Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elizabeth Berrington
Vera Drake (2004)
ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Vera Drake (2004)
6.8
Mr. Turner (2014)
အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie
Mr. Turner (2014)
2014
5.6
Fred Claus (2007)
ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ...။ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့...။ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ...။ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင်ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့...။ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့်ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်...။ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်...။သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့်အလမ်းတစ်ခုပေါ်လာတော့တယ်...။ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ...ညီအစ်ကိုနှစ်ယောက်တကယ်တမ်းသင့်မြတ်ကြပါ့မလားဆိုတာကို....ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ...။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Fred Claus (2007)
6.6
Scoop (2006)
Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie
Scoop (2006)
5.7
The Little Vampire (2000)
The Little Vampire (2000) =================== IMDb Rating - 5.7/10ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to ...
movie
The Little Vampire (2000)
2000
6.9
Nanny McPhee(2005)
Nanny McPhee(2005)===================ဇာတ်လမ်းအစမှာ ပြောခဲ့သလိုပဲ"ကျွန်တော်တို့ရဲ့ ဇာတ်လမ်းကို ဝမ်းနည်းဖို့ကောင်းအောင်.ထိုင်ခုံအလွတ်တစ်လုံးနဲ့. စတင်ရလိမ့်မယ်.တကယ်လို့ အဲဒီ့ခုံက လွတ်မနေခဲ့ဘူးဆိုရင်ကျွန်တော်တို့မှာ ပြောစရာဇာတ်လမ်းရှိမှာမဟုတ်ပါဘူး."ဇနီးသည် ဆုံးပါးသွားတဲ့နောက် မစ္စတာဘရောင်းဟာမိခင်ရဲ့စောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးခုနှစ်ယောက်ကိုကြည့်ရှုဖို့ ကလေးထိန်း (နာနီ)ကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သို့ပေမယ့် အလုပ်အရမ်းများတဲ့ ဖခင်ရဲ့ အာရုံစိုက်မှု၊ဂရုစိုက်မှု၊ မေတ္တာတွေကို တောင့်တနေတဲ့ ကလေးတစ်စုဟာသူတို့ရဲ့မကျေနပ်ချက်တွေကို ငှားရမ်းထားတဲ့ နာနီများအပေါ်ပုံချပြီး ပညာပေးမောင်းထုတ်ခဲ့တာ (၁၇)ယောက် တိုင်ခဲ့ပါတယ်။မိခင်ရဲ့ မေတ္တာကိုလည်း လွမ်းဆွတ်၊ ဖခင်ရဲ့ ဂရုစိုက်မှုတွေကိုလည်းတောင့်တရင်းနဲ့ အလိုမကျတဲ့ စိတ်များစွာနဲ့ ဆိုးသွမ်းနေတဲ့ကလေးတစ်သိုက် အများအမြင်မှာ ဆိုးသွမ်းနေတဲ့ ကလေးတွေအပေါ် စာနာနားလည်ပြီး မေတ္တာအပြည့်အဝ ထားပေးနိုင်တဲ့အိမ်စေလေးအီဗန်ဂျလင်းအဒေါ်ဖြစ်သူရဲ့ နောက်အိမ်ထောင်ပြုဖို့တိုက်တွန်းချက်တွေကြောင့် ကလေးတွေရဲ့ ရှေ့ရေးအတွက်ဒိမိသားစုလေးမပြိုကွဲဖို့ ဗျာများနေရတဲ့ မုဆိုးဖို မစ္စတာဘရောင်းဒီမိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ကတော့ဆန်းကြယ်မှု (Miracle) တစ်ခု လိုအပ်နေပါတယ်။ဘယ်လိုဆန်းကြယ်မှုကများ ဒီမိသားစုရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးသွားမယ်ဆိုတာကို CM ကနေပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…2.04GB / 999MB Quality…Blu-Ray 1080p ...
