Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eileen Atkins
5.7
Ask the Dust (2006)
ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ...
movie
Ask the Dust (2006)
7.2
The Scapegoat (2012)
The Scapegoat (2012) ================= IMDb Rating - 7.2/10ဂျွန်စတန်းဒင်းဆိုသူက ကျောင်းဆရာအလုပ်ကထွက်ပြီး ခြေဦးတည့်ရာ သွားဖို့ စိတ်ကူးထားသူဖြစ်တယ်။ အလုပ်ထွက်ပြီးညမှာပဲ အရက်ဆိုင် တစ်ဆိုင်မှာ သူနဲ့ချွတ်စွပ်တူတဲ့ ဂျွန်နီစပန့်ဆိုတဲ့ သူဌေးသားတစ်ယောက်နဲ့ မထင်မှတ်ဘဲတွေ့မိပြီး စကားလက်ဆုံပြောဖြစ်ကြတယ်။ ဂျွန်တစ်ယောက် နောက်နေ့မနက် အိပ်ရာကနိုးလာတဲ့အချိန်မှာ သူ့အဝတ်အပါအဝင် ပါလာ တဲ့ပစ္စည်းတွေအားလုံးအခိုးခံလိုက်ရတာကို သိလိုက်ရတယ်။အဲ့အချိန်မှာပဲ ဂျော့ဂ်ျဆိုတဲ့ ကားဒရိုင်ဘာက သူ့ကိုအိမ်ပြန်ပို့ပေးဖို့ ပြောလာ ပါတယ်။ ဘာမှမသိတဲ့ ဂျွန်တစ်ယောက် ဒရိုင်ဘာခေါ်သွားရာနောက်ကို လိုက် သွားပြီးနောက်မှာသိလိုက်ရတာက သူ့ကို သူဌေးသား ဂျွန်နီအဖြစ်အထင်မှား နေကြတယ်ဆိုတာပါပဲ။ အထင်မှားတဲ့လူတွေကတော့ အခြားတော့မဟုတ် စပန့်စံအိမ်ကြီးထဲက အိမ်သားတွေပဲဖြစ်တယ်။ ဘဝချင်းအလဲခံလိုက်ရတဲ့ ဂျွန်တစ်ယောက် စပန့်စ်စံအိမ်ကြီးထဲမှာ ဘယ်လိုရှင်သန်မလဲ၊ နောက်ပြီး အဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို ဘယ်လိုဦးစီးပြီး သူ့နဂိုဘဝကိုပြန်သွားဖို့ ဘယ်လိုအဖြေရှာလဲဆိုတာကို ၁၉၅၇ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပုံဖော်ထားးတဲ့ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.42 GB) / (461 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant ...
movie
The Scapegoat (2012)
2012
The Hours (2002)
2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia ...
movie
The Hours (2002)
6.7
Robin Hood (2010)
Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး.. File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Robin Hood (2010)
5.8
What a Girl Wants(2003)
ဒက်ဖနီဆိုတဲ့ကောင်မလေးက ငယ်စဉ်ကတည်းက အဖေ့ကိုတွေ့ဖို့မျှော်လင့်ရင်းကြီးပြင်းလာခဲ့ရသူပါ သူ့အဖေနဲ့အမေကတော့ အဆင့်အတန်းကွာခြားမှုတွေကြား ဝေးကွာသွားခဲ့ရသူတွေပါ သူ ၁၇ နှစ်ပြည့်တော့ အဖေဖြစ်သူ တော်ဝင်မျိုးနွယ်အမတ်ဒက်ရှ်ဝုဒ်ကိုတွေ့ဖို့လိုက်လာခဲ့ပါတယ် သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံစံနဲ့ တော်ဝင်အနွယ်တို့ရဲ့ဣန္ဒြေကြီးမားတဲ့ပုံစံတွေကြား ကွာခြားမှုတွေ ကြောင့် သတင်းစာတွေထက်အတင်းအဖျင်းတွေပြောခံခဲ့ရတယ် အဖေ့မှာစေ့စပ်ထားသူတစ်ယောက်ရှိနှင့်နေပြီး သူ့မှာကလည်းသမီးတစ်ယောက်ရှိနေပါတယ်သူတို့ကလည်းစင်ဒရဲလားပုံပြင်လေးလိုပဲ ဒက်ဖနီအပေါ်အကွက်ချမကောင်းကြံပြီး အမေရိကန်ဆီပြန်ပို့ချင်နေတာပါ ဒက်ဖနီဟာ အဖေဖြစ်သူကိုချစ်တဲ့စိတ်ကြောင့် သူ့ကိုယ်သူပြောင်းလဲရင်း ချစ်ရသူအီရန်နဲ့လည်းဝေးသွားခဲ့ရတယ် တဖြည်းဖြည်းချင်းအဆင်မပြေမှုတွေကြားသည်းခံနေရရင်း သူ့ဘဝအမျှော်လင့်ဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့တွဲကဖို့ကို အမေပါသမီးကလာဆီရာကလုသွားတာမြင်လိုက်ရချိန်မှာ သူသည်းမခံနိုင်တော့ပါဘူး သူနဲ့ ချစ်သူအီရန်ပြန်ပေါင်းထုပ်နိုင်မလား ဖခင်ဒက်ရှ်ဝုဒ်ကရော သမီးနဲ့ဂုဏ်ဒြပ်တွေကြားဘာကိုရွေးချယ်မလဲ ဒက်ဖနီလိုချင်ခဲ့ရတဲ့အိပ်မက်တွေကိုရော တကယ်ရလာပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ File size…(2.14GB)/(1.11GB)/(571MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Comedy, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw
