Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eddie Spears
5.0
Outlaw Posse (2024)
လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင်လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ်ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းကလူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်းလူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ်ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်းတစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင်တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကားပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်းတစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန်တိတ်ဆိတ်သွားပါတော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက်ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက်ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်းအရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကိုရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီးလူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.12GB / 1.14GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Outlaw Posse (2024)
4.2
Deep Woods (2022)
Deep Woods (2022) ================ဒါရိုက်တာ Steve Laughlin ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖိုဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်း လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ နစ်ခ် နဲ့ တိုင် တို့ဟာ မတွေ့ရတာကြာပြီ ဖြစ်တဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ တစ်နေ့တော့ မြို့ပေါ် မှာနေတဲ့ တိုင် ဟာစိတ်ကူးပေါက်ပြီး တောရိုင်းထဲမှာ ငှက်ပစ်ချင်လာပါ တော့တယ်။ အဲဒီလိုနဲ့ ရှေးခေတ်လူမျိုးစုတွေရဲ့မျိုးဆက်ဖြစ်တာနဲ့အညီ သစ်တောတွေ၊ အမဲလိုက်တာတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ သူငယ် ချင်းဟောင်း နစ်ခ် ကိုဆက်သွယ်လာပါတော့တယ်။ဒီလိုနဲ့ နစ်ခ် နဲ့အတူအမဲလိုက်ထွက်ရင်း တောထဲမှာတရားမ၀င်ဆေးခြောက် စိုက်နေတဲ့ အဖွဲ့နဲ့သွားရှုပ်မိပါတယ်။ အဲဒီနောက်တော့ ပစ်ခတ်မှုတွေဖြစ်ပြီး နစ်ခ် နဲ့လူချင်းကွဲသွားပါတယ်။ တိုင် ဟာဆေးခြောက်စိုက်တဲ့သူတွေရဲ့ ဒုစ ရိုက်မှုတွေကို မျက်မြင်သက်သေတစ်ဦးဖြစ်သွားလို့ လိုက်ပြီးအရှင်းခံရတဲ့ အခါမှာ တိုင် တစ်ယောက်ဘယ်လိုလွတ်အောင်ပြေးမလဲ၊ နစ်ခ် ကရောအဲဒီ အဖွဲ့နဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.8 GB) / (720 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo ...
movie
Deep Woods (2022)
2022
7.1
Bury My Heart at Wounded Knee (2007)
Bury My Heart at Wounded Knee (2007) ============================= IMDb Rating - 7.1/10ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းက မူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heart at Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့ နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ် မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ် လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန် အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာ နားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်း ကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလို အဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိ ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.5 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, Western Translator.......Alias Encoder..........SWM
movie
Bury My Heart at Wounded Knee (2007)
2007
7.1
Bone Tomahawk (2015)
ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူးပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီးrating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားPatrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေသတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကBright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်ကလိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကိုပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကိုဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီးနောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာတို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving ...
movie
Bone Tomahawk (2015)
5.4
The Old Way (2023)
မင်းသားကြီး Nicolas Cage ရဲ့အသစ်ထွက်ရှိလာတဲ့ကောင်းဘွိုင်ကားလေးပါ။ လက်မရွံ့လူသတ်သမားကြီး Colton Briggs ဟာကြေးစားတစ်ယောက်အနေနဲ့ အသက်မွေးပြီး လူတွေအများကြီးကို သွေးအေးအေးနဲ့သတ်ဖြတ်ခဲ့ပါတယ်။ နှစ်တွေကြာအပြီးမှာတော့ Colton လည်းအချစ်ကိုရှာတွေ့ပြီး မိန်းမတစ်ယောက်နဲ့အိမ်ထောင်ကျကာ ကြေးစားဘ၀ကိုစွန့်လွှတ်လိုက်ပါတယ်။ စတိုးဆိုင်အသစ်ဖွင့်ပြီး သမီးလေးတစ်ယောက်နဲ့မိသားစုတစ်ခု ပျော်ရွှင်စွာနေရာကနေ တစ်နေ့မှာတော့ Colton ရဲ့အတိတ်ကအရိပ်မည်းကြီးက လာခြောက်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က Colton သတ်ခဲ့တဲ့လူရဲ့သားဖြစ်သူက လက်စားချေဖို့ အိမ်ရှေ့၀ကိုရောက်လာတဲ့အခါ...File size…(1.58GB) / (`833.2MB) / (400.15MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre... Action / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Old Way (2023)