Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Earl Boen
5.9
Marked for Death (1990)
ဒီကားလေးဟာဆိုရင်တော့ မင်းသားကြီး Steven Seagal ရဲ့ ၁၉၉၀ ကထွက်ရှိထားတဲ့ action ကားကောင်းတစ်ကားပါ။ဇာတ်လမ်းရဲ့အစမှာတော့ မင်းသားက မစ်ရှင်တစ်လုပ်နေတုန်းမှာ သူ့လုပ်ဖော်ကိုင်ဖက်က သေနတ်မှန်သွားရာကနေ ဒီအလုပ်ကို ဆက်မလုပ်ဘဲအနားယူဖို့ဖြစ်လာပါ တော့တယ် အဲဒီလိုနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရာက သူတို့မြို့မှာ မူးယစ်ဂိုဏ်းတွေက သောင်းကျန်းနေတဲ့အချိန်နဲ့ တိုးပါတော့တယ်မင်းသားကြီးကရော အနားယူနေတဲ့ အတိုင်းပဲနေမှာလား ဘယ်လိုပြသနာတွေကရော ဘယ်လိုလာရှာမလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ဖိုက်တင်ခန်းမိုက်မိုက်လေးနဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်း တစ်ကားမို့ စိတ်ဝင်စားဖွယ် ရင်ခုန်စရာကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ် File size…(1.7 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat
movie
Marked for Death (1990)
8.6
Terminator 2: Judgment Day (1991)
လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie
Terminator 2: Judgment Day (1991)
1991
8.1
The Terminator (1984)
ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းကဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ...
movie
The Terminator (1984)
1984
6.9
The Majestic (2001)
The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie
The Majestic (2001)
2001
The Man with Two Brains (1983)
ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမလှလေးက ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာကနေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း သိရှိခဲ့ရတဲ့အပြင် စကားပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါတော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေးတွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ...
movie
The Man with Two Brains (1983)