movie
What a Girl Wants(2003)
6.6
Ballet Shoes (2007)
"Dream will come true အိပ်မက်တွေ အကောင်အထည်ပေါ်လာမှာပါ "လူမျိုးမတူ လာခဲ့နေရာမတူတဲ့ မိဘမဲ့မွေးကင်းစ ကလေးမလေး သုံးယောက်ကို Sylviaရဲ့ဦးလေးဖြစ်သူက Sylvia ဆီကို ခေါ်လာပါတယ် Sylvia ကိုယ်တိုင်ကလည်း မိဘမဲ့တစ်ယောက်ပါ တစ်ချိန်လုံးခရီးထွက်နေတက်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်ဦးလေးဖြစ်သူရဲ့ အိမ်ကြီးမှာ ကလေးထိန်းNana နဲ့အတူ နေရတာပါ သူမလည်း သူမ ဦးလေးလိုမျိုး ကျောက်ဖြစ်ရုပ်ကြွင်းဗေဒနဲ့ ဘွဲ့ရခဲ့ပေမယ့် ကလေးတွေကြောင့် ရည်မှန်းချက်တွေကို စွန့်လွှတ်ထားရပါတယ် အငယ်ဆုံးကလေးPosy Fossil လေးကို ဘဲလေးဖိနပ်တစ်ရံနဲ့အတူ ပါဆယ်နဲ့ထည့်ပေးလိုက်တဲ့ အချိန်ကတည်းကနေ ဦးလေးပြန်မလာတာ ၁၂နှစ်ရှိပြီဘဏ်မှာ ဦးလေးထားခဲ့ပေးတဲ့ ၅နှစ်စာငွေကလည်း ကုန်ပြီ အိမ်မှာ အဆောင်ငှားထားပေမယ့် အိမ်အိုကြီးကို ပြင်ရတဲ့ စရိတ်က မကာမိဘူး ကလေးတွေကလည်း ရည်မှန်းချက်တွေကိုယ်စီနဲ့ အရွယ်ရောက်လာခဲ့တယ် Sylvia က ကလေးတွေနဲ့ ဝင်ငွေတွက် ကျောင်းတက်ရင်း ဝင်ငွေရမယ့် အနုပညာ ကျောင်းကို ညီအစ်မတွေကို ပို့လိုက်ပါတယ်သူတို့လေးတွေရဲ့ ရည်မှန်းချက်တွေက မြင့်မားလွန်းတာမို့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ပေးဖို့ Sylvia ...
movie
Ballet Shoes (2007)
7.2
Cold Mountain 2003
Cold Mountain(2003) ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold အနေနဲ့ အရမ်းကောင်းတဲ့ ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင် Jude Lewနဲ့ Nicole Kidman တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ Cold Mountain ဆိုတဲ့ ဒီကားလေးဟာ Imdb Rating 7.2/10 Rotten Tomatoes 71% တောင်ရရှိထားတဲ့ကားလေးပါ။ ဇာတ်ကားလေးကတော့ ကိုးမောင်တိန်လို့ ခေါ်တဲ့မြို့လေးကနေ အခြေတည်ထားတာပါ။ကျွန်စနစ်ဖျက်သိမ်းရေးပေါ် အငြင်းပွားပြီးမြောက်ပိုင်းနဲ့တောင်ပိုင်း ပြည်တွင်းစစ်အတွက် တိုက်ခိုက်ဖို့မြို့ထဲမှာရှိတဲ့ ယောကျာ်းသားတွေ အရမ်းစိတ်အားတက်ကြွနေတဲ့အချိန်လေးပေါ့။အဲဒီကိုးမောင်တိန်မြို့လေးကို ဘုန်းတော်ကြီးတစ်ပါးနဲ့သူ့သမီးလေးဖြစ်သူ အေဒါက ပြောင်းလာခဲ့ပါတယ်။ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ စစ်ပွဲတွေက စတင်ကာအင်းမန်းတို့ စစ်တိုက်ထွက်ရပါတော့တယ်။အင်းမန်းနဲ့ အေဒါတို့မှာအတူတူရှိချိန်နည်းပါးခဲ့ပေမယ့် ကျွန်မစောင့်နေမယ်ဆိုတဲ့ ကတိလေးကတစ်ဘ၀လုံးစာအတွက်လုံလောက်သွားခဲ့သလိုပါပဲ။အေဒါကအခက်အခဲတွေကြားက အင်းမန်းပြန်အလာကိုစောင့်နေခဲ့ပါတယ်။ဒါပေမယ့် စစ်ပွဲကထင်သလိုဖြစ်မလာခဲ့ပဲ နှစ်များစွာကြာလာခဲ့ပါပြီ။စစ်ပွဲကနေ ထွက်ပြေးတဲ့သူတွေကိုလည်း မြို့စောင့်တပ်တွေက ခွေးတစ်ကောင်လို သတ်ဖြတ်ပစ်နေတဲ့အချိန်ဖြစ်လာပါတယ်။ချစ်ရတဲ့သူတစ်ယောက်တည်း စောင့်မျှော်နေတာကိုသိနေရတဲ့ အင်းမန်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? မိုင်ပေါင်းထောင်ချီေ၀းကွာနေတဲ့ ကိုးမောင်တိန်ကိုပြန်ရောက်နိုင်မှာလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။လွမ်းမောဖွယ် ချစ်ခြင်းမေတ္တာနဲ့ စစ်အတွင်းအခြေအနေတွေကို ...
movie
Cold Mountain 2003
8.2
Paddington 2 (2017)
ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ဘရောင်းမိသားစုကလည်း ပက်ဒင်တန် ...
movie
Paddington 2 (2017)
2017