Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Donna Biscoe
The Supremes at Earl’s All-You-Can-Eat (2024)
အားလ်ရဲ့ အဝစားဆိုင်ကနေ The Supremes ဆိုပြီး နာမည်တွင်လာခဲ့တဲ့ အိုဒက်၊ ကလာရိစ်နဲ့ ဘာဘရာ ဂျင်းဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်အဖွဲ့ရဲ့ ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေစပြီး နောက်လာမဲ့ ဆယ်စုနှစ်သုံးခုအကြာမှာ ကြုံတွေ့ကြရမဲ့ အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လူမှုရေးနဲ့ ကိုယ်ပိုင်ဘဝတွေကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု၊ ပူဆွေးမှုစတဲ့ ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာပါ။လက်တွေ့ဘဝမှာ ကြုံကြိုက်တတ်တာလေးတွေကို ဖော်ပြတင်ဆက်ထားတာမို့ တိုက်ဆိုင်မှုလေးတွေပါလို့ ကြည့်ရှုရကျေနပ်စေမှာပါ..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
The Supremes at Earl’s All-You-Can-Eat (2024)
6.6
The Hunger Games: Mockingjay – Part 1 (2014)
The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
4K HEVC
6.1
The Sacrament (2013)
ဒီဇာတ်လမ်းကတော့ ဂိုဏ်းဂဏတွေ၊cultအယူမှားတွေနဲ့ အယူကြီးအယူသည်းတဲ့သူတွေကြားက ဖြစ်ရပ်ဆိုးတစ်ခုကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Midsommarနဲ့ ဇာတ်လမ်းကျောရိုးချင်းအတော်လေးဆင်တူသလို တချို့ပြကွက်တွေက စိတ်မခိုင်သူတွေကြည့်ဖို့မသင့်တဲ့ ပြကွက်တွေလည်း ပါဝင်ပါတယ်။နယူးယောက်က နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ VICE ကုမ္ပဏီရဲ့တည်ထောင်သူ၂ယောက်က သူတို့မိတ်ဆွေ ကင်မရာဆရာရဲ့ ညီမဆီက ရောက်လာတဲ့ စာတစ်စောင်ကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမဖိတ်တဲ့ နေရာတစ်ခုကို အတူတူခရီးထွက်လာကြပါတယ်။ ညီမဖြစ်သူဟာဆေးဖြတ်စခန်းကို ရောက်နေသူဖြစ်ပေမယ့် ဖာသာတစ်ယောက်ရဲ့လမ်းညွှန်မှုကြောင့် ဆေးပြတ်သွားသလို လက်ရှိမှာ ဖာသာနဲ့အတူတောတွင်းတစ်နေရာမှာ ကျောင်းတော်တစ်ခု ထောင်ထားတယ်လို့စာထဲမှာ ရေးထားတာပါ။ဒီလိုနဲ့ပဲ သူငယ်ချင်း၃ယောက် အဲဒီနေရာကို ရောက်သွားတဲ့အခါမှစာထဲမှာရေးထားတဲ့ အေးချမ်းဆိတ်ငြိမ်ပြီး မောဟကင်းတဲ့ရပ်ဝန်းတစ်ခု၊ ငြိမ်းချမ်းတဲ့ဘဝကို ရောက်စေမယ့်ကျင့်စဉ်ဆိုတဲ့ ရေးထားတာတွေ တစ်ခုမှမရှိနေဘဲ အထင်နဲ့အမြင် တက်တက်စင်လွဲနေတဲ့၊တစ်ခုခုမှားယွင်းနေတဲ့ နေရာတစ်ခုကို ရောက်သွားရာ အဲဒီနေရာကပြန်ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်။ File size…2.15GB / 1.11GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar ...