movie
Nanny McPhee(2005)
7.2
Spencer(2021)
Spencer(2021) အညွှန်း***************IMDb....7.2Kristen Stewart ဟာ ဝေဖန်အတော်များများခံရတဲ့ သရုပ်ဆောင်တွေထဲပါတယ်လို့ဆိုရမှာပါ...သို့ပေမဲ့ Diana (ဒိုင်ယာနာ) အဖြစ်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ Oscar ရနိုင်တယ်လို့တောင်ဝေဖန်ရေးဆရာတွေက ချီးကျူးထားကြပါတယ်....ဒိုင်ယာနာဆိုတာ ဗြိတိန်တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်ပါတယ်...သို့ပေမဲ့ သူမ ငယ်ဘဝက ကြမ်းတမ်းပါတယ်...မိဘတွေ အိမ်ထောင်ကွဲဖြစ်ပြီး လန်ဒန်သို့ပြောင်းကာ လစာနိမ့်ဘဝဖြင့် လုပ်ကိုင်ရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်...အဲဒီနောက် ဒုတိယ အဲလိဇဘက်ဘုရင်မ၏ သားကြီးဖြစ်သူ ချားလ်မင်းသားနဲ့စေ့စပ်လိုက်ပါတယ်..ဒီဇာတ်လမ်းဟာ ချားလ်မင်းသားနဲ့အိမ်ထောင်ပြုပြီး နောက်ပိုင်းအေးခဲစပြုလာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အဓိကထားရိုက်ပြသွားတာပါ..ဒိုင်ယာနာ တစ်ယောက် တော်ဝင် အသိုင်းအဝိုင်းမှာအနေရကြပ်လာခဲ့တဲ့အကြောင်းတွေကိုလည်း မွှမ်းထုံပြသထားပါတယ်။လူမှုရေးဆက်ဆံရေးကောင်းမွန်တဲ့အပြင် ကျက်သရေ ရှိလွန်းလှတဲ့ အလှအပကိုပိုင်ဆိုင်သူ..နိုင်ငံရဲ့ ပုံရိပ်အဖြစ်တင်စားခံရတဲ့သူ .လူထုရဲ့ချစ်မြတ်နိုးမှုကို အများဆုံးရတဲ့သူ..ဖက်ရှင်ပုံမှာလည်း ဒိုင်ယာနာစတိုင်ဆိုပြီး Fashion Queen အဖြစ်သတ်မှတ်ခံရသူ..ဒီလို ဂုဏ်ပုဒ်ပေါင်းများစွာ ပိုင်ဆိုင်တဲ့ မင်းသမီးလေးဟာနောက်ကွယ်မှာတော့ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနေရလဲ....အချစ်ရေးမှာရော သူမ ဘယ်လောက်ထိ ကံကောင်းခဲ့လဲ...အခက်အခဲကြုံလို့ သူမအတွက် ကမ်းလင့်လက်တစ်စုံရှိခဲ့လား...ခံစားကြည့်ကြပါဦး..ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ File ...
movie
Spencer(2021)
2021
7.5
Last Night in Soho (2021)
ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။ ၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့ Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။ အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါ ကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။ သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။ သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။ အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက် တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ... File Size : (1.7 GB) & (900 Mb) Quality : Webrip HEVE, 1080p & 720p 5.1 CH Running Time ...
movie
Last Night in Soho (2021)
7.0
Yesterday (2019)
(Unicode) Yesterday ဆိုတဲ့ ရုပ်ရှင်လေး ကြည့်ကြရအောင်။ Musical ကားလေးပါပဲ။ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆိုတော်အဖွဲ့လို့ ပြောပြီဆို လူအတော်များများ ပြေးမြင်မိကြမှာ ဘီတယ်စ်ပါပဲ။အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး သီချင်းတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ဒီရုပ်ရှင်ကတော့ ဘိုဟီးမီးယန်းတို့ ရော့ကတ်မန်းတို့လို ဘိုင်အိုပစ် မဟုတ်ပါဘူး။ဘီတယ်စ်ကိုအခြေခံထားတဲ့ စိတ်ကူးယဉ် ဂီတ ရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်ရဲ့ မြို့လေးတစ်မြို့မှာ အရမ်းကြိုးစားပေမယ့် မအောင်မြင်တဲ့ အဆိုတော်လေး တစ်ယောက် ရှိတယ်ပေါ့။တစ်နေ့တော့ သူဟာ အဆိုတော်ဘဝကို လက်လျှော့လိုက်တော့မယ် အချိန်မှာ အဖြစ်ဆန်းတစ်ခု ကြုံလိုက်ရပါတော့တယ်။အဲဒါကတော့ ကမ္ဘာပေါ်က လျပ်စစ်အားလုံး ၁၂ စက္ကန့် ပြတ်တောက်သွားပြီး အမှောင်ကျသွားတာပါပဲ။အဲဒီ ၁၂ စက္ကန့်အပြီးမှာ ကမ္ဘာပေါ်က အရာအချို့ဟာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး လူတွေက ရှိခဲ့တယ်ဆိုတာကိုတောင် မသိတော့ပါဘူး။ကိုကာကိုလာတို့ စီးကရက်တို့ကို လူတွေ မသိကြတော့ပါဘူး။အဲဒီအထဲမှာ ဘီတယ်စ် အဖွဲ့လည်း ပါသွားတယ်ပေါ့။အဲဒီ သီချင်းတွေနဲ့ သူတို့လေးယောက်ကို မှတ်မိနေသူက ဂျက် မာလစ် ...
