Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dong Hyun-bae
6.9
Memories of a Dead End (2019)
[Unicode]ဒီတစ်ခေါက်မှာတော့ Girl Generation က မမ Soo Young အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Memories of a dead end ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းယူမီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမလက်ထပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ ကောင်လေးနဲ့ အချိန်အတော်ကြာ အဆက်သွယ်ပြတ်သွားပါတယ်စာမပြန် ဖုန်းလည်းမဆက်နဲ့မို့ ကောင်လေးရှိရာ ဂျပန်ကို လိုက်သွားခဲ့ပါတယ်ဒါပေမယ့် သူမ ရောက်သွားချိန်မှာတော့ မထင်မှတ်ထားတဲ့ ကံဆိုးမှုကသာ သူမကို ဆီးကြိုနေခဲ့တဲ့နောက်...အသဲကွဲဝေဒနာ ခံစားနေရတဲ့ ယူမီတစ်ယောက် ဒီနာကျင်မှုတွေကို ဘယ်လို အဆုံးသတ်မှာလဲသူမရဲ့ ဘဝသစ်မှာ ပျော်ရွှင်မှုတွေနဲ့ စတင်နိုင်ပါ့မလားဆိုတာဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) [Zawgyi]ဒီတစ်ခေါက်မှာတော့ Girl Generation က မမ Soo Young အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Memories of a dead end ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းယူမီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမလက်ထပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ ...
movie
7.3
Han Gong-ju (2013)
ဒီကားဟာ ကိုရီးယားနိုင်ငံက ၂၀၀၄ ခုနှစ်မှာဖြစ်ခဲ့တဲ့ မီရမ်ဂန်မုဒိန်းမှု ဆိုတဲ့ဖြစ်ရပ်မှန်အမှုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ကြောင်းအရင်ဆုံးပြောပြပါရစေ ပြီးတော့ ဒီကားကိုရိုက်တဲ့ဒါရိုက်တာ လီဆုဂျင်းဟာ ဒီဇာတ်ကားနဲ့ သူ့ရဲ့ပထမဆုံးဒါရိုက်တာဆုကိုရရှိခဲ့ပါတယ် ဒီဇာတ်ကားနဲ့ စုစုပေါင်း ဆု ၂၄ဆုကို ရရှိခဲ့ပါတယ် ဆန်ကာတင်စာရင်းဝင်တာကတော့ မရေတွက်နိုင်အောင်ပါပဲ ပြီးတော့ IMDB Rating ၇.၃ ရထားပါတယ် ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသူလေး၂ယောက်ဟာ မုဒိန်းကျင့်ခံရပါတယ် မုဒိန်းမှုလို့ကြားရင်ကို စိတ်ထဲမခံချိမခံသာဖြစ်နေရပါပြီ ဒါပေမယ့်ပိုဆိုးတာက တစ်ယောက်တည်းကကျင့်တာမဟုတ်ပဲ အုပ်စုဖွဲ့ပြီး တစ်ဒါဇင်သော ယောင်္ကျားလေးများက အလှည့်ကျကျင့်တာခံလိုက်ရတာပါ ကောင်မလေးတစ်ယောက်ကတော့ လောကကြီးကိုနှုတ်ဆက်ပြီး သတ်သေသွားပါတယ် ကျန်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အတွက် တရားဥပဒေက ဘယ်လောက်လုံခြုံမှုပေးမှာလဲ အသံချိုချိုလေးနဲ့သီချင်းတွေဆိုတတ်တဲ့ကောင်မလေး ရေကူးရတာကြိုက်တဲ့ကောင်မလေး မထုံတတ်တေးနဲ့ သိပ်ပြီးမတွေးတတ်တဲ့ အချိန်ပိုင်းတွေပဲလုပ်ပြီး ပိုက်ဆံရှာနေချင်တဲ့ကောင်မလေး ဒီလိုကောင်မလေးကို သူငယ်ချင်းအရင်းအချာဆိုတဲ့သူတွေက အုပ်စုဖွဲ့ပြီးမုဒိန်းကျင့်ခဲ့တာပါ ဒါပေမယ့် ပြန်ရလိုက်တာကရောတရားရဲ့လား ငွေများငွေနိုင် အာဏာရှိတဲ့သူတွေအနိုင်ရတဲ့ခေတ်ကြီးထဲက အင်အားမဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ အနာဂတ်ကို ဘယ်လိုများရှေ့ဆက်သွားနိုင်မလဲ ကိုယ့်ဘာသာပဲဆက်ကြည့်လိုက်ပါတော့နော် Translated By : ThinZar Htet Encoded By : XCode
movie
Han Gong-ju (2013)
2013
5.8
Money (2019)
