Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dong Yong
6
Three Old Boys ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Three Old Boys ( 2024 )
7.6
Fearless(2006)
တရုတ်ပြည်ရဲ့ဝူရှူးကို တစ်ကမ္ဘာလုံးသိအောင် အသက်သွင်းခဲ့ပေးတဲ့ ဟို့ရွမ်ကျားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဟို့ရွမ်ကျားနေရာမှာ ဂျက်လီကပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဟို့ရွမ်ကျားရဲ့ဘဝဇာတ်လမ်းကို ပီပီပြင်ပြင်နဲ့ ဟာကွက်မရှိဖော်ပြနိုင်ခဲ့သလို တရုတ်သိုင်းကားတွေရဲ့ထုံးစံအတိုင်း fight scene တွေပါပြောစရာမရှိအောင် မိုက်တာမို့ ဝမ်းနည်းပူဆွေးနဲ့အံ့ဩမင်သက်မှုရောထွေးပြီး ကြည့်ရလို့ ဘာသာပြန်သူပါနှစ်ခါပြန်ကြည့်မိတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်ဗျ။ File size…2.55GB / 1.32GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Aciton , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasaahi
movie
Fearless(2006)
6.2
The Silent War (2012)
CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ Silent War ဆိုတဲ့ တရုတ်ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ "Ting feng zhe" ဆိုတဲ့ နာမည်ကြီး တရုတ်ဝတ္ထု အပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို ၁၉၅၀ ခုနှစ်မှာ အခြေခံထားပါတယ်။ 1949 ခုနှစ် ပြည်တွင်းစစ် အပြီးမှာ တရုတ် အစိုးရဟာ ပြည်တွင်းမှာ နေထိုင်နေတဲ့ ကူမင်တန် သူလျှို တွေကို လိုက်လံ ရှင်းလင်းနေရဆဲပါ။ ဒီလိုရှင်းလင်းတဲ့ နေရာမှာ လျှို့ဝှက် အဖွဲ့အစည်း ဖွဲ့စည်းပြီး ကူမင်တန်တွေ ပေးပို့တဲ့ ကြေးနန်း သတင်းပို့ချက်တွေကို ရယူကာ လိုက်လံရှင်းလင်းရတာပါ။ ဒီလို လုပ်ဆောင် ရင်းနဲ့ တစ်နေ့မှာ ကြေနန်း ထုတ်လွှင့်နေတဲ့ ချန်နယ် ၁၂၀ လုံးပျောက်သွားပါတယ်။ ဘယ်သူမှ မဖော်ထုတ်နိုင်တဲ့ အတွက် ရန်သူရဲ့ အရေးကြီးသတင်းတွေကို ကြားဖြတ်ဖမ်းယူဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီလို အချိန်မှာ ...
movie
The Silent War (2012)
2012