movie
Yesterday (2019)
2019
7.3
Quills (2000)
မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( ကလောင်တံများ)IMDB - 7.3 ခရမ်းချဉ်သီး - ၇၅ လုံးဒီပုံပြင်မှာ ဘယ်သူက မတရားတာလဲ။* တစ်စက်မှ အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ရေးချပြီး သူသေပြီးတဲ့နောက် တစ်စုံတစ်ရာ ချန်ခဲ့ချင်တဲ့ စာရေးဆရာ အရူးတစ်ယောက်....။* မေတ္တာတရား ခွင့်လွှတ်ခြင်းကို အလေးထားတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်....။* အရူးတွေကို သူ့နည်းသူ့ဟန်နဲ့ နှိပ်စက်ပြီး ကုသတတ်တဲ့ ဒေါက်တာ တစ်ယောက်..။ကျွန်တော်တို့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက် ကလောင်သွားထက်တယ်တဲ့..။ လိင်မှု ကိစ္စတွေကို အပွင့်လင်းဆုံး ရေးထားပြီး ဂုဏ်သိက္ခာတွေ စည်းတွေ မပါပဲ လူ့လောကကြီးကို အရိုးသားဆုံး အမြင်နဲ့ ရေးသားခဲ့တဲ့ စာရေးဆရာတစ်ယောက်ရဲ့ ရေးသားမှုတွေဟာ တစ်ချို့လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်စေခဲ့ပါတယ်။ဒါ့အပြင် အဲ့ခေတ်အဲ့ဒီအခါအနေနဲ့ ညစ်ညမ်းလွန်းနေပြန်ပါတယ်။ ဒီတော့ ...
movie
Quills (2000)
2000
7.9
In Bruges (2008)
In Bruges (2008) IMDb - 7.9/10_____Rotten - 84% ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက Martin McDonagh ဖြစ်ပါတယ်...တစ်လောတုန်းက အော်စကာ (၂)ဆုရခဲ့တဲ့ Three Billboards ကားကို ရိုက်ကူးခဲ့တာ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ် ...နောက်ပြီးတော့ ဒီကားရဲ့ ဟန်ပန်ဟာ Pulp fiction (1994) လို ကားမျိုးပါပဲ... Pulp fiction လောက် ဇာတ်ကောင်မများသလို သိပ်လည်းမရှုတ်ထွေးပါဘူး... သို့ပေမယ့် ဒီကားမဒေါင်းခင် ဒါရိုက်တာက Martin McDonagh ဆိုတာရယ် Pulp fiction (1994) နဲ့ ဟန်ပန်အနည်းငယ်တူတာရယ်ဆိုတော့ တစ်ချို့သူတွေအတွက်တော့ အနည်းငယ်ဆင်ခြင်စေချင်ပါတယ်.... ကြေးစားလူမိုက်လောကကိုစဝင်တဲ့ ရေးဆိုတဲ့ လူတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က ခရစ်ယာန်ဘုန်းတော်ကြီးတစ်ယောက်ကိုသတ်ဖို့ပါပဲ... .သူ့အတွက်အခက်အခဲမရှိခဲ့ဘူး ..ပစ္စတိုနဲ့ အနီးပ် ပစ်လိုက်ရုံပဲ...သေချာသွားအောင် ကျည်တောင့်တွေဆက်ပစ်သွင်းလိုက်တယ်... အဲ့ဒီမှာ ကျည်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ အသက်ကိုနှုတ်ယူရုံတင်မကဘူး ဘုန်းတော်ကြီးနောက်မှာရပ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အသက်ကိုပါ နှုတ်ယူသွားတယ်...အပစ်ကင်းတဲ့ကလေးတစ်ယောက်အတွက် မနက်ဖြန်ဆိုတာ ချုပ်ငြိမ်းသွားတယ်... .ဒီဖြစ်ရပ်ကြောင့် လူသတ်ဖို့ခိုင်းတဲ့အလုပ်ရှင်ဟာ ရေးနဲ့ သူ့သူသယ်ချင်းဖြစ်သူ ကန် ကို ဘယ်ဂျီယံရဲ့ ဘရုချ်ဆိုတဲ့မြို့လေးတစ်မြို့ကိုတိမ်းရှောင်ခိုင်းလိုက်တယ်.. .. ဒီကားက ဇာတ်ကောင်(၃)ယောက်ဖြစ်တဲ့ ရေး၊ကန်နဲ့ ...
