Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eijirō Tōno
7.8
Good Morning (1959)
အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ...
movie
Good Morning (1959)
8.2
Yojimbo (1961)
IMDb rating - 8.2ဒီရုပ်ရှင်ကတော့ ဂျပန်ဂန္တဝင်ဒါရိုက်တာ Kurosawa Akira ရဲ့ နာမည်ကျော်လက်ရာဖြစ်တဲ့ Yojimbo ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လိုရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့Kurosawa ရဲ့ ၂၁ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံးရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်တိုင်းရုပ်ရှင်တွေအပေါ်မှာ လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်ကျော်ကောင်းဘွိုင်ဇာတ်ကောင် The Man with No Name ကနေ Star Wars နဲ့ Last ...
movie
Yojimbo (1961)
8.4
High and Low (1963)
High and Low (1963)~ IMDb - 8.4/10, RT - 96%, Meta - 90% ~အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ...
movie
High and Low (1963)
1963
8.2
Tokyo Story (1953)
Tokyo Story (1953) ~ IMDb - 8.2/10, RT - 100%, Meta - 100% ~မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ ...
movie
Tokyo Story (1953)
1953
8.6
Seven Samurai (1954)
Seven Samurai (1954) IMDb - 8.6/10_______R0tten - 100% ၁၉၅၄ ခုနှစ်က ထွက်ခဲ့တဲ့ ဂျပန်ကားတစ်ကားကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးကားတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ နှောင်းခေတ်ရုပ်ရှင်တွေဟာလည်း ဒီရုပ်ရှင်ကနေ ပညာတွေအများကြီးယူကြရတယ်လို့ ပြောကြတယ် (ဘာတွေလဲတော့ နားမလည်ပါဘူး)။ ဒီရုပ်ရှင်ရဲ့ဘတ်ဂျက်ကတော့ အဲဒီခေတ်အခါကဆို အတော်မာျးပါတယ်။ ရုပ်ရှင်ကားကြီးတွေကို $70000 လောက်နဲ့ ရိုက်နေကြချိန်မှာ ဒီရုပ်ရှင်ရဲ့ ဘက်ဂျက်ဟာ $ 500 000 ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်ကူးချိန်လည်း ကြာလွန်းတော့ ပရိုဂျူဆာတွေက ၂ ခါတိတိ ပိတ်ချခဲ့ပါတယ်။ ဒါရိုက်တာ အကီရာ ကူရိုဆာဝါကတော့ ပိတ်ချခံရတိုင်း ငြင်းခုံမနေဘဲ အသာလေး ငါးမျှားထွက်သွားလိုက်တာပါပဲ။ ပရိုဂျူဆာတွေ ပြန်လိုက်ခေါ်မယ်ဆိုတာ သိပြီးသားမို့ပါ။ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကလည်း အဲဒီခေတ်အခါကဆို All stars လို့ပဲ ပြောရပါလိမ့်မယ်။ သုံးနာရီကျော်ကြာတဲ့ ဒီအဖြူအမည်းရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးက နှစ်သက်လက်ခံတဲ့ ရုပ်ရှင်ကြီးတစ်ခုဖြစ်လာခဲံ့ပါတယ်။ ဒီရုပ်ရှင်ကို မှီးပြီး ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင် Magnificent seven ...
movie
Seven Samurai (1954)
1954