Channel Myanmar

Don Tjart

Bad Romance: The Vicky White Story (2023) 6.1
Bad Romance: The Vicky White Story (2023)  စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကိုBad Romance : The Vicky White Story လို့ပေးထားပြီးလက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲကဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ်တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသားထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကားဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ထောင်ဖောက်  အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကိုအသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်းထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်းသွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော်အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီကဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီးတောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ်မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက်သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာမကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက ...
movie

Bad Romance: The Vicky White Story (2023)