Channel Myanmar

Du Yiheng

Tomb Guarding Man (2024) 5.7
Tomb Guarding Man (2024) ဒီဇာတ်ကားကတော့ သင်္ချိုင်းစောင့်သူတွေရဲ့ ရာဇဝင်နဲ့ မြွေပါကတိုးဝါတွေက ရှေးဟောင်းသင်္ချိုင်းတွေကို စောင့်ရှောက်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ -သင်္ချိုင်းစောင့်မိသားစုဖြစ်တဲ့ စစ်အိမ်တော်က မြေးအဖိုးက သင်္ချိုင်းသူခိုးကုလင်နဲ့ပတ်သတ်မိလို့ ဝိညာဉ်ပူးပြီး အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ် ၊ မြို့ခံတွေပြောပုံအရတော့ ကုလင်က စစ်အိမ်ရဲ့မြေးဖြစ်သူ စစ်ယွီရှီးကိုသဘောကျတာကို အဘိုးဖြစ်သူက လက်မခံတာကြောင့် လက်စားချေတယ်လည်းပြောကြပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် စစ်အိမ်တော်က မြေးအဖိုးသေသွားပြီး ၊ ဘယ်သူမှမဝင်နိုင်တဲ့ရှေးဟောင်းသင်္ချိုင်းကိုဝင်နိုင်ခဲ့တဲ့ ကုလင်ဆီမှာ သင်္ချိုင်းကနေရလာတဲ့ရတနာတွေရှိတယ်ဆိုပြီး သတင်းပျံ့သွားချိန်မှာတော့ ရတနာတွေကို မက်မောတဲ့ သင်ွချိုးသူခိုးတွေ အန့်လင်မြို့ကိုရောက်လာပြီး မြို့သူမြို့သားတွေရဲ့ အသက်အန္တာရာယ်ကိုချိန်းခြောက်လာပါတော့တယ် ။ဇာတ်လမ်းထဲမှာ plot twist တွေနဲ့အတူ ကိုယ်ထင်ထားတာတွေက အမှန်မဟုတ်ဘဲ တစ်မျိုးပြီးတစ်မျိုး မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဆက်တိုက်ဖြစ်နေမှာမို့ မပျင်းရမှာသေချာပါတယ်နော်။ ဇာတ်ကားလေးထဲမှာပဲ အဆုံးမှာဘယ်လိုတွေဖြစ်သွားလဲဆိုတာကို ကြည့်ရှူ့လိုက်ကြပါဦး Filesize : 708 MB / 408 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 13 min Subtitle ...
movie

Tomb Guarding Man (2024)

