Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Edward Baker-Duly
5.5
Blackwater Lane (2024)
မကြာသေးခင်ကမှထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ်လူသတ်တရားခံ ရှာပုံတော်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင်နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာတော့သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးကBlackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက်ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံးတာမျိုးတွေပါဖြစ်လာပါတယ်။တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိ ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်းလိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့်ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီးတစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်းညွှန်းဆိုလိုက်ပါစေ။ File size…1.49GB / 623MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie
Blackwater Lane (2024)
7.1
The Boys in the Boat (2023)
The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie
The Boys in the Boat (2023)
2023
4K HEVC
6.7
The Velveteen Rabbit (2023)
The Velveteen Rabbit (2023) ====================== IMDb Rating - 6.7/10Margery Williams ရဲ့ the Velveteen Rabbit စာအုပ်ကို မှီငြိမ်း ရိုက်ကူးထားတဲ့ ခရစ်စမတ် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ဖြစ်ပြီး Toy Story တို့ Enchanted တို့လို vibe မျိုး ပေးမဲ့ ဇာတ်ကွက်မျိုး ဖြစ်ပါတယ်။တစ်ခါသော ခရစ်စမတ်မှာ ဝီလီယံလေးဟာ သူချစ်တဲ့ သူငယ်ချင်း တွေရှိရာ အရပ်ဒေသကနေ အဝေးတစ်နေရာကို ပြောင်းရွှေ့လာခဲ့ရ ပါတယ်။ နေရာသစ်မှာ သူငယ်ချင်းမရဘဲ အဖော်မဲ့နေတဲ့ ဝီလီယံတစ် ယောက် ခရစ်စမတ်မှာ သူ့အတွက် အဖော်မွန်ကောင်း ဖြစ်လာမဲ့ ယုန် ရုပ်လေး တစ်ရုပ်ကို လက်ဆောင်ရလိုက်ပါတယ်။ဒီလိုနဲ့ ယုန်လေးဟာ သူ့ရဲ့ ကစားဖော်၊ စကားပြောဖော်၊ အိပ်ယာဝင် ချိန်ရဲ့ သူငယ်ချင်းအဖော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အချိန်တွေ ကြာလေ ဒီယုန်ရုပ်လေးနဲ့ ဝီလီယံဟာ ခွဲခွါမရ တစ်သားတည်းဖြစ်လာ ကြတယ်။ စွန့်စားခန်းထွက်ဖော်တွေ ဖြစ်လာကြပါတော့တယ်။ ကလေး တစ်ဦးရဲ့ အထီးကျန်မှုနဲ့ သူချစ်တဲ့ ယုန်ရုပ်လေးတစ်ရုပ်ရဲ့ ...
movie
The Velveteen Rabbit (2023)
2023