Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eha Urbsalu
7.5
Still Alice (2014)
အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး ...
movie
Still Alice (2014)
The Sixth Secret (2022)
ဆုပေါင်း ၁၄ ဆုအထိရရှိထားတဲ့ Comedy/Horror/Mystery အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါရိုက်တာ Mart Sander ရဲ့လက်ရာကောင်းတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဇာတ်ကားရဲ့ နာမည်အတိုင်း လျှို့ဝှက်ချက် ခြောက်ခုကို တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားတာမျိုးပေါ့ဇာတ်အိမ်ကလေးကတော့ ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီး ချိတ်ဆက်စကားပြောပေးတဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ မဒမ်အော်လော့ဖ်စကီ ဟာ အမြဲတမ်း လူ ၁၂ ယောက်ပါဖို့ သတ်မှတ်ထားတဲ့စားပွဲပေါ်မှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိချင်တဲ့ လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီးတော့ တမလွန်က ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးတာပေါ့။ဒါပေမယ့် တစ်နေ့မှာတော့ အဲလို စုဝေးပွဲမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကြီးတစ်ခုလုံးကို အစကနေ အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသပေးသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
The Sixth Secret (2022)
7.3
Okja (2017)
ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း ...
movie
Okja (2017)
2017