Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drew Powell
Space Cadet (2024)
ဖလော်ရီဒါသူ ရက်စ်ကတော့ ဘားမှာ အလုပ်လုပ်ပြီး မိချောင်းတွေနဲ့ နပမ်းလုံးရင်း ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့သူပါ။ နည်းပညာကျောင်းတက်ဖို့ စကော်လားရှစ်ရခဲ့ပေမဲ့လည်း အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် မတက်ဖြစ်ခဲ့ပါဘူး။တစ်နေ့မှာတော့ အထက်တန်းကျောင်းပြန်လည်တွေ့ဆုံပွဲကိုသွားရင်း အတွေးပေါက်လာခဲ့ပြီး သူငယ်ငယ်ကဖြစ်ချင်တဲ့ အာကာသယာဉ်မှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ပါတော့တယ်။ ဘွဲ့လည်းမရှိ၊ အထက်တန်းပဲအောင်ပြီး တခြား လိုအပ်ချက်တွေလည်း မပြည့်မှီပေမဲ့ သူ့ငယ်ငယ်ကအိပ်မက်အကြောင်းကို လျောက်လွှာထဲရေးထည့်လိုက်တာပါ။ ဒါပေမဲ့လည်း လျောက်လွှာကို သူငယ်ချင်းဖြစ်သူ နာဒင်းက အင်ထုပြီး ပြန်ပြင်ရေးလိုက်တာကနေ နာဆာရဲ့ အာကာသယာဉ်မှူအစီအစဉ်မှာ ရက်စ်တစ်ယောက်အရွေးခံလိုက်ရပါတော့တယ်။လိုအပ်တဲ့ စွမ်းရည်အပြည့်အဝမရှိပဲ ဖြတ်ထိုးဉာဏ်ကောင်းပြီး အိပ်မက်တစ်ခုနဲ့ ရက်စ်တစ်ယောက် နာဆာရဲ့သင်တန်းကျောင်းကအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Space Cadet (2024)
7.6
Ordinary Angels (2024)
Ordinary Angels (2024)Drama ရုပ်ရှင်ကောင်း ကြိုက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes – 85%, IMDb rating – 7.8 ရရှိထားပါတယ်။ ၁၉၉၄ ခုနှစ် ကန်တက်ကီ ပြည်နယ်၊ လူးဝစ်ဗေးလ်မြို့က အသည်းရောဂါသည် ကောင်မလေးကို အသည်းအစားထိုးကုသနိုင်ဖို့ ရန်ပုံငွေရှာဖွေ ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဝါ့ဒ်ရှမစ်ဟာ ဇနီးဖြစ်သူထရီဆာ ရောဂါနဲ့ သေဆုံးပြီးနောက် သမီးလေး၂ယောက်နဲ့ ဘဝကို ရုန်းကန်နေရသူပါ။ ပိုပြီး ကံဆိုးတာက သမီးအငယ်လေး မီရှဲလ်ဟာ အသည်းရောဂါကို ခံစားနေရပြီး အစားထိုးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ သမီးလေးရဲ့ ရောဂါကို ကုပေးရင်း အကြွေးနွံထဲမှာ နစ်နေခဲ့ပါတယ်။ ထရီဆာရဲ့ အသုဘကို သိလည်းမသိဘဲ ယောင်လည်လည်နဲ့ ရောက်လာတဲ့ ရှာရွန်ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ရှာရွန်ဟာလည်း မြို့ထဲမှာ ဆံပင်အလှပြင်ဆိုင်ဖွင့်ထားပေမယ့် အရက်စွဲတဲ့ ပြဿနာရှိနေသူပါ။ လိုနဲ့ ရှာရွန်လည်း အက်ဒ်တို့ မိသားစုကို သနားသွားပြီး ကူညီပေးဖို့ ရန်ပုံငွေ ရှာဖို့ ...
