Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eliza Rycembel
6.2
Irena’s Vow (2023)
စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စားသွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ်တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကိုပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီးကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကအပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်းအီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့အတိုင်း Irena's Vow ဖြစ်ပြီး IMDb Rating 6.2အထိရရှိထားပါတယ်။အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ်စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန်နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံးလွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာအတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာကစိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်းအဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်ကသူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီးနိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင်ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကိုအီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကိုသူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ...
movie
Irena’s Vow (2023)
7.7
Corpus Christi (2019)
unicodeဖစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။လူငယ်အကျဉ်းထောင်ကနေ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက်ကစောင့်ကြည့်အမိန့်နဲ့ လူငယ်အကျဉ်းထောင်ကနေ လွတ်လာပါတယ်။သူ့ကို သစ်စက်မှာ အလုပ်သွင်းပေးဖို့ စီစဉ်ထားပေမဲ့သူက တစ်နေရာမှာ ဘုန်းတော်ကြီးအယောင်ဆောင်ရင်း နေနေလိုက်ပါတယ်။အကျဉ်းထောင်အတွင်းကို တရားလာဟောလေ့ရှိတဲ့ဘုန်းတော်ကြီးဆီကနေ သူလေ့လာထားသလောက်ပညာတွေနဲ့ဘုန်းတော်ကြီးခရီးစဉ်ကို စတင်လျှောက်လှမ်းပါတော့တယ်။သူရောက်သွားတဲ့နေရာလေးမှာ အဖြစ်ဆိုးတစ်ခုလည်း ဖြစ်ထားခဲ့ပါတယ်။အဲဒီအဖြစ်ဆိုးကြီးရဲ့ နောက်ဆက်တွဲပြဿနာတွေကိုဘုန်းတော်ကြီးအယောင်ဆောင်ထားတဲ့လူငယ်လေးက ဖြေရှင်းဖို့လုပ်ပါတော့တယ်။File Size : ( 1 GB , 286 MB ) Quality : WEB-DL 720p Running Time : 1 hr 55 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwinzawgyiဖစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။လူငယ်အကျဉ်းထောင်ကနေ ...
movie
Corpus Christi (2019)