Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dylan Baker
7.7
Road to Perdition (2002)
Road to Perdition (2002)==================IMDb Rating - 7.7/10Directed By Sam Mendes ဟိုးတစ်နှစ်က1917နဲ့ အတော်အောင်မြင်ခဲ့တဲ့၊ 2000ခုနှစ်မှာ American Beautyနဲ့ Best Directorဆုရခဲ့တဲ့၊ လက်ရှိဂျိမ်းစ်ဘွန်း ကားတွေရဲ့ ဒါရိုက်တာဖြစ်တဲ့ ရိုက်သမျှ အကုန်အောင်မြင်ခဲ့တဲ့ Sam Mendesကြီးရဲ့ လက်ရာဟောင်းပါပဲ။Castတွေနဲ့က Tom Hanks,JuDe Law, လက်ရှိဂျိမ်းစ်ဘွန်းမင်းသား Daniel Craigနဲ့ တစ်ချိန်က မင်းသားကြီး Paul Newmanတို့ပါပဲ။ဇာတ်ကြောင်းကတော့ 1930၀န်းကျင်က အမေရိကန်ဂန်းစတားတွေ အကြောင်း သူတို့ရဲ့ အရှုပ်တော်ပုံတွေအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို မြစ်ဖျားခံထားပြီး နာမည်ကျော်ဂန်းစတားကြီး အယ်ကပုန်းနဲ့တောင် နည်းနည်း ချိတ်ဆက်နေတယ်။Sam Mendesကားကို စီနီမာတိုရပ်ဖီ အတော်လှပါတယ်လို့ ပြောရမှာက မိကျောင်းမင်းရေခင်းပြသလိုပါပဲ။ အစကနေ အဆုံး ရုပ်ရှင်ဓာတ်ပုံပညာသုံးထားတာ တွေဟာ ပစ်ကြွေချင်စရာကောင်းအောင် လှတယ်။ဒီရုပ်ရှင်က အဖေနဲ့သားဆက်ဆံရေးကြောင့် သူ့ခေတ်သူ့အခါက တစ်ချို့က Godfatherနဲ့ နှိုင်းခဲ့ကြပါတယ်။ နှိုင်းရလောက်အောင် မဟုတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ မှတ်ကျောက်တင် နိုင်ခဲ့တဲ့ ဂန်းရုပ်ရှင်ကားတစ်ကားလို့ဆိုနိုင်တယ်။ ဂန်းကားကောင်းကောင်းတွေ မထွက်တဲ့ ဒီဘက်နှစ်တွေအတွက် အဆာပြေစေနိုင်မယ့် ကားဟောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung မှဖြစ်ပါတယ်။)A fantastic read File Size - (1.9 GB ...
movie
Road to Perdition (2002)
2002
6.8
Extremely Wicked, Shockingly Evil and Vile
အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie
Extremely Wicked, Shockingly Evil and Vile
2019
6.3
Anchorman 2: The Legend Continues (2013)
ရွန်ဘွန်ဂနီပြန်လာပါပြီ ဒီအပိုင်း၂မှာတော့ ရွန်ဟာ ဗရိုနီကာနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပါ ရထားပါပြီ မိန်းမဖြစ်သူနဲ့ အတူတူတကွ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်းမှ အထက်လူကြီးက ဝန်ထမ်းလျှော့တဲ့ ကာလမှာ သူ့မိန်းမကို ရာထူးတိုးပေးပြီး သူ့ကိုတော့ အလုပ်ဖြုတ်လိုက်ပါတော့တယ် ဒီမှာတင် မိန်းမဖြစ်သူနဲ့ အချေအတင်စကားများကြပြီး ရွန်တစ်ယောက် အိမ်ပေါ်ကဆင်းကာယစ်ထုပ်ကြီးတစ်ယောက်ဖြစ်လာပါတော့တယ် အဏ္ဏဝါပြတိုက်တစ်ခုမှာ တင်ဆက်သူလုပ်နေတဲ့ယစ်ထုပ်ကြီး ရွန် အဲ့အလုပ်ကပါ အလုပ်ပြုတ်ပြီးသူ့ဘာသာသူသတ်သေဖို့ကြံတဲ့အထိ ဘဝကို အရှုံးပေးလိုက်ပါတယ် သို့သော်လဲ တစ်မိုးအောက်တစ်ယောက်ရွန်ကို လူတစ်ယောက်က သတင်းကြေငြာဖို့လာခေါ်ပါတယ် အဲ့ခေတ်အခါက၂၄ နာရီလုံး သတင်းကြေငြာတဲ့ ရုပ်သံလိုင်းတွေကမရှိသေးဘဲ စွန့်ဦးထုတ်လွှင့်ဖို့ ရွန်ကိုလာငှါးတာပါ အဲ့မှာတင်ပဲရွန်တစ်ယောက် ထိုအလုပ်ကိုလက်ခံပြီး သူ့ရဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်း၃ယောက်ကိုပါပြန်ခေါ်လို့ နယူးယော့မြို့ကြီးမှာ သတင်းတင်ဆက်သူအဖြစ် ပြန်လာရောက်ရှိလာပါပြီ အလွဲတွေနဲ့ ရွန်တစ်ယောက် နယူးယော့မှာ ဘယ်လိုတွေတွေ့ကြုံဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူခံစားရယ်မောလိုက်ပါဦး... --------------------------------------------------------Translated by Waizin WayneEncoded by sithu
