Channel Myanmar

Dyah Mulani

Bu Tejo Sowan Jakarta (2024) 6.2
Bu Tejo Sowan Jakarta (2024)  ဒီတစ်ခါကတော့ အင်ဒိုနီးရှားဟာသကားလေးနဲ့ မိတ်ဆက်‌ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့တယ်ဂျိုတို့မိသားစုမှာ မိခင်ဖြစ်သူကတော့ရွာထဲကအမျိုးသမီးခေါင်းဆောင်လို့ ဆိုရမလားပဲ။အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးဆောင်ပြီးတစ်နှစ်တစ်ခါခရီးထွက်မယ့် အကြောင်းတိုင်ပင်နေကြတယ်။ဘယ်မြို့ကဘယ်လိုကောင်းကြာင်း တစ်ယောက်တစ်ပေါက်တိုင်ပင်နေတုန်းမှာ သားဖြစ်သူတက်ဒီကဂျာကာတာမြို့ကနေ ပြန်လာတယ်။အနေဝေးနေတဲ့ သားအိမ်ပြန်ရောက်တော့ တစ်မိသားစုလုံးပျော်ကြတာပေါ့။ ရောက်တဲ့နေ့မှာပဲ တက်ဒီကသူအိမ်ထောင်ပြုတော့မယ့်အကြောင်းပြောပြတယ်။ အဖေဖြစ်သူကသဘောတူပေမယ့် အမေဖြစ်သူကတော့ သူသားနဲ့လက်ထပ်မယ့်သူကလူမျိုးမတူတဲ့ တရုတ်လူမျိုးဖြစ်နေတော့ သူ့အပေါင်းအသင်းဘေးပတ်ဝန်းကျင်က ဝေဖန်မှာကိုမခံနိုင်လို့သဘောမတူဘူးဖြစ်နေတယ်။ မနက်ဈေးထွက်ဝယ်တော့ တက်ဒီကသူအမေနောက်ကိုမသိမသာလိုက်သွားပြီး သူ့အမေအပေါင်းအသင်းတွေကို သူစေ့စပ်တော့မယ်ဖြစ်ကြောင်း သူ့စေ့စပ်ပွဲကဂျာကာတာမြို့မှာလုပ်မယ့်အကြောင်း လိုက်မယ်ဆိုရင်လည်းစီစဉ်ပေးနိုင်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့....  File size…2.40GB / 1.07B Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Bu Tejo Sowan Jakarta (2024)

Maghrib Time (2023) 6
Maghrib Time (2023) Waktu Maghrib (2023)အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။ သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။ မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ် နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။ အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။ အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။ အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။ အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။ နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 637MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Maghrib Time (2023)

2023