Mystery of Error ( 2024 ) 5.7
Mystery of Error ( 2024 ) ဒီတစ်ခါမှာလည်း နန်းတွင်းကားတွေကို ကြိုက်နှစ်သက်ဆဲပရိသတ်ကြီးအတွက် နန်းတွင်းဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ လက်ရှိတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့မင်းကြီးဖြစ်သူ ကျိုးစူးဝမ်ကို သူ့ရဲ့ဦးရီးတော်ဖြစ်တဲ့ ကျိုးတိက ပုန်ကန်ဖို့လုပ်ခဲ့ပြီးတော့ နန်းမြို့တော်ကိုဝိုင်းကာ အတင်းအညံ့ခံခိုင်းခဲ့ပါတယ် ။ဒီလိုတွေဖြစ်မှာကိုကြိုသိခဲ့တဲ့ အရင်မင်းကြီးက သူ့သားတော်ကို ဒီလိုအခက်အခဲတွေကလွတ်အောင် အစီအစဉ်အချို့ချမှတ်ပေးခဲ့ပါတယ် ။ သူ့ရဲ့လူယုံတော်ဝမ်ယင်းကို မျက်နှာပြောင်းလဲခြင်းအတတ်နဲ့ ဝမ်းယင်းရဲ့တပည့် ဟူယန်နဲ့သားတော်ကျိုးစူးဝမ်တို့ရဲ့မျက်နှာကိုလဲလှယ်စေခဲ့ပါတယ် ။သားတာ်ကို ဦးရီးတော်ကျိုးတိဆီက လက်လံသတ်ဖြတ်မခံရအောင် ဟူယန်ရဲ့မျက်နှာနဲ့ ဆက်လက်အသက်ရှင်စေခဲ့ပါတယ် ။ ဒါပေမဲ့ ဘုရင်ဖြစ်သွားတဲ့ ဟူယန်အစစ်ကလည်း ကျူးစူးဝမ်ဆိုတဲ့ သရုပ်နဲ့အတူ ပုန်ကန်ဖို့ကြိုးစားလာချိန်မှာတော့ ကျိုးစူးဝမ်အစစ်တစ်ယောက် ဟူယန်ဆီကနေ လုပ်ကြံခံရပါတော့တယ် ။အဲဒီလုပ်ကြံမှုကြောင့် သေမလိုဖြစ်သွားတဲ့ ကျိုးစူးဝမ်ကို ဓားပြမလေး ကျန်းရှန်းကယ်တင်ကာ ရွာမှာဖမ်းထားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ကျိုးစူးဝမ်အစစ်တစ်ယောက် သူ့မျက်နှာနဲ့ သူ့နာမည်ဖျက်၊ လုပ်စားနေတဲ့ ဟူယန်ကိုဘယ်လို‌ချေမှုန်းမလဲ ? ယူယန်မျက်နှာနဲ့သူ့ကို ဘယ်သူကယုံကြည့်ပါ့မလဲ ? ဘုရင်နေရာမှာထိုင်နေတဲ့ ကျိုးတိကိုရော ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုလိုက်ပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 26 ...
movie

Mystery of Error ( 2024 )

Tied Up and Down ( 2024 ) 5.7
Tied Up and Down ( 2024 ) ဒီဇာတ်ကားလေးကလည်း အက်ရှင်ဇာတ်ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ပန်းချီဆရာလင်းရှောင်းရဲ့ပန်းချီတွေကို လေလံတင်ရောင်းချရာကနေစပါတယ် ။ ပန်းချီဆရာလင်းရှောင်းဟာနာမည်ကြီးပန်းချီဆရာမဟုတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ပန်း‌ချီတွေဟာ လေလံတင်တိုင်း ဒေါ်လာသန်းချီပြီးဝင်ပါတယ် ။အဲဒါကြောင့် သူ့ရဲ့အေးဂျင့်က ဒီလိုနာမည်မကြီးတာတောင် ဒီလောက်ထိငွေဝင်နေရင် တကယ်သာနာမည်ကြီးသွားရင် ပိုပြီးဝင်ငွေရမှာမလို့ ပြန်ပေးဆွဲခံရတဲ့ ဇာတ်လမ်းတုလုပ်မယ်ဆိုပြီး လင်းရှောင်းကိုအကြံပေးခဲ့ပါတယ် ။အဲဒီအကြံကို လင်းရှောင်းကလက်မခံခဲ့ပေမဲ့ သူအပြင်မှာအလည်ထွက်နေတုန်း သူ့ကိုတကယ်လူဆိုးအစစ်တွေက ပြန်ပေးဆွဲသွားချိန်မှာတော့..လင်းရှောင်းတစ်ယောက် လူဆိုးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ? လူဆိုးတွေကရော တကယ့်လူဆိုးတွေဖြစ်မလား ? သူ့ဘေးနားမှာရှိနေတဲ့သူတွေကမှ သူ့ကိုအသုံးချနေတဲ့လူဆိုးတွေဖြစ်လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဟာသအက်ရှင်‌ဇာတ်ကားကောင်းလေးဖြစ်တာမို့ အပြီးတိုင် စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Tied Up and Down ( 2024 )

The Zombies ( 2024 ) 5.8
The Zombies ( 2024 ) ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ဒီလိုဒွိဟဖြစ်စရာ ကောလ‌ဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ဟိုတုန်းက‌ ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery , Action Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

The Zombies ( 2024 )

