Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Driss Roukhe
6.8
Rendition (2007)
ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီးReese Witherspoon တို့ ဆန်ခါတင်စာရင်း nominationတွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့ပါတယ်။ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာအသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာမြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေအေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာအခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင်အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ်အပြစ်ရှိတဲ့သူတစ်ယောက်လား။စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရောမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား....။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Rendition (2007)
6.8
Green Zone (2010)
ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အမေရိကန်ကြား စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်းမီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာဖွေထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်းကြောင့် ရှာဖွေမှုတွေနေရာအနှံ့လုပ်နေခဲ့တာပါ။ဒါပေမဲ့ သတင်းရတဲ့နေရာတွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မတွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာနေရတဲ့နောက် ထောက်လှမ်းရေးကရတဲ့ သတင်းက တစ်ခုခုလွဲနေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်းရင်းမြစ်အကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့နောက်ဆက်တွဲကိစ္စတွေကိုပါ ဖြေရှင်းဖို့အရေးကြုံလာပါတော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်နေမလဲ။ ဘယ်လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်နေမလဲ။ မတည်ငြိမ်မှုတွေဖြစ်နေတဲ့ အီရတ်မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ File size…2.31GB / 968MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Green Zone (2010)
7.4
Babel (2006)
[Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)