Channel Myanmar

Dong Bang-woo

Collective Invention (2015) 6.2
Collective Invention (2015)  Collective Invention (2015) ************************** အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ်Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူးဇာတ်လမ်းအကြောင်းကတော့ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက်ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီးငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။File size…1.09 GB / 485 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by ...
movie

Collective Invention (2015)

The Berlin File (2013) 6.6
The Berlin File (2013) IMDb Rating (6.6)မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ဇာတ်လမ်းအကျဉ်းကတော့...မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာတိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ....အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ....။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:00:36 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sherlock Holmes
movie

The Berlin File (2013)

[18+]Female War: A Nasty Deal (2015) 5.9
[18+]Female War: A Nasty Deal (2015) အိမ်ထောင်ရေးမှာအချစ်မပါရင် ဆားမပါတဲ့ဟင်းလိုပဲ ပေါ့ပျက်ပျက်ရယ်ပါ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်က အွန်ယောင်း ပဲ အွန်ယောင်းက ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေတဲ့သူတယောက် နူးညံ့သိပ်မွေ့ပြီး နှလုံးသားလှသူတယောက် အထူးသဖြင့်သူမရဲ့ အမူယာဟန်ပန်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ပဲ သူမကို ကံထူးသွားသူကတော့ ပန်းချီဆရာတယောက်ရယ်ပါဒါပေမဲ့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကြမ္မာဆိုးကြီးဝင်မွှေပါတယ် ပန်းချီဆရာက မတော်တဆမှုနဲ့ မျက်လုံးနှစ်ဖက်ကွယ်သွားပါတယ် ကြံရာမရဖြစ်နေချိန် ခိုးကိုးရာမဲ့နေချိန်မှာပဲသူတို့ကို သတိထားမိသွားသူက ကင်ဆာရောဂါနဲ့ဘဝနေဝင်ချိန်ရောက်နေတဲ့ တစ်ကောင်ကြွက် ကုံလုံတဲ့အဖိုးကြီးတစ်ဦး...... သူတို့နှစ်ယောက်ကို ဂရုဏာသက်ပြီး သူ့မျက်လုံးကိုလှူဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အွန်ယောင်းကလည်း ကျေးဇူးသိတက်သူပီပီ အဖိုးကြီးကိုသေတဲ့အချိန်စောင့်ရှောက်ဖို့အားထုတ်ပါတယ်ဒါပေမဲ့လေ... အွန်ယောင်းလေးကိုမြင်တာများပြီး အဖိုးကြီးစိတ်ပြောင်းသွားတယ် မတော်တရော်တစ်ခုကိုတောင်းဆိုလိုက်တယ် မျက်လုံးနှစ်လုံးလဲရမယ် အမွေတွေအားလုံးလဲရမယ် သူနဲ့တညပဲအိပ်တဲ့လေ အွန်ယောင်း ဘယ်လိုမှမငြင်းသာတော့ပဲ ခင်ပွန်းသည်စက္ခုနှစ်ကွင်းအလင်းရဖို့ မျက်စိမှိတ်လိုက်ပါတော့တယ်ဒါပေမဲ့အဖိုးကြီးက စိတ်သာရှိပေမဲ့ကိုယ်ကလိုက်မလာပါဘူး အဲဒီအချိန်မှာ အွန်ယောင်းတယောက် ရှိသမျှပညာအကုန်ထုတ်သုံးပေမဲ့လည်း အွန်ယောင်း ရဲ့ကြိုးစားမှုတခုကလေ Naked Weapon ထဲက Maggie Q ညုတဲ့အခန်းကို သွားပြီးတော့သတိရစေမှာအမှန်ပါပဲဇာတ်လမ်းဇာတ်ကွက်တွေက ခမ်းနားပြီး အချစ်ရေး အိမ်ထောင်ရေး မိန်းမတယောက်ရဲ့ အနွံတာခံမှုတွေကို DS Fans တွေအကြိုက် အခန်းများများနဲ့ရောနှောထားတာမို့ ကြည့်ရှု့ကြည့်ပါဦး File size…1.9GB / 856MB Quality…1080p FHD  /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu ...
movie

[18+]Female War: A Nasty Deal (2015)

2015
Musudan (2016)
Musudan (2016) Musudan (2016)ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို့ လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို့ ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို့ တောင်ကိုရီးယားက အထူးတပ်ဖွဲ့ဖွဲ့ပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတပ်ဖွဲ့ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Yolanda Shwe ပဲ ဖြစ်ပါတယ်Genre.....Action, Mystery, Thriller Quality….1080p | 720p| 480p File size…1.4Gb | 745MB | 275MB Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Yolanda Shwe Encoder ..... August
movie

