Channel Myanmar

Efthimis Chalkidis

Rise (2022) 7.2
Rise (2022) Rise (2022)==========IMDb Rating  7.2/10Disney +က​နေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးချင်ပါတယ်။ IMDb ratingမှာ 7.2 ရရှိထားပါတယ်။နိုင်ဂျီရီးယားနိုင်ငံက​နေ "တစ်ရွာမ​​ပြောင်း သူ​ကောင်းမ​ဖြစ်"ဆိုတဲ့ စကားနဲ့အညီ ဂရိနိုင်ငံကို ​ရွေ​ပြောင်းလာကြတဲ့ ချားစ်နဲ့ ဗာရိုနီကာ အဒီတိုကွန်ဘို လင်မယား၂​ယောက်ဟာ သား၄​ယောက်နဲ့ အတူတူ တရားမဝင်နိုင်ငံသားဖြစ်​ရတဲ့ ဒုက္ခ​တွေကို ခါးစည်းခံ​နေကြတာပါ။ ဒီထဲကမှ အကြီးဆုံးသား၂​ယောက်ဖြစ်တဲ့ သန်နာဆစ်နှင့် ဂီယန်နစ် ၂​ယောက်က ဘတ်စကတ်​ဘောကို အ​တော်​ဝါသနာကြီးပြီး အဆင့် တစ်ခု​ရောက်​အောင် ကြိုးစား​နေသူ​တွေပါ။ အစ်ကို သန်နာဆစ်က ပါရမီရှိပေမယ့် ဒဏ်ရာ​​ကြောင့် ​တက်လမ်း​နှောင့်​နှေးသွားပါတယ်။ညီဖြစ်တဲ့ ဂီယန်နစ်က​တော့ ဘတ်စကတ်​ဘောမှာ လုံးဝထူးချွန်သူ မဟုတ်​ပေမယ့် ကြိုးစားမှုနဲ့အတူ ​​အေးဂျင့်​တွေ စိတ်ဝင်စားတာကို ရထားသူပါ။ ဒါ​ပေမဲ့ တရားဝင်နိုင်ငံသားမဟုတ်တဲ့ ပြဿနာ​တွေ ၊ အဆက်အသွယ်မရှိတဲ့ ပြဿနာ​အပြင် နိုင်ငံရပ်ခြားမှာ မိသားစုနှင့် ခွဲခွာကစားရမယ့်အဖြစ်က​နေ ကမ္ဘာ​ကျော် NBA ပြိုင်ပွဲလူ​​​ရွေးပွဲကို ကံကြမ္မာရဲ့ ​ဖေးမမှုနဲ့အတူ ဝင်​ရောက်ခွင့်ရသွားပါတယ်။ ရလာတဲ့ အခွင့်အ​ရေးကို ဂီယန်နစ်အသုံးချနိုင်မှာလား၊ သူ​ခါးစည်းခံထားတဲ့ မိသားစုပြဿနာ​တွေကို ဘတ်စကတ်​ဘောသမားဘဝက ​ဖြေရှင်း နိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ဒီကားထဲက အန်တီတိုကွမ်ပိုညီအစ်ကို​တွေဟာ ...
movie

Rise (2022)

2022