Speed Fight ( 2024 ) 5.7
Speed Fight ( 2024 ) ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းက နေရာတစ်ခုမှာအတည်တစ်ကျမနေရပဲ အိမ်တွေခဏခဏပြောင်းပြီးနေခဲ့ရတာ ဘာကြောင့်လဲနားမလည်နိုင်ခဲ့ဘူး။ အမေကအမြဲတမ်းသူ့ကိုသူများနဲ့ရန်မဖြစ်ဖို့ လက်မပါဖို့ပြောနေခဲ့တာကိုမကျေနပ်ခဲ့ဘူး။တစ်နေ့မှာတော့ ပြဿနာကအိမ်ဝထိရောက်လာတော့မှပဲသိလိုက်ရတယ်။ တကယ်တော့ကောင်မလေးရဲ့အမေက မျိုးရိုးဗီဇပြောင်း စူပါစွမ်းအားတွေသုတေသနလုပ်တဲ့နေရာမှာ အစမ်းသပ်ခံတစ်ယောက်ဖြစ်ခဲ့တာဖြစ်နေပါတယ်။မပြီးပြည့်စုံပဲ အစမ်းသပ်ခံတွေသေရတဲ့အတွက် စီမံကိန်းကိုဖျက်လိုက်ပေမယ့် ပါမောက္ခကြီးကလက်မလျှော့နိုင်ပဲ တိတ်တဆိတ်ဆက်ပြီးလုပ်နေတာပဲဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်သူ့ဘဝရဲ့ပဟေဠိတွေကိုအဖြေရှာရင်း သူ့အမေကိုလိုက်ကယ်တဲ့ စူပါစွမ်းအားတွေနဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Science-Fiction Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Speed Fight ( 2024 )

Scary People ( 2023 ) 5.9
Scary People ( 2023 ) ဒီချောက်ချားစရာ ပုံပြင်လေးကတော့ နာမည်နဲ့မတူလောက်အောင် ထိုက်ဖျင်(အေးချမ်းသာယာ)ဆိုတဲ့နယ်မြို့လေးတစ်ခုရဲ့ လူသေဆုံးမှုကနေ စတင်ခဲ့ပါတယ်"ယွဲ့နူ"ဆိုတဲ့မိန်းကလေးဟာ ထိုက်ဖျင်မြို့မှာအမှီပြုနေထိုင်ရာမှ ရုတ်တရက် သေဆုံးသွားပါတော့တယ်။ တစ်နေ့မှာ ယွဲ့နူရဲ့သေဆုံးမှုဟာ မိမိကိုယ်ကို သေကြောင်းကြံစည်တယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်လို့နေပါတယ်ဒါပေမဲ့ ယွဲ့နူသေပြီး လဝက်မကျိုးခင်မှာပဲ သူမရဲ့အစ်ကိုဖြစ်သူ လျိုသောင်းဇစ်အပါအဝင် နောက်ထပ်လူတွေ ဇစ်မြစ်မသိရဘဲ သေဆုံးသွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ အမှုစစ်ဆေးရေးမှုး ဆရာကြီးကျန်းယိရန်ဟာ ထိုက်ဖျင်ရွာကို လာရောက်စစ်ဆေးရာမှာတော့。。。ကျန်းယိရန်ဟာ သရဲတစ္ဆေဆိုတာ လောကမှာမတည်ရှိဘူးဆိုတဲ့ ခံယူချက်ကို နှလုံးသွင်းထားတဲ့လူဖြစ်ပြီး ရွာကိုအရောက်မှာ သတ္တိခဲသူတောင်းစားမလေး ကုံဇစ်နဲ့ တွေ့ဆုံခဲ့ရပါတယ်၊‌ ဧည့်သည်တွေကို ခြောက်လန့်ပြီး ‌ငွေ‌လိမ်ယူနေတဲ့ ပေါ့ပျက်ပျက် ကုံဇစ်ဟာ ဒီအမှုမှာ ဘယ်လိုစရိုက်လက္ခဏာမျိုးနဲ့အတူပူး‌ေပါင်းဖြေရှင်းသွားမလဲ-ယွဲ့နူရဲ့သေဆုံးမှုဟာရော သွေးရိုးသားရိုးဖြစ်နိုင်မလား -ဒီလိုဆိုရင်တောင် သူမသေပြီးမကြာခင်မှာမှ အဲ့လောက်တိုက်ဆိုင်စွာနဲ့ပဲ လူတွေသေဆုံးနေတာလား? ယွဲ့နူနဲ့ရော ဘာတွေပတ်သတ်မှုရှိနေဦးမလဲဆိုတာ ?.... CMမှာဆက်လက်ကြည့်ရှုခံစားရင်း အဖြေထုတ်ကြည့်လိုက်ရအောင်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Comedy Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Scary People ( 2023 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Fearless Rescue 2022 6
Fearless Rescue 2022 မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မုယင်းဟာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပြီး မြို့ပြဘဝကို နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတော့တယ် ။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြို့ရဲ့ မျက်နှာဖုံး သူဌေးတစ်ဦးရဲ့ သမီးဖြစ်သူ ချန်ယန့်ယွီကိုပါ ကယ်တင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူဌေးကြီး ယဲ့လင်ကျွင်းဟာ အညှိုးကြီးစွာနဲ့ ချန်ယန့်ယွီကို လူလွှတ်ပြီး လိုက်သတ်ပါတော့တယ် ။သူကြံစည်သမျှ အကြံအစည်တွေအားလုံးကိုလဲ မုယင်းဟာ တစ်ခုပြီး တစ်ခု ဖျက်ဆီးလာခဲ့တဲ့အခါမှာ...? ❏ မုယင်း နဲ့ ချန်ယန့်ယွီတို့ နှစ်ဦးသား အတူတူ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ? ❏ မုယင်းဟာလဲ ကိုယ်ရံတော်တပ်မှူးလေးအဖြစ် ချန်ယန့်ယွီကို ဘယ်လိုကာကွယ်သွားဦးမလဲဆိုတာ အခုပဲ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Romance Runtime : ...
movie