movie
The Sacrament (2013)
5.1
The Visitor (2022)
The Visitor (2022) =============ထူးဆန်းတဲ့ ကံကြမ္မာတွေနဲ့ အလှည့်အပြောင်းကြမ်းတဲ့ Horror, Thriller, Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရောဘတ်နဲ့ ဇနီးဖြစ်သူ မိုင်ရ်တို့ဟာ လန်ဒန်မြို့မှာ နေထိုင်ရင်း တစ်နေ့မှာ ရင်သွေးလေးနဲ့အတူ မိုင်ရ့်ရဲ့ဖခင်ကိုပါ မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတယ်။အဲဒီအတွက်ကြောင့် မိုင်ရ်ရဲ့ ဇာတိမြို့လေးကို ပြန်လာခဲ့ပြီး မိုင်ရ်အရင်က နေထိုင်ခဲ့တဲ့ အိမ်လေးဆီ ပြောင်းရွှေ့လာခဲ့ကြတယ်။ ထူးဆန်းမှုတွေရဲ့ အစကတော့ အဲဒီအိမ်လေးမှာ ရောဘတ်နဲ့ တစ်ပုံစံတည်းတူတဲ့ လူပုံပါရှိနေတဲ့ ပန်းချီကားကြီး တစ်ချပ်ကနေ စတင်လာခဲ့တော့တာပါ။တစ်မြို့လုံးမှာလည်း ရောဘတ်နဲ့ဆင်တူတဲ့လူပုံပါတဲ့ ပန်းချီကားတွေ ရှိနေပြီး မြို့ကလူတွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ရောဘတ်တစ်ယောက် ယုန်တွင်းကို နှိုက်မိသလိုပါပဲ။ မဆုံးနိုင်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ စောင့်ကြိုနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ကြည့်ရှု့သူတွေ အကြိုက်တွေ့ ကြဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (420 MB) / (220 MB) Quality............WebRip 1080p / 720p / ...
movie
The Visitor (2022)
2022
The In Between (2022)
The In-Between (2022) ============= Drama, Romance, SupernaturalValentine Day အမှီ အေးဆေးဖီးလ်နဲ့ကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးလာပါပြီတက်စ်ဆာဆိုတာ အချစ်ကိုအယုံကြည်မရှိဘဲ ဘ၀ထဲကိုဝင်လာတဲ့ လူမှန်သမျှ တွန်းထုတ်နေမိတဲ့ ကောင်မလေးတစ်ယောက်ပေါ့ .... အဖြူအမည်းကင်မရာနဲ့ဓာတ်ပုံေတွရိုက်ရတာ သဘောကျပြီး အချစ်အကြောင်းတွေကိုအများကြီးပြောတတ်တယ်... ပျော်ရွှင်စရာအဆုံးသတ်တွေကိုမယုံတဲ့ တက်စ်ဆာဟာ စကိုင်လာဆိုတဲ့ ကောင်လေးနဲ့ရုပ်ရှင်တစ်ရုံမှာတေွ့ရာကနေ ချစ်သူတွေဖြစ်လာပြီး သူ့အတွက် ပျော်စရာအဆုံးသတ်တစ်ခုဖြစ်လာမယ်ထင်ထားခဲ့တယ် ဒါပေမယ့် ကားအက်စီးဒင့်ေကြာင့် စကိုင်လာဟာသေဆုံးခဲ့ပြီး တက်စ်ဆာလည်း မသေရုံတမယ်အသက်ရှင်ခဲ့ပါတယ် ... နောက်ပိုင်းမှာ စကိုင်လာရဲ့ ဝိဉာည် ပေါ်လာကာ တက်စ်ဆာကို တမလွန်က ဆက်သွယ်လာပြီး မပြီးပြတ်ခဲ့တဲ့ အရာ...မပြောဖြစ်ခဲ့တဲ့စကားတေွကို In-Between ဆိုတဲ့ ဝိဉာည်လောက ကနေ ဆက်သွယ်ပြောဆိုလာခဲ့တဲ့အခါမှာတော့...... သဘာ၀လွန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဘယ်လိုအဆုံးသတ်သွားမလဲ ကိုယ်တိုင်ပဲခံစားလိုက်ကြည့်လိုက်ပါ.အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 834MB, 278MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....Thiha Yan Naing Encoder ..... August
