Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eka Tioda
5.0
24 Jam Bersama Gaspar (2024)
24 Hours with Gaspar (2024) ========================= Original Title: 24 Jam Bersama Gaspar Genre – Action, Crime, Dramaဂက်စပါဆိုတာ ငယ်စဉ်ကတည်းက မိဘတွေမရှိပဲ အဖိုးကြီးတစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းခဲ့ရတဲ့ အလွတ် စုံထောက်တစ်ယောက်ပါ။ ငယ်စဉ်ကတည်းက စုံထောက်ဝတ္ထုတွေ ဖတ်ပြီး ရူးသွပ်ခဲ့လို့ ကြီးတော့လည်း ဆက်လုပ်နေတာပေါ့။ သူ့မှာ ထူးခြားတာက သူ့ နှလုံးက ဘယ်ဖက်မှာမရှိပဲ ညာဖက်မှာပဲ ရှိနေတာပါ အဲဒါလေးကို စက်အထိန်းလေးနဲ့ ထိန်းထားရတာပေါ့။ ဒီလိုနဲ့ လူအများအပြား သေဆုံးမှုတစ်ခုနောက်ကို အမှုလိုက်ရင်း သူ ငယ်စဉ်တုန်းက အင်မတန်ချစ်ခင်ရတဲ့ ငယ်သူငယ်ချင်း ထူးခြားစွာ ပျောက်ဆုံးနေတဲ့အမှုနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်ခေါင်းဆောင်တစ်ယောက်ကို ခြေရာခံမိသွားပါတော့တယ်။ ဒီမှာတင် နှလုံးက အထိန်းက စက်ချို့ယွင်းခဲ့ပြီး အသက်ရှင်ဖို့ ၂၄ နာရီပဲ လိုတော့မယ့်အချိန် အဲဒီလူဆိုးခေါင်းဆောင်ကြီးကို လက်စားချေဖို့ ...
movie
24 Jam Bersama Gaspar (2024)
5
24 Hours with Gaspar (2024)
24 Hours with Gapar (2024)ဒီရုပ်ရှင်ကို အင်ဒိုနီးရှား ဒါရိုက်တာက ရိုက်ကူးပြီး Netflix က ဖြန့်ချီပေးထားတာပါ။ IMDb rating – 5/10 ရရှိထားပါတယ်။ အရာရာပျက်ဆီးနေတဲ့ အနာဂတ် ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး တမူထူးခြားတဲ့ Action, Drama, Crime ဇာတ်လမ်းမျိုးကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စပါဆိုတဲ့ စုံထောက်တစ်ယောက်ဟာ နှလုံးက ညာဖက်မှာ ရောက်နေပြီး အသက်ရှင်ဖို့ အချိန် ၂၄ နာရီပဲ ကျန်ပါတော့တယ်။ အဲတော့ သူ မသေခင်လေးမှာပဲ ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ကီရာနာ့ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စုံစမ်းရင်း ဝမ်အာလီဆိုတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ ဂတ်စပါလည်း အဖွဲ့တစ်ဖွဲ့စုပြီးတော့ ဝမ်အာလီ့ဆိုင်ကို ဝင်လုဖို့လုပ်ပါတယ်။ ဂတ်စပါဟာ ငယ်ငယ်က နားထောင်ခဲ့တဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်သူ ဖြစ်ပြီးတော့ ဝမ်အာလီ့ဆီမှာ ရောက်နေတဲ့ ဘူးအနက်လေးဟာ ဆုတောင်း ပြည့်အောင် လုပ်ပေးနိုင်မယ်လို့ ထင်မြင်နေပါတယ်။ ...
movie
24 Hours with Gaspar (2024)
2024
6.5
Qodrat (2022)
Qodrat (2022)ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Qodrat (2022)
2022