Fearless Rescue 2022

Mr Illusion ( 2023 ) 6.1
Mr Illusion ( 2023 ) CM မှ အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမဲ့ ကားလေးကတော့ Mr. Illusion ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မင်ကော်ခေတ်မှာ ပုံရိပ်ယောင်ပညာဂိုဏ်းမှ ကပ်ဆိုးစိုက်ခဲ့ပါတယ်။ ရေဂိုဏ်းပုံရိပ်ယောင်ပညာရှင် ဖေကျင့်ကျစ်က ရတနာ ရှင်းယွင်တောင်ဝှေးကို လုဖို့အတွက် လူအများအပြားကို သတ်ခဲ့ပါတယ်။နောက်ဆုံးမှာ ထိုအချိန်က မီးဂိုဏ်းဂိုဏ်းချုပ်ဖြစ်သူ ဆရာခုန်းခုန်းက ပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက် ဆရာခုန်းခုန်းက မိဘမဲ့ကလေး ကျိုးဖေးဖန်ကိုခေါ်ပြီး အရပ်လေးမျက်နှာခရီးထွက်ခဲ့ပါတယ်။နှစ် ၂၀ ကျော်ကြာပြီးနောက် ရေဂိုဏ်းမှ ကျန်ရစ်သူနဲ့ သစ်ဂိုဏ်းဂိုဏ်းချုပ်တို့က ဖေကျင့်ကျစ်ကို ကယ်တင်ခဲ့ပြီး ဂိုဏ်း ၅ ဂိုဏ်းကို ပြန်လည်အုပ်ချုပ်ဖို့ စီစဉ်ပါတော့တယ်။မီးဂိုဏ်းဂိုဏ်းချုပ် လော့ရှာဖေးနဲ့ တပည့်ကျိုဖေးဖန်၊ ချိုးချီတို့ အတူတကွ ပြန်လည်တိုက်ခိုက်ကြတဲ့အခါ...... ကြမ်းတမ်းယုတ်မာတဲ့ လူဆိုးတွေကို သူတို့ အနိုင်ရနိုင်ပါ့မလား ...... ကျိုဖေးဖန်ရဲ့ ဘဝကရော ဒီကပ်ဆိုးကြီးနဲ့ ဘယ်လို ဆက်နွယ်နေမလဲ ...... ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : ...
movie

Mr Illusion ( 2023 )