movie
The In Between (2022)
2022
5.0
Along Came the Devil(2018)
Along Came the Devil(2018)(Zawgyi)သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ လက်တည့်စမ်းပြီးတော့ပဲဖြစ်ဖြစ် အပျော်သဘောနဲ့ပဲဖြစ်ဖြစ် ပရလောကသားတွေနဲ့ဆက်သွယ်မိကြတဲ့သူမျိုးတွေရှိကြမှာပါပဲ အဲ့အခါကျရင် ကိုယ်ဆက်သွယ်မိတဲ့ဝိညာဉ်က ကောင်းမွန်တဲ့ဝိညဉ်ဆိုရင် ပြသနာ မရှိပေမယ့် ကြမ်းတမ်းတဲ့သူနဲ့ချိတ်မိရင်တော့ မတွေးဝံ့စရာပါပဲ...ဒီဇာတ်လမ်းထဲမှာလဲ အဲ့အကြောင်းကိုအခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားပါတယ်...ဒီဇာတ်ကားထဲမှာ အက်ရှ်လေလို့ခေါ်တဲ့ မိန်းကလေးတစ်ဦးဟာ ကလေးဘဝကတည်းက မိခင်နဲ့ဝေးကွာခဲ့ပြီး ဒုက္ခရောက်ခဲ့ရတဲ့သူတစ်ယောက်ပေါ့ ..သူမဟာသူ့အမေကို အရမ်းတွေ့ချင်နေခဲ့ပြီး တစ်နေ့မှာသူငယ်ချင်းတွေနဲ့စုပြီး ဝိညာဉ်ခေါ်တမ်းကစားကြတယ် ..သူဟာအဲ့ကတည်းက သူ့နာမည်ကိုတစ်ယောက်ယောက်က မကြာခနခေါ်နေတာကိုကြားရတယ်....သူကတော့သူ့အမေလို့ထင်ပြီး နောက်တစ်ရက်မှာ သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ ထပ်ပြီးသူ့အမေဝိညာဉ်နဲ့ ဆက်သွယ်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာတော့ အက်ရှ်လေတစ်ယောက် သူ့အမေဝိညာဉ်နဲ့ ပြန်တွေ့မှာလား...တစ်ခြားဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်....(Unicode)သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ လက်တည့်စမ်းပြီးတော့ပဲဖြစ်ဖြစ် အပျော်သဘောနဲ့ပဲဖြစ်ဖြစ်ပရလောကသားတွေနဲ့ ဆက်သွယ်မိကြတဲ့သူမျိုးတွေရှိကြမှာပါပဲ အဲ့အခါကျရင် ကိုယ်ဆက်သွယ်မိတဲ့ဝိညာဉ်ကကောင်းမွန်တဲ့ ဝိညဉ်ဆိုရင် ပြသနာ မရှိပေမယ့် ကြမ်းတမ်းတဲ့သူနဲ့ချိတ်မိရင်တော့ မတွေးဝံ့စရာပါပဲ...ဒီဇာတ်လမ်းထဲမှာလဲ အဲ့အကြောင်းကိုအခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားပါတယ်...ဒီဇာတ်ကားထဲမှာ အက်ရှ်လေလို့ခေါ်တဲ့ မိန်းကလေးတစ်ဦးဟာ ကလေးဘဝကတည်းကမိခင်နဲ့ဝေးကွာခဲ့ပြီး ဒုက္ခရောက်ခဲ့ရတဲ့သူတစ်ယောက်ပေါ့ သူမဟာသူ့အမေကို အရမ်းတွေ့ချင်နေခဲ့ပြီး တစ်နေ့မှာသူငယ်ချင်းတွေနဲ့စုပြီး ...
