Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Edgar Wright
7.9
Shaun of the Dead (2004)
ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်...ရိုက်ကူးကုန်ကျစရိတ် Budget ...
movie
Shaun of the Dead (2004)
2004
4K HEVC
7.0
The World’s End (2013)
ကဲ Three Flavours Cornetto Trilogy ထဲက နောက်တစ်ကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။The World’s End (2013) ရုပ်ရှင်မှာတော့ Simon Pegg နဲ့ Nick Frost တို့အပြင် Martin Freeman , Rosamund Pike တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါအားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ...
movie
The World’s End (2013)
2013
4K HEVC
7.9
Hot Fuzz (2007)
သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie
Hot Fuzz (2007)
2007
4K HEVC
7.5
Star Wars: Episode VIII – The Last Jedi (2017)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VIII – The Last Jedi (2017)
4K HEVC
7.6
Baby Driver (2017)
Baby Driver (2017)IMDb Rating (7.6) / Rotten Tomatoes (92%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။ ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ သူ့အနေနဲ့ သီချင်းများများပါတဲ့ ရုပ်ရှင်တစ်ခုဖန်တီးချင်စိတ်ကနေ စတယ်လို့ဆိုပါတယ်။ သီချင်းကိုလည်း နောက်ခံသီချင်းအနေနဲ့သုံးချင်တာမဟုတ်။ သူရိုက်ကူးခဲ့တဲ့ Scott Pilgrim vs. the World လို ဂီတကိုတည်ရိုက်တာလည်းမဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။ ဒီနေရာမှာ Baby Driver က သူ့အမြင်နဲ့ကွက်တိကျတဲ့ပုံစံမျိုးကို တည်ခင်းနိုင်ခဲ့ပါတယ်။Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby။ Baby က Driver။ ...
movie
Baby Driver (2017)
2017
4K HEVC
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
7.6
Sing 2 (2022)
Sing 2 (2022)အားလုံးစောင့်မျှော်နေကြတဲ့ Sing 2 ကတော့ စောင့်ရကျိုးနပ်အောင် Soundtrackအမိုက်စားတွေ၊ လှပတဲ့ Animation ရိုက်ချက်တွေနဲ့အတူ ထွက်ရှိလာပါပြီပါဝင်တဲ့ Castတွေကလည်း Matthew McConaughey, Bono, Scarlet Johansson, Letitia Wright, Halsey,Pharrell Williams တို့လို ထိပ်သီးCastတွေ artistတွေက အသံသရုပ်ဆောင်ပေးထားလို့ Sing 1တုန်းက သဘောကျခဲ့ရတဲ့ soundtrack တွေလို Sing 2မှာ ထပ်မံခံစားရဦးမှာပါ၊- IMDbအနေနဲ့ 7.6 - RottenTomatoesမှာ 70%ရရှိထားပါတယ်Sign 1အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရသွားတဲ့ Buster Moonနဲ့ သူ့ရဲ့ တေးသရုပ်ဖော်အဖွဲ့ဟာ ဒီတစ်ခေါက်မှာ ကမ္ဘာ့ဖျော်ဖြေရေးမြို့တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်ပြီး ကမ္ဘာနဲ့ချီအောင် အောင်မြင်တဲ့ တေးသရုပ်ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ဖျော်ဖြေပွဲကြီး အောင်မြင်ဖို့ လိုအပ်နေတာကတော့ ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းကပျောက်နေတဲ့ ကမ္ဘာကျော် Rock Starကြီး Clay Callowayကို သူတို့ဖျော်ဖြေပွဲမှာ ...
movie
Sing 2 (2022)
2022
4K HEVC Web-DL