Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elisabeth Granli
Something’s Gotta Give (2003)
ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ .......၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ...... မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .....ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie
Something’s Gotta Give (2003)
8.3
L.A. Confidential (1997)
L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie
L.A. Confidential (1997)
5.9
Lucky You (2007)
Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie
Lucky You (2007)