Channel Myanmar

Elaine Hendrix

Beverly Hills Chihuahua 2 (2011) 5
Beverly Hills Chihuahua 2 (2011) Beverly Hills 2 (2011) အညွှန်းဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ......ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt
movie

Beverly Hills Chihuahua 2 (2011)

The Parent Trap (1998) 6.6
The Parent Trap (1998) The Parent Trap (1998)~ IMDb - 6.6/10, Rotten Tomatoes - 86% ~လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ဒါပေမ‌ဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း ‌သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ ...
movie

The Parent Trap (1998)

1998
Adopt a Highway (2019) 5.6
Adopt a Highway (2019) အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့Dramaကားသစ်တစ်ကားပါ။အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီးအဲ့အချိန်ကပြည်နယ်တစ်ချို့မှာလက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီးတတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေနှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်ကမူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီးထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှတကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။The Shawshank Redemptionထဲက"Brooks was here"ဆိုတာလေးကိုတောင်သတိရသွားမိတယ်။ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တွယ်တာစရာမရှိတဲ့လူတစ်ယောက်စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့......ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။ File Size : ( 762 MB ...
movie

Adopt a Highway (2019)

2019