Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Edith Evanson
7.1
Marnie (1964)
၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ ...
movie
Marnie (1964)
7.9
Rope (1948)
"ကြိုး"ကြိုးလေး တစ်ချောင်းက လူတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲသွားစေမယ်ဆိုရင် သင် လက်ခံနိုင်ပါ့မလား။ 1948 ကဇာတ်ကားဆိုတော့ ဒီဘက်ခေတ်က လူတွေနဲ့ အလှမ်းဝေးတဲ့ ကာလာတစ်ခုက ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူး။ ဒါပေမယ့် IMDB နဲ့ Rotten Tomato မှာ rating တော်တော်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Director Hitchcock ရဲ့ ပထမဆုံး Technicolor နဲ့ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။သူငယ်ချင်းနှစ်ယောက်ဟာ Nietzchean Theory (နီချေး သီအိုရီ) ကို သဘောကျပြီး လောကမှာ လူ့အဆင့်အတန်း နှစ်မျိုးနဲ့ ဘယ်သူကတော့ ဘယ်သူ့ကို သတ်ခွင့်ရသင့်တယ်ဆိုတဲ့ အယူကို လက်တွေ့ဘဝထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ကျူးလွန်ခဲ့တာကို ဘယ်လိုရှောင်တိမ်းမလဲ။ လွတ်သွားမှာလား မိသွားမှာလားဆိုတာကို ဇာတ်သိမ်းခန်းအထိ စိတ်ဝင်တစား ကြည့်ရမှာဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ Leopold နဲ့ Loeb အမှုကို အခြေခံယူထားတဲ့ ဒီကားမှာ ...
movie
Rope (1948)