Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eliza Dushku
6.1
Nobel Son (2007)
ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie
Nobel Son (2007)
7.2
True Lies(1994)
True Lies(1994)*************** Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် .......သမီးလေး Dana ရဲ့ ချစ်ဖေဖေ... ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး... ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ... အမှန်ကတော့.... Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ... Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ.. . ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်.. .ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်.. . ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးပေါ်လာပါတော့တယ်... ပြသနာအားလုံးကို အာနိုးကြီးဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး File Size…(3.4GB)(1.7GB)&(409MB) Quality…BluRay ...
movie
True Lies(1994)
1994
7.3
This Boy’s Life (1993)
This Boy's Life (1993)~ IMDb - 7.3/10, Rotten Tomatoes - 76% ~မျှော်လင့်ခြင်း ရွှေအတောင်ပံတွေ ဒဏ်ရာဗရပွနဲ့ မပျံနိုင်တော့တဲ့အခါ ပုန်ကန်စိတ်တွေ၊ မိုက်ရူးရဲခြင်းတွေနဲ့ ရွှေအတောင်ပံ တဖျတ်ဖျတ်ခတ်ခဲ့ဖူးကြတဲ့ လူငယ်ဘ၀တွေကို ပြန်မက်မောမိခဲ့ကြတာပေါ့။ လူငယ်ဘ၀တွေမှာတော့ ဒဏ်ရာတွေ ဘယ်လောက်ပဲများခဲ့ကြပါစေ အနာဂတ်ဆီ မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ပြီး ရွှေအတောင်ပံတွေ တဖျတ်ဖျတ်ခတ်နိုင်ခဲ့ကြတာပဲမလား။ ဒီရုပ်ရှင်ဟာ ပျိုမျစ်ခဲ့တဲ့တစ်ချိန်တစ်ခါဆီကို မျှော်ရည်ရင်း အားလုံးရဲ့ ရွှေအတောင်ပံတွေက ဒဏ်ရာတွေကို ပြန်ကောင်းလာဖို့ အထောက်အကူဖြစ်စေမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ လူငယ်လေးတစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်တွေ၊ မပြေမလည်မိသားစုထဲ ရခဲ့ဖူးတဲ့ ဒဏ်ရာတွေအကြောင်း၊ သူ့အိပ်မက်ကို သူမက်ခဲ့တဲ့အကြောင်းတွေပေါ့။ စာရေးဆရာရဲ့ငယ်ဘ၀မှတ်တမ်းကိုရေးထားတာကနေ ပြန်ရိုက်ထားတဲ့ကားဆိုတော့ လက်တွေ့ကျကျပါပဲ။မင်းသားတွေက ရောဘတ်ဒီနဲရိုးနဲ့ လီယိုနာဒိုပါ။ လီယိုနာဒိုဟာ ကလေးဘ၀ကတည်းက ပြောင်မြောက်ခဲ့တာကို သက်သေပြနေမယ့် ရုပ်ရှင်ဖြစ်သလို သူ့ပထွေးအဖြစ်သရုပ်ဆောင်တဲ့ ဒီနဲရိုးဟာ လူဆိုးဇာတ်ရုပ်မှာလည်း မညံ့တာ မြင်ရမှာပါ။ ...
movie
This Boy’s Life (1993)
1993
6.1
Wrong Turn Movies (1+2+3+4+5+6)
2003 ခုနှစ်ကနေစပြီး 6 ကားတိတိ ထွက်ရှိခဲ့တဲ့ Wrong Turn ဆိုတဲ့ ဇာတ်ကားဟာSaw ဇာတ်ကားလိုမျိုးပဲအောင်မြင်မှုတွေရရှိခဲ့ပါတယ်..သည်းထိတ်ရင်ဖိုကိုမှ ကြည့်ချင်နေတဲ့ သူတွေအတွက်တော့ ဒီ Wrong Turn ဇာတ်ကား 6 ကားစလုံးဟာ ဒီအရသာကိုပြည့်ပြည့်ဝ၀ ပေးစွမ်းနိုင်စွမ်းရှိပါလိမ့်မယ်..ဒါပေမယ့် ကလေးသူငယ်များ နဲ့ နှလုံးရောဂါအခံရှိသူများ ကြည့်ရှုဖို့တော့အဆင်မပြေနိုင်ပါ ....။အခုတင်ပေးထားတဲ့ဒီခြောက်ကားစလုံးအတွက် ဒေါင်းရတာ အဆင်ပြေအောင် ဖိုင်ဆိုဒ်အကြီး ( အကြည် ) တင်ပေးထားပါတယ်..အဆင်ပြေမယ်လို့မျှော်လင့်မိကြောင်းပါအညွှန်းကိုရေးရမယ်ဆိုရင် တစ်ကားကိုတစ်ခု ရေးရမယ်ဖြစ်ပြီး Post အရမ်းရှည်သွားမှာ ဖြစ်လို့ ကိုယ်တိုင်ပဲ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ခံစားကြည့်ရှုကြပါ ;)( ဒီဇာတ်ကားအတွက်စာတန်းထိုးဖိုင်ကို ကသာသားလေးမှ ပြုလုပ်ပြီး ကို ကျော်စွာဝင်းမှ Encoding ပြုလုပ်ပါသည် )
movie
Wrong Turn Movies (1+2+3+4+5+6)