Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eli Wallach
7.5
How to Steal a Million (1966)
နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။နီကိုးလ်ရဲ့ အဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။တရက်မှာတော့ ...
movie
How to Steal a Million (1966)
7.0
Wall Street: Money Never Sleeps(2010)
Wall Street: Money Never Sleeps(2010)***********************************Shia LaBeouf နဲ့ Michael Douglas တို့လို ဆရာကြီးတွေအဓိကပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်... ဒီကားကတော့ 2008 ခုနှစ်တုန်းက ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါ Gordon Gekko ဆိုတဲ့လူဟာ အမှုတစ်ခုကြောင့် ချောက်ချခံခဲ့ရပြီး ထောင်ကျခံလိုက်ရပါတယ် ...အဲ့ဒီအတွက်သူဟာ သူ့မိသားစုအပေါ် တာဝန်တွေ လစ်ဟင်းသလိုဖြစ်ခဲ့ပြီး သားကိုလည်းဆုံးရှုံးခဲ့ရပါသေးတယ်... အဲ့ဒီအတွက်သူ့ရဲ့သမီးဖြစ်သူ Winnie Gekko ဟာ သူ့ကို စိတ်နာနေခဲ့တာပါ... တစ်နေ့ သူထောင်ကထွက်လာတဲ့နေ့မှာပဲ သူထောင်ထဲမှာရေးခဲ့တဲ့ စာအုပ်အတွက် ဟောပြောပွဲတစ်ခုကို လုပ်ခဲ့ပါတယ် ...ထိုပွဲကို သူ့သမီးရဲ့ချစ်သူ Jacob moore လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်... အဲ့ဒီကနေတစ်ဆင့် သူ့ရဲ့သမက်လာဖြစ်မယ့် Jacob moore ရဲ့ အကူအညီကို ယူပြီးသူ့သမီးနဲ့ဘယ်လို ပြန်အဆင်ပြေအောင် လုပ်မလဲ... သူ့ကို ချောက်ချခဲ့တဲ့လူကိုရော ဘယ်လိုပြန်လက်စားချေရမလဲဆိုတာကိုပါ ကြည့်ရှုရမှာပါ....File Size :(3.06GB)(1.01GB) and (378MB) Quality :BLU-RAY1080P5.1Ch,720p Format…mp4 Duration…02:13:00 Genre : Drama Subtitle : ...
movie
Wall Street: Money Never Sleeps(2010)
7.2
The Ghost Writer(2010)
The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့… File Size :(1.9GB) (714 MB) and (245 MB) Quality : ...
movie
The Ghost Writer(2010)
6.9
The Holiday (2006)
[Unicode]The Holiday (2006)အခုတလော အချစ်ကားလေးလည်းကြည့်ချင်တယ် drama တွေခင်းနေတာလည်းမကြိုက်ဘူး ဟာသလေးရော ပါချင်တယ် entertained လည်းဖြစ်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ ညွှန်းလိုက်ပါတယ်...British flim ဖြစ်ပြီး အချိန်အားဖြင့် christmas ကာလကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၃ နှစ်လောက်တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ကောင်လေးက စေ့စပ်သွားလို့ ပူဆွေးဝမ်းနည်းနေတဲ့ အင်္ဂလန်နိုင်ငံ surray မြို့က Irish ဆိုတဲ့ကောင်မလေးနဲ့... နှလုံးသားရေးရာမှာအဆင်မပြေ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ LA က Amanda ဆိုတဲ့ကောင်မလေးတို့ ခရစ္စမက်အားလပ်ရက်အပန်းဖြေခရီးအတွက် အိမ်ငှားတဲ့website တစ်ခုမှာ တွေ့ကြပါတော့တယ်...သူတို့ရဲ့ အချစ်ရေးပြဿနာတွေကနေလွတ်မြောက်အောင် မရောက်ဖူးတဲ့နေရာကိုသွားမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အိမ်ချင်းလဲပြီးနေမယ်လို့ သဘောတူလိုက်ပါတော့တယ် မမျှော်လင့်ပဲ local ကောင်လေးတွေနဲ့တွေ့ပြီး... သူ့တို့အတွက် တကယ်မှန်ကန်တဲ့လက်တွဲဖော် ရှာတွေ့သွားမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကလည်း ငြင်းရက်စရာမရှိတဲ့အပြင် စိတ်အပန်းပြေစေတဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် ။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် )Quality__720p IMDb Rating__6.9/10 Format__mp4 Duration__02:16:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Thinzar Oo Encoded by ...
