Channel Myanmar

Echo Quah

Curry Mee (2024) 7
Curry Mee (2024) Curry Mee (2024) မလေးရှား ခေါက်ဆွဲCurry Meeဆိုတဲ့စကားလုံးက မလေးရှားကို ရွှေ့ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေဆီကနေ ဆင်းသက်လာခဲ့တာပါ။ မလေးရှားတွေရဲ့ အနံမွှေးတဲ့ ဟင်းရည်အစပ်နဲ့တွဲဖက်လိုက်တော့ curry meeကို ရလာပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ရာဂျာနဲ့ အာမန်တို့ခေါင်းဆောင်တဲ့ လူမိုက်အဖွဲ့နှစ်ခုဟာ အမြဲတမ်း တကျက်ကျက်ရန်ဖြစ်နေကြတာပါ။ တွေ့တဲ့နေရာမှာ ကြုံရာပြဿနာနဲ့ ရန်ဖြစ်နေကြတာမို့လို့ ရွာသားတွေလည်း စိတ်ရှုပ်စိတ်ညစ်ကြရပါတယ်။သူတို့အရှုပ်အထွေးတွေကို ဖြေရှင်းရလွန်းတဲ့ ရွာလူကြီး ဆူလိုင်မန်ဟာ ရူးကြောင်ကြောင်တောင်ဖြစ်နေခဲ့ပါပြီ။ သူတို့နှစ်ယောက်ကို ရွာလူကြီးကပြေလည်အောင် လုပ်ပေးခဲ့ပေမယ့် ခြံကိစ္စ မြေကိစ္စ စီးပွားရေးကိစ္စတွေနဲ့ ထပ်ပြီးပြဿနာတက်လာခဲ့အခါ ရွာလူကြီးကအကြံတစ်ခုရလာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာတော့ ရာဂျာရဲ့သမီးဟာ သူတို့နဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းမတူတဲ့ မလေးရှားနယ်ဖွားတရုတ် ကောင်လေးနဲ့ တက္ကသိုလ်မှာ ချစ်ကြိုက်မိနေပါပြီ။ မိဘတွေက သမီးဖြစ်သူကို အသိုင်းအဝန်းထဲကသူနဲ့စေ့စပ်ပေးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘယ်လိုတွေလွဲကြချော်ကြ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်ပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်) File size…2.3GB / 999MB Quality…WEB DL 1080p ...
movie

Curry Mee (2024)

2024
Polis Evo 3 (2023) 6.9
Polis Evo 3 (2023) Polis Evo 3 (2023) IMDb - 6.9/10မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့ Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက် ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီး ဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူက စစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.6GB | 843MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator .....  aungmo3han Encoder ...
movie

Polis Evo 3 (2023)

2023