movie
Ordinary Angels (2024)
2024
The Marine (2006)
ဒီဇာတ်ကားလေးမှာ တွေ့ရမှာကတော့ အားလုံးရဲ့ အချစ်တော် ကိုဂျွန်စီးနားကြီးပဲဖြစ်ပါတယ်။အက်ရှင်ကား ကြမ်းကြမ်းတမ်းတမ်းမျှော်နေတဲ့လူတွေရဲ့ အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ဇာတ်လိုက်ကျော်ကြီး ကိုဂျွန်စီးနားက ရေတပ်ကနေအမိန့်မနာခံလို့ အထုတ်ခံလိုက်ရပါတယ်။အလုပ်ဆိုလို့စစ်ထဲပဲနေလာတဲ့ လူဖြစ်နေတော့ဘာအလုပ်မှလဲ မလုပ်တတ်မကိုင်တတ် ဖြစ်နေတော့ အရာအားလုံးဆီကနေအနားယူ ထွက်ပြေး ခရီးထွက်လာပါတော့တယ် အဲဒီအချိန် တဖက်မှာလဲ စိန်သူခိုးတအုပ်နဲ့ တိုးပြီးတော့ သူ့မိန်းမကိုပြန်ပေးဆွဲသွားတဲ့အခါ ဂျွန်တယောက် သူ့မိန်းမကို ကယ်ဖို့ တောထဲကို တစ်ယောက်ထဲ စွန်းစားပြီးလိုက်ပါတော့တယ်။ဂျွန်စီးနားကြီးရဲ့ တိုက်ပုံခိုက်ပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ဇာတ်လမ်းက ကြမ်းလဲကြမ်းသလို တချို့အခန်းတွေလဲ ရယ်စရာလေးတွေပါလို့ မြည်းစမ်းကြည့်ကြပါလို့ပဲအကြံပြုလိုက်ပါတယ်ခင်ဗျာ။ File size… 1.2 GB / 796 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac
movie
The Marine (2006)
You’re Not Supposed to Be Here (2023)
ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီး Chrishell Stause (A Rose for Her Grave: The Randy Roth Story)နဲ့ Diora Baird (Hot Tamale), မင်းသား Curtis Hamilton (In Broad Daylight) တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ ကန်နဒီနဲ့ ဇိုဝီတို့ နှစ်ဦးက တစ်ဦးနဲ့ တစ်ဦး သစ္စာရှိစွာ ချစ်ခင်ကြသူတွေဖြစ်ပြီး ကံဆိုးစွာနဲ့ ပထမကလေး ပျက်ကျသွားခဲ့တဲ့အဖြစ်ဆိုးကို ရင်ဆိုင်ထားရသူတွေပါ။သို့ပေမဲ့လည်း ကလေးလိုချင်ကြသူ သူတို့နှစ်ဦးက ဇိုဝီ့သူငယ်ချင်းကောင်လေး အက်ဒမ့်ဆီကနေ သုတ်ပိုးအလှူခံပြီး နောက်တစ်ကြိမ်ကြိုးစားခဲ့ရာကနေ ဇိုဝီက မကြာခင်မွေးဖွားခါနီး နေ့စေ့လစေ့ အခြေအနေကို ရောက်ရှိနေချိန်မှာ သူတို့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။အဲဒါကတော့ ပထမကလေး ပျက်ကျထားမှုရဲ့စိတ်ဒဏ်ရာကြောင့် ဇိုဝီတစ်ယောက် မကြာခဏ သံသယစိတ်တွေနဲ့ ကလေးအတွက် ...