movie
The Holiday (2006)
7.8
The Magnificent Seven (1960)
Magnificent Seven 1960IMDb 7.8ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် Seven Samurai ရုပ်ရှင်ကို အခြေခံပြီး ကောင်းဘွိုင်ဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်လည်း ဆုတွေအတော်ရခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အင်အား ၄၀ ကျော်ရှိတဲ့ ဓားပြအုပ်စုကြီးရဲ့ လုယက်အနိုင်ကျင့်မှုတွေကို မခံနိုင်တော့တဲ့ ရွာလေးတစ်ရွာက လယ်သမားတွေဟာ ရှိသမျှပစ္စည်းလေးတွေနဲ့ သူတို့ဘက်က ကာကွယ်ပေးမယ့် သေနတ်သမားတွေကို လိုက်ပြီးငှားရမ်းပါတယ်။စုစုပေါင်း ဒေါ်လာ ၂၀ ထဲနဲ့ သူတို့အတွက် အသေခံတိုက်ပေးမယ့် ထူးထူးခြားခြား သေနတ်သမား ၇ ယောက် ပေါ်ပေါက်လာတဲ့အခါ.....Tartee Poe ဘာသာပြန်ထားပါတယ်
movie
The Magnificent Seven (1960)
1960
7.6
The Godfather: Part III(1990)
The Godfather: Part III(1990) IMDb...7.6,,,,Rotten...67% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (3.21GBGB) and (1.55GB ) Quality : Blu-Ray 1080p 5.1CH,Blu-Ray 720p Format…mp4 Duration…02:42:00 Genre : ...
movie
1990
8.0
Mystic River(2003)
Mystic River(2003) IMDb....8.3,,,,Rotten...88%[{Director: Clint Eastwood} Zawgyi ဒီဇာတ်ကားကတော့ စာအုပ်လဲထွက်ထားပါတယ် ..... ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် ..... တော်တော်များများရုပ်ရှင်တွေက စာအုပ်ကိုမမှီဖူးလို့ဝေဖန်ခံရလေ့ရှိပါတယ် .... ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် .... သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ... Thriller fan တွေတကယ်ကိုလက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ.. ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါဒီကိစ္စထဲပါလာတယ်... တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ .... သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်.. နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ... သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ ... တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယ၀င်လာတယ်... ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်... ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့Sean Penn,Tim Robbins, Kevin Bacon တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်Jthekoala ပဲဖြစ်ပါတယ်... Unicodeဒီဇာတ်ကားကတော့ စာအုပ်လဲထွက်ထားပါတယ် .....ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် .....တော်တော်များများရုပ်ရှင်တွေက စာအုပ်ကိုမမှီဖူးလို့ဝေဖန်ခံရလေ့ရှိပါတယ် ....ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် ....သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ ...
movie
Mystic River(2003)
2003
8.8
The Good, the Bad and the Ugly (1966)
The Good, the Bad and the Ugly (1966) IMDb - 8.8/10_____Rotten - 97% "The Good, the Bad and the Ugly" ဆိုရင် မကြည့်ဖူးရင်နေမည် မကြားဖူးသူရှိမည်မထင်။ဇာတ်ကားစစချင်း မိတ်ဆက်ပေးလိုက်တာကတော့... The Good - ပိုက်ဆံများများရဖို့ ကြိုးစားနေတဲ့ လက်ဖြောင့်သေနတ်သမား Blondie The Bad - ပိုက်ဆံလက်ခံပြီးရင် ပြီးဆုံးအောင်တာဝန်ယူမယ့် ကြေးစားသူသတ်သမား Angel Eyes The Ugly - Wanted စာရင်းမှာ ပါတဲ့ ဥပဒေပြင်ပက သောက်ကျင့်မကောင်းတဲ့ တစ်ကိုယ်ကောင်းသမား TucoBlondie နဲ့ Tuco က ဂွင်ဖန်နေကြ ပါတနာတွေ။ Blondie လုပ်ရမှာက Tuco ကိုဖမ်းမယ် ရဲလက်အပ်မယ် ဆုငွေထုတ်မယ် ကြိုးစင်တင်တဲ့အချိန် နောက်ကွယ်ကနေ ကြိုးကို သေနတ်နဲ့ပစ်ပေးမယ် အဆင်သင့်ပြင်ထားတဲ့ ...
movie
The Good, the Bad and the Ugly (1966)
1966