Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eduwart Manalu
The Train of Death (2024)
သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
The Train of Death (2024)
6.1
One Night Stand (2023)
ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ကားလေးပါဇာတ်လမ်းရဲ့နာမည် one night stand ဆိုတဲ့အတိုင်းပဲ တစ်ရက်တည်းအတွင်းဖြစ်ပျက်တာတွေကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် လူငယ်ပီပီ ကြုံလာရတဲ့ဘဝအခက်အခဲ၊ အချစ်ရေးစတဲ့အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ရိုက်ကူးထားတဲ့အတွက် အချိန်ကုန်ရကျိုးနပ်မဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် File size…(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Minhtike
movie
One Night Stand (2023)
Anwar: The Untold Story (2023)
Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie
Anwar: The Untold Story (2023)
2023
5
Deadly Love Poetry(2022)
IMDb Rating/(5.0)Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွလေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကားလုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ ...
movie
Deadly Love Poetry(2022)
6.5
Qodrat (2022)
Qodrat (2022)ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Qodrat (2022)
2022
7.4
Homecoming (2019)
Homecoming (2019)Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… ...
movie
Homecoming (2019)
2019