movie
Along Came the Devil(2018)
2018
5.6
Night School (2018)
၂၀၁၉ နှစ်သစ်အချိန်အခါသမယလေးမှာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးမယ့် ပျော်ရွှင်စရာ ရယ်မောစရာ ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်…Kevin Hart , Tiffany Haddish စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေပါဝင်တဲ့အတွက် ပျော်ရွှင်ရယ်မောရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။….တက်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စာမကြိုးစားချင်ဘဲ အထက်တန်းကျောင်းကထွက်လာတဲ့ လူတစ်ယောက်ဖြစ်ပြီးအပြင်လောကကြီးကို စာသင်ကျောင်းသဖွယ်မှတ်ယူထားသူပေါ့…အထက်တန်းကျောင်းကနေထွက်ပြီး ၁၅ နှစ်ကြာတဲ့အချိန်မှာ အောင်မြင်တဲ့အရောင်းသမားတစ်ဦးအဖြစ်ရှိနေစဉ်ကာလမှာသူအလုပ်လုပ်ရာဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အလုပ်ကနေပြုတ်ခဲ့ပါတယ်…အထက်တန်းလွှာက အင်ဂျင်နီယာတစ်ယောက်ကို ရည်းစားတော်ထားတဲ့ တက်ဒီဟာ သူ့ရည်းစားစိတ်မပျက်ရလေအောင် အလုပ်ရှာဖို့ကြိုးစားပါသော်လည်းအထက်တန်းမအောင်တဲ့သူ့အတွက် လစာကောင်းတဲ့အလုပ်တွေ မရနိုင်လို့ အထက်တန်းအောင်လက်မှတ်ရဖို့ ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : Mp4 Genre : Comedy Subtitle : Myanmar ...
movie
Night School (2018)
2018
N/A
The Beach House (2018)
CM Fan တွေအတွက် မိသားစု အတူကြည့်ရှု့သင့်တဲ့ မိသားစု သရုပ်ဖော် ဇတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ကား မှာဆိုရင် အလုပ်တွေ အရမ်းကြိုးစားတဲ့ ကာရာ ဟာ အချစ်ရေးမှာလဲ အဆင်မပြေခဲ့သလို အလုပ်မှာလဲ အဆင်မပြေတွေ ဖြစ်ပြီးတဲ့နောက် အမေရှိရာ သူမကြီးပြင်းခဲ့ရာ မြို့ကို တစ်ခေါက် ပြန်ရောက်လာခဲ့တယ် သူမ အမေဆီ မရောက်တာ နှစ်တွေ အတော်ကြာသွားပါပြီ အမေကတော့ သူမ ဘာဖြစ်လာတယ် ဆိုတာ မသိပေမဲ့ နွေးထွေးစွာကြိုဆိုခဲ့ပါတယ်.... ဒါပေမဲ့ တစ်ယောက်ထဲ အထီးကျန်နေတဲ့ အမေ ဟာ နေထိုင်စရာမရှိပဲ လင်ကောင်မပေါ် ဗိုက်တစ်လုံးနဲ့ ဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကိုပါ အိမ်ပေါ် ခေါ်တင်ပေးထားတာ သိလိုက်ရပါတယ် သူမ မနှစ်သက်ပေမဲ့ ဘာမှတော့ အတွန့်မတက်ဖြစ်ပါဘူး.... ကာရာ ဟာ အမေ နဲ့ အတူ မရှိတာ ကြာပြီးနောက် သူမ အမေကြောင်းကို သိပ်မသိတဲ့ သူစိမ်းတစ်ယောက်လို ဖြစ်သွားခဲ့ကြောင်း တစ်ဖြေးဖြေး သိလာခဲ့ပါတယ် သူမ အမေကတော့ သားသမီးတွေ ခေါ်ရာမြို့ကြီးနောက် မလိုက်ဖြစ်ပဲ သူချစ်တဲ့ ပင်လယ်ပြင်ကြီး နဲ့ ဒီမြို့မှာပဲ ဖက်တွယ်နေခဲ့ပါတယ်.... ဇတ်လမ်းလေးက အေးမလိုလို နဲ့ မိသားစု မေတ္တာသရုပ်ဖော် ဇတ်လမ်းလေး ဖြစ်ပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အတွက်ပါ တစ်စေ့တစ်စောင်း ဖော်ပြထားပါတယ်... ဆက်လက်ကြည့်ရှုလိုက်ကြပါ.... File ...