Zawgyi=====၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten Tomatoes မှာ 67% အထိရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ရုံဝင်ငွေအနေနဲ့လည်း 25.1 million USD ရထားတာပါ။Cast တွေမှာလည်းလူသိများတဲ့ သရုပ်ဆောင်တွေချည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တောနယ်တစ်ခုကကြိုးစားပြီးတက်လာတဲ့ စတော့ခ်ရှယ်ယာပွဲစားပေါက်စလေးတစ်ယောက်မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်။သူချမ်းသာချင်တာပဲဖြစ်ပါတယ်။ဆင်းဆင်းရဲရဲနေခဲ့ရတဲ့သူတစ်ယောက်အတွက် ချမ်းသာချင်ကြတာချည်းပါပဲ။မိဘတွေရုန်းကန်နေရတာကိုကြည့်ပြီးသူချမ်းသာချင်လာတယ်။အဲတော့စတော့ခ်ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး စတော့ခ်ရှယ်ယာပွဲစားပေါက်စအဖြစ်အားကြိုးမာန်တက်အလုပ်ကြိုးစားမယ်ဆိုပြီး တက်လာပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ ထင်သလောက်မလွယ်သလိုသူများတွေကော်မရှင်ကပြွတ်သိပ်နေချိန်မှာ သူ့ခဏသုညဖြစ်နေရတာပါပဲ။ဒီလိုနဲ့တစ်နှစ်လောက်လုံးချာလည်လိုက်နေရင်းကနေ ချမ်းသာဖို့ဖြတ်လမ်းနည်းတစ်ခု သူရလာခဲ့ပါတယ်။ဘယ်သူ့ကြောင့်ရသွားတာလဲ။အဲဒီဖြတ်လမ်းနည်းကရော ရေရှည်အဆင်ပြေရဲ့လားဆိုတာတော့သူတို့စတော့ခ်ရှယ်ယာဈေးကွက်တွင်းကအရှုပ်အရှင်းတွေကြားဝင်ကြည့်ရင်းခံစားကြည့်ကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) Unicode======၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten ...
movie
Money (2019)
2019
N/A
Deja Vu ( 2018 )
လူခြေတိတ်ဆိတ်တဲ့ညတစ်ညမှာ ဂျီမင်က ခင်ပွန်းလောင်းဝူဂျင်နဲ့အတူကားမောင်းထွက်တုန်း ဝူဂျင်ကကားနဲ့ကျောင်းသူလေးတစ်ယောက်ကိုတိုက်မိခဲ့ပြီးအဲ့ဒီကျောင်းသူလေးကအခင်းဖြစ်ရာမှာပဲသေဆုံးသွားခဲ့ပါတယ်...ဝူဂျင်နဲ့ဂျီမင်တို့က သေဆုံးသွားပြီဖြစ်တဲ့ကျောင်းသူလေးကိုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတစ်နေရာမှာလူမသိအောင်မြုပ်ထားပစ်လိုက်ပါတော့တယ်...အဲ့နေ့ကစပြီး ဂျီမင်တစ်ယောက်ထင်ယောင်ထင်မှားတွေမကြာခဏမြင်ကြားနေရပြီးသေသွားတဲ့ကျောင်းသူလေးကိုလည်းမကြာခဏသူ့ရှေ့ပေါ်လာတာကိုမြင်နေရလို့စိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေခဲ့ပါတယ်....ဂျီမင်ကရဲစခန်းကိုသွားပြီး စုံထောက်အင်ထက်ဆီကိုအဲ့နေ့ကကားတိုက်မှုအကြောင်းကိုသွားတိုင်ကြားတဲ့အခါ အဖြစ်မှန်ကဒီတိုင်းပေါ်လာမှာလား....အဲ့ဒီသေဆုံးသွားတဲ့ကျောင်းသူလေးမှာ အဖေလိုတစ်ဖုံအစ်ကိုလိုတစ်ဖုံညီမလေးကိုအရမ်းချစ်တဲ့အစ်ကိုရှိနေမှန်းသူတို့မသိကြသောအခါ...အဲ့ဒီအစ်ကိုကရောသူ့ညီမလေးအတွက်ဘယ်လိုကလဲ့စားပြန်ချေပေးမှာလဲ....ဆိုတာဆက်လက်စောင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေ... Translated & Review By XiaoEncoded By LK
movie
Deja Vu ( 2018 )
2018
7.6
New World (2013)
New World (2013) IMDb - 7.6/10_____Rotten - 63% IMDb 7.6 ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ ရုပ်ရှင်ဆန်ကာတင်ဆုတွေရော ရထားတဲ့ ဆုတွေရော အပုံလိုက်ပါပဲ။ ရဲတွေနဲ့ လူဆိုးဂိုဏ်းတွေကြားက ပဠိပက္ခတွေကို အသွင်ယူထားတဲ့ Undercover တစ်ယောက်ရဲ့ အမြင်ကနေ ပြသွားတာပါ။ ခံစားစရာ တွေးစရာတွေ ကျန်ပါလိမ့်မယ်။ ကိုရီးယားကားများစွာထဲက အကောင်းတွေထုတ်နှုတ်ပြီးဘာသာပြန်ပေးနေတဲ့ ကို Htet Linn Kyaw လက်ရာပါ။ File Size : 970 MB Format : mp4 Duration : 2: 15: 14 Quality : Bluray 720p Translator : Htet Lin Kyaw Encoder : Littleneo
movie
New World (2013)
2013