movie
Anchorman 2: The Legend Continues (2013)
2013
5.8
Elizabeth Harvest (2018)
အဲလိဇဘတ် ဆိုတဲ့ ငယ်ငယ်ချောချောကောင်မလေးနဲ့ ဒေါက်တာ ဟင်နရီ တို့ဟာလပ်ထပ်ပြီးနောက် ဒေါက်တာ ဟင်နရီ ရဲ့ အိမ်ကိုပြောင်းလာခဲ့ပါတယ် ဒေါက်တာဟင်နရီဟာ သူရဲ့ဆေးပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုတစ်ခုကို မှတ်ပုံတင်နိုင်ခဲ့ပြီး နောက်မှာတော့ ဘီလျံနာဘဝနဲ့ သိပ္ပံပညာလောက ကနေအနားယူသွားခဲ့ပါတယ် ဟင်နရီရဲ့အိမ်ကြီးက smart home လို့ပဲပြောရမလား တံခါးတွေကအစ codeနံပါတ်တွေ လက်ဗွေရာတွေနဲ့ဖွင့်ရတာ အလန်းကြီးပေါ့နော် အိမ်ကြီးဆီရောက်တဲ့အခါ ဟင်နရီက အဲလိဇဘတ် ကို ရှိသမျှ ရတနာတွေ ပိုက်ဆံတွေ အကုန်လုံးကို မင်းပိုင်ပါတယ်လို့ပြောခဲ့တယ် သူတစ်ခုပဲ တောင်းဆိုခဲ့တာ က အခန်းတစ်ခန်းကို ဝင်မကြည့်ဖို့ပဲ လူ့သဘာဝဆိုတာကလည်း မကြည့်နဲ့ဆိုမှပိုကြည့်ချင်ကြတာကိုး ဒါနဲ့ဟင်နရီအလုပ်ကိစ္စနဲ့ခရီးထွက်တဲ့တစ်နေ့မှာတော့ အဲလိဇဘတ် ဟာ တားမြစ်ထားတဲ့အခန်းကိုဝင်ကြည့်ခဲ့ပါတယ် အခန်းထဲမှာတွေ့လိုက်ရတာတွေကတော့.............. ဟင်နရီဖုန်းကွယ်ထားတဲ့ကြောက်စရာ လှို့ဝှက်ချက်ကြီးတစ်ခုပါပဲ အများကြီးထပ်ပြောနေရင် ကြည့်တဲ့အခါအရသာပျက်မယ် (ခုတောင်တော်တော်ပြောမိနေပြီလားပဲ) ဒီတော့ဘာဆက်ဖြစ်ကြမလဲ ဘာလှို့ဝှက်ချက်တွေလဲ သိချင်ရင်တော့ဒေါင်းသာကြည့်ကြပါတော့ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Chanyein Soe ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
2018
7.3
Revolutionary Road (2008)IMDb - 7.3/10_____Rotten - 67% Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်...ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။-------------------------------------------Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး ...
movie
Revolutionary Road (2008)
2008
6.8
Trick ‘r Treat (2007)
Trick 'r Treat (2007) IMDb - 6.8/10_____Rotten - 81% ပုံပြင်တွေထဲကကြောက်မက်ဖွယ်ရာတွေကို ညသန်းခေါင်မှာ ကြုံခဲ့ရတဲ့အဖြစ်အပျက် .... Holloween မှာရိုးရာမပျက် တစ္ဆေခြောက်တာခံမလား မုန့်ကျွေးမလားဆိုတဲ့ ကလေးတွေရဲ့နာက်ပြောင်စကား... အမှတ်တရဖြစ်ဖွယ်ကျင်းပခဲ့တဲ့မြို့ငယ်လေးတစ်မြို့မှာ တစ္ဆေ သရဲ အစစ်တွေနဲ့ရင်ဆိုင်တွေ့ခဲ့ကြရတဲ့အခါမှာ... Trick 'r Treat ရုပ်ရှင်ဟာ 2007 မှာ ဒါရိုက်တာ Michael Dougherty ရေးသား ရိုက်ကူးထားတဲ့ ကနေဒါ horror ရုပ်ရှင်ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် Baker, Brian Cox, Rochelle Aytes,Lauren Lee Smith, Leslie Bibb, နဲ့ Anna Paquin တို့ပါဝင်ရိုက်ကူးထားပြီး ဒီဇတ်ကားကို ဟောလိုးဝင်းနဲ့ဆက်စပ်တဲ့ horror ဇတ်လမ်းတွေကိုအခြေခံထားပါတယ်။ တခြားသောဇတ်လမ်းအတော်များများလိုပါပဲ ဆမ်ရဲ့အဖြစ်အပျက်တွေနဲ့ဇတ်လမ်းဆင်ထားပါတယ်။ ဒီဇတ်ကားမှာလဲထုံစံအတိုင်း ဟောလိုးဝင်းရဲ့ရိုးရာစည်းမျဉ်းတွေကိုဖောက်ဖျက်တိုင်းပေါ်လာတတ်တဲ့ ရွှေဖရုံသီးကြီးခေါင်းပေါ်ဆောင်းထားတတ်တဲ့ လိမ္မော်ရောင်ဝတ်စုံနဲ့ထူးဆန်းတဲ့ လူတစ်ယောက်ပေါ်လာပြီး လူတွေကိုဘယ်လိုတွေဖြစ်ပျက်စေခဲ့သလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ...... (ဘာသာပြန်သူကတော့ Jean Nyi ...
movie
Trick ‘r Treat (2007)
2007
1
2
Previous