Channel Myanmar

Edin Hasanović

Blame the Game (2024)
Blame the Game (2024)   Netflix ကနေ အသစ်ထွက်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့ ယန် နဲ့ ပီယာတို့က ပန်းခြံထဲမှာခွေးကျောင်းရင်း ဆုံမိကြပြီး ချစ်ကြိုက်သွားကြတဲ့စုံတွဲတစ်တွဲပေါ့။ ယန်က စက်ဘီးအရောင်းဆိုင်ဖွင့်ထားပြီး ပီယာကတော့ ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ ပီယာက ယန်ကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှစ်တိုင်းလုပ်လေ့ရှိတဲ့အစီအစဉ်တစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။ဒီအစီအစဉ်ကတော့ မိုနိုပိုလီတို့ ဘလက်ဂျက်တို့လို ကဒ်တွေနဲ့ကစားရတဲ့ကစားနည်းတွေကို သူငယ်ချင်းတစ်စု အတူကစားကြတာပါ။ ထူးခြားတာက ပီယာရဲ့သူငယ်ချင်းတွေက ဆွေကြီးမျိုးကြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကလူတွေပါ။ သာမန်အလယ်အလတ်တန်းစားထဲကဖြစ်တဲ့ ယန်တစ်ယောက် ပါတီလုပ်မယ့်နေရာကိုရောက်သွားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာကြီးတစ်ခုထပ်ဖြစ်လာပါတယ်။ ဒါကတော့ ပီယာရဲ့ရည်းစားဟောင်းဖြစ်သူပါ ရောက်ချလာတာပါ။ဒီလိုနဲ့ ယန်တစ်ယောက် ပီယာရဲ့သူငယ်ချင်းတွေအကြားမှာရော ရည်းစားဟောင်းအရှေ့မှာပါ နေရထိုင်ရခက်ပေမဲ့ ဟန်မပျက်ဘဲ ဂိမ်းကစားပွဲညကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရင်းကနေပဲ တလွဲတချော်တွေစဖြစ်လာတော့ပါတယ်။ ဇာတ်အိမ်ပိုင်း ၊ သရုပ်ဆောင်ပိုင်းတွေက အဆိုးကြီးမဟုတ်ဘဲ လက်ခံလို့ရပြီး ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုမယ်ဆိုရင်တော့ သင့်တော်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.49 GB)/(788 MB) Quality….Webrip 1080p / ...
movie

Blame the Game (2024)

All Quiet on the Western Front (2022) 8
All Quiet on the Western Front (2022) Im Westen nichts Neuesဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။ အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို့ ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းပါပဲ။ 1930 နဲ့ 1973 မှာလည်း ဒီနာမည်နဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါသေးတယ်။ အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို့ လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ပထမကမ္ဘာစစ်အစကနေ အဆုံးအထိ စစ်သားတွေရဲ့ တိုက်ပွဲတွေနဲ့ ဖြတ်သန်းမှုတွေကို တွေ့ရမှာပါ။ သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ။ Kingsmen နောက်ဆုံးရုပ်ရှင်မှာ ကဗျာရွတ်သွားတဲ့အခန်းလိုပါပဲ။ ဒီရုပ်ရှင်မှာလည်းဒီလိုပါပဲ စစ်ပွဲပြီးဆုံးရေးကို ဦးတည်မျှော်လင့်နေတဲ့ စစ်သားတွေအကြောင်းပါပဲ။ "ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး" ဆိုတဲ့ ...
movie

All Quiet on the Western Front (2022)