပ် ၁၀၀ ၁၅၀ နဲ့ ငှားဖတ်ခဲ့ရတဲ့ ဒီရဲဂျာတို့ ရာမာဖုံတို့လို ကာတွန်းစာအုပ်တွေကိုတောင် ပြေးသတိရမိပါသေးတယ် " စစ်သား ဆိုတာ မိတ်ဆွေ နဲ့ မိသားစု မရှိရဘူး စစ်ပွဲက မိတ်ဆွေဖြစ်ပြီး တပ်စုကြီးက မိသားစုပဲ " ဒါ ဇာတ်ကားထဲက စာသားလေး လက်မရွံ့တပ်သားတွေဖြစ်အောင် ကလေးဘ၀ထဲကနေ ပြုစုပျိုးထောင်ရင်း အင်အားကြီးလာတဲ့ တပ်စုကြီးတစ်စု...အချိန်ကြာလာတဲ့အခါမှာ လက်မရွံ့တပ်သားတွေလည်း အသက်ကြီးကြရတာပဲ ဒါကိုမှ ကာနယ်မက်ကမ် ဆိုတဲ့သူဟာ မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားတွေနဲ့ အစားထိုးဖို့ လုပ်လာတယ် တော့ဒ်ကတော့ တပ်စုကြီးရဲ့ စစ်သားဟောင်းတွေထဲက အထူးချွန်ဆုံး စစ်သားတစ်ယောက်ဖြစ်ပြီး တပ်သားသစ်တွေနဲ့ အစားထိုးဖို့လုပ်ရင်း စွန့်ပစ်ခံလိုက်ရတော့တယ် အဲဒါကပဲ သူ့အတွက် ကောင်းဖို့ဖြစ်လာတယ်လို့ပြောရမလား ...
movie
Soldier(1998)
7.2
Red Dragon (2002)
Red Dragon (2002)================IMDb Rating - 7.2/10#Unicodeခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း ******** ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius ...
movie
Red Dragon (2002)
2002