Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Donna Mitchell
8.1
The Exorcist (1973)
The exorcist (1973)IMDb rating - 8.1/10ဒီဇာတ်လမ်းလေးကတော့ “World No.1 horror film” လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင် Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင် ခုထိလည်း ‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ’ ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင် ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြုအမူတွေထူးဆန်းလာတယ်၊ ကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။(သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ...
movie
The Exorcist (1973)
7
Pollock (2000)
Pollock (2000)~ IMDb - 7/10, RT - 80%, Meta - 77% ~ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay ...
movie
Pollock (2000)
2000
6.9
Syriana (2005)
ဒီဇာတ်ကားကတော့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရေးဗျနိုင်ငံနှင့် အီရတ်နိုင်ငံတို့ရဲ့ သဘာဝသယံဇာတဖြစ်တဲ့ ရေနံထွက်ရှိတဲ့နယ်မြေတွေကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ချုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံချင်းအားပြိုင်ရုံတင်မကဘဲ နောက်ကွယ်မှာ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကိုပါ ရိုက်ပြထားတာပါဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အာရပ်တော်ဝင်စော်ဘွားတွေ၊ ရေနံတူးဖော်ရေးကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ဖို့ကြိုးပမ်းနေတဲ့ ရှေ့နေဖြစ်သူ ဘင်းနက်ဟောလီးဒေး၊ ဆွစ်ဇာလန်အခြေစိုက်စွမ်းအင်ကုမ္မဏီရဲ့ လေ့လာဆန်းစစ်ရေးပညာရှင် ဘရိုင်ယန်ဝုဒ်မန်းတို့ဟာ နောက်ကွယ်မှာပါဝင်ကြိုးကိုင်နေတဲ့ စီအိုင်အေ၊ အကျိုးအမြတ်ပဲကြည့်တဲ့ ရေနံကုမ္မဏီကြီးတွေအစရှိတဲ့ အင်းအားကြီးအစုအဖွဲ့ကြားမှာ ဘယ်လိုမြေစာပင်ဖြစ်သွားကြလဲ ဘယ်လိုနယ်ရုပ်ကလေးတွေလိုရွှေ့ခံရလဲဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုက ဘယ်လောက် အင်အားကြီးလဲ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လောက်နှိုက်ထုတ်ရလွယ်လဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပြီး သမိုင်းကြောင်း၊ နိုင်ငံရေးရာစိတ်ဝင်စားတဲ့သူတွေဆို အကြိုက်တွေ့မှာအသေအချာပါပဲ။ IMDb Rating 6.9/10 ရရှိထားပြီး Tomatoes Metre မှာ Rating 73% ရရှိထားတဲ့ အတွက် တော်တော်လေးကြည့်ပျော်မဲ့ကားလေးလို့ဆိုရပါမယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
movie
Syriana (2005)
6.5
Mona Lisa Smile (2003)
Mona Lisa Smile (2003) ================= IMDb Rating - 6.5/10၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ ...
movie
Mona Lisa Smile (2003)
2003
7.0
Boiler Room (2000)
မင်းသာကြီး Vin Diesel, Giovanni, Ben Affleck တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါဒီဇာတ်လမ်းမှာ လောဘသားတို့ရဲ့ အတောမသတ်နိုင်မှုတွေကို မြင်တွေ့ကြရပါလိမ့်မယ်၊ ပညာရေးမှာ ဘယ်လိုမှ မဖြစ်မြောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ်သိသွားတဲ့ ဆက်ဟာ ကောလိပ်ထွက်လိုက်ပြီး တရားမဝင်ကာစီနို အလုပ်လုပ်ရင်း ငွေရှာပါတယ်တစ်နေ့မှာ သူ့ကာစီနိုကို လာတဲ့ ပွဲစားတစ်ယောက်နဲ့ ဆုံမိပြီး သူ့လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ' ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလို့ ရိုးသားဖြူစင်နေလှတယ်တော့ မဟုတ်ပါဘူး ။ မရှိတဲ့ စတော့ရှယ်ယာတွေကို လိမ်ရောင်းပြီး ရိုက်စားတဲ့နေရာတစ်ခုပါ။ဇ,ရှိပြီးသား ဆက်တစ်ယောက် ဒီလိုနေရာကို ရောက်လာချိန်မှာတော့......File size…(3.13GB) / (1.29GB) / (622MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Drama / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act ...
movie
Boiler Room (2000)
7.2
St. Vincent (2014)
St Vincent(2014) _________________ IMDb Rating - 7.2/10ကျွန်တော်တို့ ကြားဖူးကြတဲ့ Saint ဆိုတဲ့ သူတော်စင်တွေဟာ တကယ်တော့ ကျွန်တော်တို့လို လူသားစင်စစ်တွေပါပဲလူသားတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ ဘာမှမကွဲပြားကြပါဘူးဒါပေမယ့် သူတို့ကို ဘယ်အရာတွေက သူတော်စင်ဆိုပြီး ဖြစ်သွားစေတာလဲသာမန်လူတစ်ယောက်ထက် ဘယ်အရာတွေက ထူးခြားသွားစေနိုင်တာလဲ ဆိုတာကိုတော့ ဒီ ဇာတ်ကားလေး ကို ကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဗျာမင်းသားကတော့ GhostBusters,The Grand Budapest Hotel,Lost In Translation အစရှိသဖြင့် ဇာတ်ကားကောင်းများစွာနဲ့ နာမည်ကြီးပြီး Marvel ရဲ့ လာမယ့် Ant Man and the Wasp 3 မှာပါ ပါမယ်လို့ Confirmedထားတဲ့ မင်းသားကြီး Bill Murrayပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းဆိုပြီး ရေးပေးချင်ပေမယ့် ဘာကိုမှ များများစားစား ညွှန်းစရာမလိုဘဲ ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးမလို့ အချိန်ကုန်ရကျိုးနပ်ပါတယ်လို့ ပဲ ပြောချင်ပါတယ်(ဘာသာပြန်ပြီး ...
movie
St. Vincent (2014)