Musudan (2016)

Red Carpet (2014) 6.1
Red Carpet (2014)  ငယ်စဉ်တည်းက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် Porn Director တစ်ယောက်အဖြစ်ရပ်တည်နေရတဲ့ ပတ်ဂျောင်ဝူ... အမေဖြစ်သူနဲ့ လေဖြတ်နေတဲ့အဖေ ကို သူ့ရိုက်ထားတဲ့ ဇာတ်လမ်းလေး TVမှာလာတာကို ပြချင်ခဲ့ပေမယ့် လွှင့်မရတဲ့ဇာတ်ကားဖြစ်နေတော့ အကြောင်းအမျိုးမျိုးပြပြီး လိမ်ထားရတာပေါ့ဒီလိုနဲ့တစ်နေ့ သူ့ဆီကို အိမ်ဝယ်တာ အလိမ်ခံရတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ် အလိမ်ခံခဲ့ရတာကြောင့် နေရာမရှိဘဲ ပတ်ဂျောင်ဝူရဲ့ အိမ်မှာ ကပ်နေရတဲ့သူကတော့ ငယ်ငယ်က ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးပြီး မင်းသမီးဖြစ်ချင်နေတဲ့ ဂျောင်အွန်းဆူပါရုပ်ရှင်ရိုက်ဖို့အတွက် လူသစ်မိန်းကလေးသရုပ်ဆောင်ရှာနေတဲ့ ပတ်ဂျောင်ဝူးက ဒါရိုက်တာဆိုတာသိပေမယ့် ဘာကားရိုက်တဲ့ ဒါရိုက်တာမှန်းမသိဘဲ သူလည်းသွားလျောက်လေတော့...ဘာဆက်ဖြစ်မလဲ ဒီဇာတ်ကားလေးက ဟာသဆန်ဆန်ရိုက်ကူးထားပေမယ့် ပေးချင်တဲ့ မက်ဆေ့ကတော့ တော်တော်ကောင်းပါတယ် Porn ကားရိုက်တဲ့ မိန်းကလေးတိုင်း အပျက်မ မဟုတ်ပါဘူး...အလုပ်တစ်ခုဖြစ်ပြီး ဒါဟာလည်း အနုပညာတစ်ရပ်ပါပဲ ဇာတ်ကားထဲမှာ ဘယ်လိုပဲ ဖြစ်နေပါစေ အပြင်မှာတော့ မိန်းကလေးအားလုံးနဲ့ တန်းတူဆက်ဆံရမှာပါပဲ လေးစားမှု့ရှိရမှာပါပဲ လူတွေနေ့စဉ်ဘဝမှာ ဖြစ်ပျက်နေကြအရာတွေကို ကျန်းမာရေးရှူ့ထောင့်ကဖြစ်စေ ၊ လူ့သဘောသဘာဝကို ဖြစ်စေ ဖော်ပြပေးတဲ့ဇာတ်ကားတစ်ရပ်ပါအနုပညာဆိုတာကို ကျွန်တော်တို့ ဘယ်လို ...
movie

Red Carpet (2014)

Maggie (2018) 6.2
Maggie (2018) Maggie 2018 ============လူတွေရဲ့ ယုံကြည်မှုဟာ ဘယ်လောက်ထိ အရေးပါလဲတစ်ခုခု ယုံကြည်ချက်ရှိတယ်ဆို ကိုယ့်ယုံကြည်မှုအတိုင်းဆက်လုပ်မလားယုံကြည်မှုဟာ ဘာတွေနဲ့ သက်ဆိုင်လဲဘာတွေအပေါ်မှာ မူတည်နေလဲဒီဇာတ်လမ်းလေးမှာတော့ Itaewon class က စားဖိုမှူးမလေးကိုသူနာပြု ဆရာမလေး ယောယွန်ယောင်းအဖြစ် တွေ့ရမှာဖြစ်ပါတယ်ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၆ ဆု ရရှိထားတာဖြစ်ပါတယ်ဇတ်လမ်းအကျဉ်း"မာရီယာရဲ့ အချစ်"လို့ အမည်ရတဲ့ ဆေးရုံတစ်ရုံရဲ့ ဓာတ်မှန်ခန်းထဲက.....လူ၂ယောက် လိင်ဆက်ဆံတာကို ရိုက်ထားတဲ့ ဓာတ်မှန်ပုံကြီး ထွက်လာခဲ့ပါတယ်အဲ့့ပုံထွက်လာပြီးနောက်နေ့မှာပဲ ဆေးရုံမှာရှိသမျှ ၀န်ထမ်းတွေအကြောင်းအမျိုးမျိုးပြပြီး ခွင့်ယူသွားခဲ့တယ်ဒုဆေးရုံအုပ်နဲ့ သူနာပြုယောယွန်ယောင်းပဲ အလုပ်မှာရှိနေခဲ့ပါတယ်လူတွေကို သံသယ၀င်တတ်လွန်းတဲ့ ဒုဆေးရုံအုပ်နဲ့ ယုံကြည်တတ်လွန်းသူ ယောယွန်ယောင်း.....သူတို့တွေဟာ လူတွေအပေါ်မှာထားတဲ့ သူတို့ယုံကြည်မှုတွေမှန်ကန်ရဲ့လား စစ်ဆေးခဲ့တယ်အဲ့ထဲမှာ သူနာပြုယောယွန်ယောင်းရဲ့ ချစ်သူလည်းပါ၀င်ခဲ့ပါတယ်သူတို့ရဲ့ယုံကြည်မှုဟာ မှန်ကန်ရဲ့လားဘယ်သူတွေကို ယုံကြည်ဖို့ ရွေးချယ်လိုက်မလဲဆိုတာဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File Size – 1.4 GB Quality – 1080p FHDRip File Type – mp4 Duration – 1h ...
movie