movie
The Beach House (2018)
2018
6.6
Girls Trip (2017)
ကောလိပ်မှာအချစ်ဆုံးသူငယ်ချင်းဟောင်းတွေဖြစ်ကြတဲ့ Ryan, Sasha , Lisa နဲ့ Dina တို့တွေဟာကျောင်းပြီးသွားတဲ့အချိန်မှာတော့ တစ်ယောက်တစ်လမ်းဆီခွဲထွက်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြပါတယ်အိမ်ထောင်ကျပြီး ကလေး၂ယောက်အမေဖြစ်သွားတဲ့ လီဆာအောင်မြင်တဲ့စာရေးဆရာမ တစ်ယောက်ဖြစ်လာတဲ့ ရိုင်ယန်အတင်းပြောတဲ့ Blog တစ်ခုလုပ်ရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဆာရှာအရင်ကလိုပဲ ကလေးဆန်နေဆဲဖြစ်တဲ့ ဒီနာ တို့ရိုင်ယန်ရဲ့အလုပ်ကိစ္စတစ်ခုကြောင့် နယူးအော်လန်ကို အတူတူခရီးထွက်ဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်နယူးအော်လန်ကိုရောက်တဲ့အချိန်မှာပဲ ရိုင်ယန်ရဲ့ယောကျာ်းဖြစ်သူ စတီးဝပ် ဖောက်ပြန်နေတာကိုသိခဲ့ကြတယ်သူတို့သူငယ်ချင်းရိုင်ယန်ကို ဘယ်လိုကူညီကြမလဲယောကျာ်းနဲ့ဖောက်ပြန်နေတဲ့ စနိုက်ကြော်မကိုရော ၄ယောက်ပေါင်းပြီး ဘယ်လိုနှိပ်ကွပ်ကြမလဲနယူးအော်လန်မှာ သူငယ်ချင်း၎ယောက်ဘယ်လိုတွေ သောင်းကျန်းကြမယ်ဆိုတာကိုပရိတ်သတ်ကြီး ဆက်ကြည့်ရမှာပါဒီဇာတ်ကားက သူငယ်ချင်းတွေကြားမှာရှိတဲ့ သံယောဇဉ် နဲ့ အချစ် ကို ဖော်ပြတဲ့ဇာတ်ကားဖြစ်ပါတယ်စကားလုံးကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး BFF တွေနဲ့အတူကြည့်ပါ အူတက်အောင်ရယ်ရပါမယ် ?သူငယ်ချင်းတွေကိုချစ်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုပါ ? (ဘာသာပြန်သူကတော ပြည့်စုံပါ) File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : ...
movie
Girls Trip (2017)
2017
7.8
Hidden Figures (2016)
The untold story of Katherine G. Johnson, Dorothy Vaughan and Mary Jackson – brilliant African-American women working at NASA and serving as the brains behind one of the greatest operations in history – the launch of astronaut John Glenn into orbit. The visionary trio crossed all gender and race lines to inspire generations to dream big.Unicode(ဒေါ်ရသီဗန်း မယ်ရီဂျက်ဆန် နဲ့ ကတ်သရင်းဂျွန်ဆန်)အော်စကာ သုံးဆု ...
movie
Hidden Figures (2016)
2016