movie
In Bruges (2008)
2008
6.1
Swallows and Amazons (2016)
Swallows and Amazons (2016) IMDb - 6.1/10_____Rotten - 94%ဂျွန်တို့မောင်နှစ်မလေးယောက်ဟာ ကျောင်းပိတ်ရက်ရှည်မှာ နယ်မြို့လေးတစ်မြို့ကိုအပန်းဖြေခရီးထွက်ခဲ့ရာမှာ…အိမ်နဲ့မနီးမဝေး ကျွန်းလေးတစ်ကျွန်းကို campထွက်ဖို့မိခင်ဆီမှခွင့်ပြုချက်ရခဲ့ရာမှ …ကျွန်းမှာ အုပ်စိုးနေတဲ့Amazonsတွေနဲ့ဘယ်လိုတွေတိုက်ခိုက်ပြီး ကျွန်းမှာစခန်းချနေထိုင်ကြမလဲ…တစ်ဖန်ကျွန်းမှာပုန်းအောင်းနေတဲ့… အစိုးရကအလိုရှိနေတဲ့ရုရှားသူလျှိုကြီးနဲ့လည်းပြဿနာဖြစ်ခဲ့ရာမှမောင်နှမတွေဘယ်လိုတိုင်ပတ်ကြမလဲ…အစကတကျက်ကျက်မတည့်ကြတဲ့မောင်နှမတွေ အုပ်ထိန်းသူမပါဘဲတစိမ်းနဲ့တိုက်ခိုက်ရတဲ့အခါဘယ်လိုညီညီညွတ်ညွတ် စည်းလုံးသွားကြသလဲ ဆိုတာပျော်ရွှင်ရယ်မောဖွယ်မိသားစုလိုက်ကြည့်ရှုသင့်တဲ့ ချစ်စရာmovieလေးတစ်ပုဒ်လို့ညွှန်းလိုက်ချင်ပါတယ်…ဂြှနျတို့မောငျနှဈမလေးယောကျဟာ ကြောငျးပိတျရကျရှညျမှာ နယျမွို့လေးတဈမွို့ကိုအပနျးဖွခေရီးထှကျခဲ့ရာမှာ…အိမျနဲ့မနီးမဝေး ကြှနျးလေးတဈကြှနျးကို campထှကျဖို့မိခငျဆီမှခှင့ျပွုခကြျရခဲ့ရာမှ …ကြှနျးမှာ အုပျစိုးနတေဲ့Amazonsတှနေဲ့ဘယျလိုတှတေိုကျခိုကျပွီး ကြှနျးမှာစခနျးခနြထေိုငျကွမလဲ…တဈဖနျကြှနျးမှာပုနျးအောငျးနတေဲ့… အစိုးရကအလိုရှိနတေဲ့ရုရှားသူလြှိုကွီးနဲ့လညျးပွူနာဖွဈခဲ့ရာမှမောငျနှမတှဘေယျလိုတိုငျပတျကွမလဲ…အစကတကကြျကကြျမတည့ျကွတဲ့မောငျနှမတှေ အုပျထိနျးသူမပါဘဲတစိမျးနဲ့တိုကျခိုကျရတဲ့အခါဘယျလိုညီညီညှတျညှတျ စညျးလုံးသှားကွသလဲ ဆိုတာပြောျရှှငျရယျမောဖှယျမိသားစုလိုကျကွည့ျရှုသင့ျတဲ့ ခစြျစရာmovieလေးတဈပုဒျလို့ညှှနျးလိုကျခငြျပါတယျ… Quality…..BluRay 1080p Duration…..01:36:00 Format…Mp4 File Size…(764 MB) Translator…..May Thazin Myint Encoder…..Moe Myint Lwin
movie
Swallows and Amazons (2016)