movie
You’re Not Supposed to Be Here (2023)
6.0
A Christmas Mystery (2023)
ခရစ္စမတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဂျင်မီစတက်ဘင်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ရွှေခေါင်းလောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးနေထိုင်တဲ့ ပလဲဆန့်ဘေးဆိုတဲ့မြို့လေးတစ်မြို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးသူတို့ မြို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်ကိုပိတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ခရစ္စမတ်အကြိုညမှာ ဆန်တာကလော့စ်လာတဲ့ အသံကိုကြားပြီး ဂျင်မီလေးကထွက်ကြည့်တဲ့အခါမှာ ဆန်တာရဲ့ စွပ်ဖားလှည်းကနေ တောက်ပနေတဲ့အရာတစ်ခု ကျကျန်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ ရွှေခေါင်းလောင်းလေးတွေဖြစ်ပြီး ဂျင်မီကသူ့မြို့ရဲ့သစ်ခွဲစက်ကို ပြန်ဖွင့်နိုင်ပါစေလို့ အဲ့ဒီခေါင်းလောင်းတွေကို ကိုင်ပြီးတောင်းဆုပြုခဲ့ပါတော့တယ်။နောက်နေ့ မနက်မှာတော့သူ့ရဲ့ဆုတောင်းတွေကတကယ်ပြည့်ဝသွားပြီး အဲ့ဒီအကြောင်းကလဲ သူတို့မြို့လေးနဲ့တခြားမြို့တွေကိုပါပြန့်နှံ့သွားပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီခေါင်းလောင်းကိုပြတိုက်မှာ ပြသထားကြပြီး နှစ်တိုင်းခရစ္စမတ်အကြိုနေ့မှာ ခေါင်းလောင်းတီးပွဲကို ကျင်းပလာခဲ့တာအခုဆိုရင်နှစ်တစ်ရာရှိခဲ့ပါပြီ။ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီလိုနှစ်တစ်ရာပြည့်တဲ့နှစ်မှာပဲ အဲ့ဒီရွှေခေါင်းလောင်းတွေက ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။အဲ့ဒီခေါင်းလောင်းကိုဘယ်သူကခိုးသွားတာလဲ ဘယ်သူတွေကရောအဖြစ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြမလဲ ဆိုတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာခရစ္စမတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…987MB / 476MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
A Christmas Mystery (2023)
6.4
Message from the King (2016)
ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Message from the King (2016)
5.0
Starship Troopers 2: Hero of the Federation (2004)
Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာအဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင်ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံးကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်းကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်.ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက်တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာလူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကိုသိလိုက်ရပါတော့တယ်.ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ?ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေကရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့.Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး runtimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့်ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကိုအခုထိသဘောကျဆဲဖြစ်ပါတယ်.Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ. File size… 2.2 GB / 790 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre ..... Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.... Charm
movie
Starship Troopers 2: Hero of the Federation (2004)
2004
5.8
Straw Dogs (2011)
1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့Alexander Skarsgårdနဲ့ Hairspray, Sonic thehedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့ခေါ်ကြတဲ့ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကိုပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယားနှစ်ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတားမြို့လေးကလူတွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလိုမြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ခပ်တင်းတင်းအိမ်ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး............. File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Straw Dogs (2011)
6.2
Ted K (2021)
ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်တစ်ပုဒ်လောက် ကြည့်လိုက်ရအောင်။ အမေရိကန်ရဲ့ နာမည်ကျော် အကြမ်းဖက်သမားတစ်ယောက်အကြောင်းပေါ့။ သီအိုဒေါ ဂျေ စတင်းစကီး သို့မဟုတ် တက်ဒ် လို့ခေါ်တဲ့လူတစ်ယောက်အကြောင်းပါ။ ဒီလူဟာ အက်ဖ်ဘီအိုင်သမိုင်းမှာ အကြီးဆုံး ရှာဖွေဖမ်းဆီးရေး လုပ်ခဲ့ရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကိုတော့ တစ်နိုင်ငံလုံးက Unabomber လို့ သိကြပါတယ်။ တစ်ကိုယ်တော် ဗုံးသမားလို့လည်း အဓိပ္ပါယ်ထွက်သလို UNA = တက္ကသိုလ်နဲ့လေကြောင်းတွေကိုဗုံးခွဲသူလို့လည်း သိကြပါတယ်။ သူ့ကြောင့် လူ ၂၃ ယောက်ထိခိုက်ခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အက်ဖ်ဘီအိုင်လက်ကနေ ခြေရာဖျောက်နေနိုင်ခဲ့တဲ့သူလည်းဟုတ်ပါတယ်။ ဖောက်ခွဲရတဲ့အကြောင်းရင်းကတော့ စက်မှု နည်းပညာတိုးတက်မှုတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့အရာတွေလို့ ယုံကြည်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စက်မှုလုပ်ငန်းတွေရပ်တန့်အောင် လိုက်ပြီး အကြမ်းဖက်ခဲ့တာပါတဲ့။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ သူ့အကြောင်းနဲ့ သူ့အတွေးအမြင်တွေကိုရေးထားတဲ့ စာမျက်နှာ ၂၅၀၀၀ လောက်ထဲကမှတ်တမ်းတွေနဲ့ စကားလုံးတွေကို အခြေခံပြီးပြန်လည်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့်လိုက်ပါဦး။ File ...
movie
Ted K (2021)