Maggie (2018)

2019
Alice in Earnestland (2015) 6.8
Alice in Earnestland (2015) Alice in Earnestland (2015) ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်.. ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာ အခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ် စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာ ဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့ အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာ အထက်တန်းပဲဆက်တက်ရမလား စက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ် တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာ သိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့ အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲ အကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့် သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာ ခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ် ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူး ခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာ မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာ သုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတ အလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့် အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ် ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်. တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့ ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ.. သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ.. စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်း သူမဘာတွေကြုံတွေ့လာရမလဲ ဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့ အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ File Size - 1GB ,548MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Thiri Lwin Encoder - August
movie

Alice in Earnestland (2015)

2015
Green Fish (1997) 7.0
Green Fish (1997) [Unicode]Green Fish (1997) ============== IMDB Rating. = 7 out of 10 Rotten Tomatoes. = Not Yet Available Directed By Lee Chang DongGreen Fishရဲ့ ဇာတ်လမ်းအကျဉ်းကိုအတိုဆုံးရေးပြရရင် " တကယ်တမ်းမရှိတဲ့ ပျော်ရွှင်ခြင်းငါးစိမ်းကလေးကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း လဲပြိုရှုံးနိမ့်သွားရတဲ့လူတစ်ယောက်အကြောင်း"ပါပဲ။ကျွန်တော်တို့ရဲ့ ဘိုးတော်ကြီး လီချန်းဒုံရဲ့ ပထမဆုံးရုပ်ရှင်ပါ။ ပထမဆုံးပီသစွာပဲ လီချန်းဒုံရဲ့ ဝိသေသတွေနည်းသေးတယ်။ မသိမှုရသကိုလည်း ခပ်ပါးပါးပဲသုံးသေးတယ်။ သို့ပေမယ့် သူ့ရဲ့ ရက်စက်တဲ့ကမ္ဘာကြီးကတော့ ပထမဆုံးကားမှာတင် ပေါ်လွင်ပါတယ်။ပထမဆုံးလက်ရာတွေတိုင်းဟာ နောက်ပိုင်းလက်ရာ တစ်ချို့နဲ့ယှဉ်ရင် အမြဲအားပျော့နေတတ်ပါတယ်။ ဒါက ပထမဆုံးလက်ရာတွေရဲ့ အားနည်းချက်ပါပဲ။ ပထမဆုံး လက်ရာတွေရဲ့ အားသာချက်ကတော့ ဖန်တီးသူရဲ့နှလုံးသားပျိုမြစ်နေခြင်းပါပဲ"။ Green Fishဟာ နှောင်းပိုင်းလက်ရာတွေနဲ့ ယှဉ်ရင် အားပျော့ပေမယ့် လီချန်းဒုံရဲ့ အနုနယ်အပျိုပြစ်ဆုံး လက်ရာနဲ့ သူ့ရဲ့ Nostalgiaဖြစ်မှုကို ခံစားရမှာပါ။ဟိုသီချင်ဟောင်းက‌လေးထဲကလို "ရင်ဆိုင်ရင်း ရှုံးနိမ့်ရင် ဘဝမှာ ဖျောက်ဖျက်မရတဲ့ အမှားမ‌‌ျားတွေနဲ့လူ မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ ဒဏ်ရာ‌တွေ ကျန်ခဲ့တဲ့လူ" ဒီလိုလူတစ်ယောက် ...
movie

Green Fish (1997)