Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elden Henson
6.0
Jobs (2013)
Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီးAugust 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့Apple Computer ကို စတင်တီထွင် ဖို့အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကိုသူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ...
movie
Jobs (2013)
Jaws: The Revenge (1987)
Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ...
movie
Jaws: The Revenge (1987)
6.6
The Hunger Games: Mockingjay – Part 2 (2015)
The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie
The Hunger Games: Mockingjay – Part 2 (2015)
2015
4K HEVC
6.6
The Hunger Games: Mockingjay – Part 1 (2014)
The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
4K HEVC
8.0
Killers of the Flower Moon (2023)
Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie
Killers of the Flower Moon (2023)
2023
4K HEVCHDR
7.8
Cast Away (2000)
2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Awayဇာတ်ကားမှာဆိုရင် မင်းသားကြီးTom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ.အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ်ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့်မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်...Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊Saving Private Ryan၊Catch Me If You Can၊The Green Mile၊Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင်ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့်ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင်ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်..တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူအဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်...အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ်သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင်မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီးသူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်...Cast Awayကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ ...
movie
Cast Away (2000)
2000
4K HEVC
6.7
Under the Tuscan Sun (2003)
ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီးဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလိုကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင်လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်းသူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံကအိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်းသူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင်တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံတွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီးရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Under the Tuscan Sun (2003)
7.1
Lords of Dogtown(2005)
Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Lords of Dogtown(2005)
6.2
Idle Hands (1999)
Idle Hands (1999)1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစားပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်...ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ဒီလိုနဲ့ ...
movie
Idle Hands (1999)
1999
7.6
The Butterfly Effect (2004)
The butterfly effectButterfly effect ဆိုတာကတော့အသေးအမွှားလေးပြောင်းလဲလိုက်ရာကနေ ထင်မထားဘဲ ကြီးကြီးမားမားပြောင်းလဲကုန်တာမျိုးပါ။ Evan ဟာငယ်စဉ်တည်းက စိတ်ထိခိုက်စရာ တခုခုကြုံတွေ့ရတိုင်း blackout(မှတ်ဉာဏ်ပျောက်) သွားတတ်ပြီး ဖြစ်ပြီးတော့မှ သတိပြန်လည်လာတတ်ပါတယ်။ဆရာ၀န်တွေနဲ့သူ့အမေကတော့ စိတ်ရောဂါတစ်ခုလို့ထင်ပြီး သူ့မှတ်ဉာဏ်အတွက်အထောက်အကူဖြစ်စေဖို့ နေ့စဉ်မှတ်တမ်းရေးခိုင်းပါတယ်။သူကြီးပြင်းလာချိန်မှာတော့ ငယ်ငယ်ကရေးခဲ့တဲ့နေ့စဉ်မှတ်တမ်းကိုပြန်ဖတ်ရင် သူအရင်ကသတိလစ်နေခဲ့တဲ့အချိန်ကို ပြန်ရောက်သွားတာကို သိလိုက်ရပါတယ်။Evan ဟာအဲဒီအစွမ်းကိုအသုံးချပြီး သူနဲ့သူ့သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့အတိတ်က တုန်လှုပ်စရာအဖြစ်အပျက်တွေကိုပြန်ပြင်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် Butterfly effect ဆိုတဲ့အတိုင်း ပြင်လိုက်တဲ့အခေါက်တိုင်းမှာ မလိုလားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။ Evan တစ်ယောက်သူနဲ့သူချစ်ရသူတွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စားမလဲဆိုတာ ကြည့်ရှုရမှာပါ။Final destination ရုပ်ရှင်တွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Eric Brass နဲ့J Mackye Gruber တို့ရိုက်ကူးထားပြီး Ashton Kutcher,Amy Smart, William Lee Scot တို့ပါဝင်ထားပါတယ်။Time travel ကိုစိတ်၀င်စားသူတွေအတွက် Cult-Classic ကားလေးပါ။ File size…(2.79GB)/(1.54Gb)/(779Mb) Quality….Webrip 1080p / 720p / ...
movie
The Butterfly Effect (2004)
6.2
Turner & Hooch (1989)
ဟောင်းပေမဲ့ ကောင်းတယ်ဆိုတာ ဒါမျိုးဗျ..။အဓိကဇာတ်ကောင်ပါတဲ့ ပိုစတာကို မြင်ပြီးရင်တော့ အထူးတလည် ညွှန်းစရာလိုမယ် မထင်ဘူး..။Tom Hanks ဆိုတာ ဂန္တဝင်ရယ်လို့ Legendary သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်လာပြီးမှ ဟိုးရှေးရှေးတုန်းက ငယ်ရွယ်တဲ့ Tom Hanks ကို ပြန်ကြည့်ရတာလည်း အရသာတစ်မျိုးပဲ..။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုမကတဲ့ အချိန်လောက်တုန်းက ရုပ်ရှင်ဆိုပေမဲ့လည်း အခုနေ ပြန်ကြည့်မိလည်း ဇာတ်ကြောင်းက ကျေနပ်စရာကောင်းသေးတယ်ဗျ..။အိမ်မွေးတိရစ္ဆာန်လေးတွေဆီကရတဲ့ စိတ်ဒုက္ခ..၊ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေနဲ့ ကြည်နူးစရာ မေတ္တာတရားတွေကို ရယ်စရာ မောစရာတွေနဲ့ ရောပြီး ကြည့်ရှုနိုင်ပါမှာ..။အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့လူတွေကတော့ ဒီချိုမြတဲ့ဒုက္ခတွေကို ကောင်းကောင်းကြီး နားလည်နိုင်မှာ အသေအချာ..။ကမ်းခြေမြို့သေးသေးလေးတစ်ခုမှာ စုံစမ်းစစ်ဆေးရေးမှူးလုပ်နေတဲ့ မစ္စတာ တန်နာ တစ်ယောက် တခြားမြို့ကို သိပ်မကြာခင် ပြောင်းရွေ့ရတော့မယ့် ရက်ပိုင်းအတွင်းမှာမှ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတချို့နဲ့.. ဒီကိစ္စရပ်တွေကနေ ဆက်ပြီးတော့ ဖြစ်ပျက်လာမယ့် မှုခင်းဆက်စပ်မှုတွေ..။အရာအားလုံးကို တိကျ ၊ သေချာ ...
movie
Turner & Hooch (1989)
7.0
Déjà Vu (2006)
Déjà Vu (2006) IMDb - 7.0/10_____Rotten - 55% 2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie
Déjà Vu (2006)
2006