Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dominic Cooper
5.7
Reasonable Doubt (2014)
ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ်ဆိုတာကို သက်သေတွေအရ အကျိုးသင့်အကြောင်းသင့်သံသယဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါဒါပေမဲ့ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင်ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့ Reasonable Doubtဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်..ဘာလို့လဲဆိုတော့လူတစ်ယောက်ကို အဲလိုမျိုးအကျိုးအကြောင်းသင့်သံသယဝင်ခံရအောင်လုပ်ဖို့ကပစ္စည်းသက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ.ကဲ ဆိုတော့ ဒီဇာတ်ကားမှာအဲဒါကိုသေသေချာချာမြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူဟာ အစိုးရခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ်သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါတစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်းအိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိခဲ့ပါတယ်.အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက်မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်းဖန်လာတော့တာပါပဲမစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ..မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ...ဆိုတာကိုဆက်ကြည့်ရင်းနဲ့ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ File size…1.03GB / 446MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Reasonable Doubt (2014)
6.9
My Week with Marilyn (2011)
My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie
My Week with Marilyn (2011)
2011
6.3
Dracula Untold (2014)
Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie
Dracula Untold (2014)
2014
4K HEVC
7.3
An Education (2009)
မင်းသမီးချောလေး Carey Mulligan က ဂျန်နီ အဖြစ်နဲ့ မင်းသားကြီး Peter Sarsgaard က ဒေးဗစ် အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ 2009 ခုနှစ်မှာထွက်ရှိခဲ့ပြီး rating လည်းအသင့်အတင့်ရရှိထားတဲ့ Drama/Romanceအမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ကျောင်းမှာစာလည်းတော် ဂီတမှလည်း ပါရမီပါတဲ့ မြီးကောင်ပေါက်မလေး ဂျန်နီ တစ်ယောက် ကျောင်းတော်ကြီးမှာ အလိမ်မာလေးပေါ့ တစ်နေ့တော့ ဒေးဗစ်ဆိုတဲ့ ရုပ်ရှိရေလျှံဘဲကြီးတစ်ပွေနဲ့တွေ့ပြီး ဘဲကြီးကလည်း ရှယ်အမ်းတော့ ဒီကောင်မလေးကြွေပြီပေါ့နော်......မနူးမနှပ်လေး ဂျန်နီ ရဲ့ပထမဆုံး အချစ်ခရီးလမ်းအတွေ့အကြုံလေးဟာ တစ်နေ့မှာတော့ မျှော်လင့်မထားတဲ့ ကံဆိုးမှုတွေနဲ့တွေ့ကြုံလာချိန်မှာတော့.......ပညာပေးကားလေးတစ်ကားလိုလည်းဖြစ် ဘဝမှာပညာရှာချိန်ပညာရှာ ကြင်ယာရှာချိန်ကြင်ယာရှာဆိုတဲ့ စကားတွေဟာ အလကားမဟုတ်ဘူးဆိုတာကို မြင်သာအောင်ရိုက်ပေးထားတဲ့ Drama/Romance ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.85 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie
An Education (2009)
6.9
The Duchess (2008)
Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချောKeira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooperတို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့အထိကောင်းလွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်Georgiana ...
movie
The Duchess (2008)
6.4
Dead Man Down (2013)
“ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့်တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ”နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကိုသူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေးဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲမြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့်ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလိုဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာကယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သားချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကိုတစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကိုလိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား.ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲကသံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက်ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်းစတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , ...
movie
Dead Man Down (2013)
7.2
Breakfast on Pluto (2005)
Breakfast on Pluto (2005)ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော် တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့ အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ 'ကစ်တန်' ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိ သရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ဇာတ်လမ်းအကျဥ်းပြောရရင်တော့ သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာ မွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာ ငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီး သူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့် ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့် တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကို ရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် ...
movie
Breakfast on Pluto (2005)
2005
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)
6.8
Warcraft: The Beginning (2016)
Warcraft: The Beginning (2016)အညွှန်း ******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ......Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ....Orc ...
movie
Warcraft: The Beginning (2016)
2016
4K HEVC
6.0
The Princess (2022)
The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်းလှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ချောလေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်...အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt
movie
The Princess (2022)
6.9
Captain America: The First Avenger (2011) MCU
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Captain America: The First Avenger (2011) MCU
2011
6.8
From Hell (2001)
CM Fan တွေ အတွက် မင်းသားကြီး Johnny Depp ငယ်စဉ်က သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ From Hell ဆိုတဲ့ သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ် IMDb Rating 6.8 ထိ ရရှိထားပါတယ် Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ် ဇတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာ ရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့ အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့ စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ် သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ် ပုံစံ အရ ပြောရရင် မင်းသိင်္ခ ၀တ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့... တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်း တစ်ခုဖြစ်ခဲ့ပါတယ်... အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက် ...
movie
From Hell (2001)
2001
6.7
Mamma Mia! Here We Go Again (2018) IMDb - 6.7/10_____Rotten - 79% ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး....အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်...ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ...ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး...အညွှန်း- ...
movie
Mamma Mia! Here We Go Again (2018)
2018
6.4
Mamma Mia! (2008)
Mamma Mia! (2008) IMDb - 6.4/10_____Rotten - 54% Blu-Ray 1080p 5.1 CH x 264 ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 ...
movie
Mamma Mia! (2008)
2008
6.0
The Escape (2017)
ဒီ Escape ဆိုတဲ့ ဇာတ်လမ်းကို အိမ်ထောင်ပြုဖို့ စဉ်းစားထားတဲ့ မိန်းကလေးတွေနဲ့ ကိုယ့်မိန်းကလေးကို ကိုယ့်ဘေးနားမှာ မထွက်သွားနို်င်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတဲ့ ယောက်ျားလေးတွေကြည့်သင့်တဲ့ Art house / Drama အမျိုးအစားကားကောင်းလေးတစ်ခုပါ။ Rotten Tomato- 93% ထိ ရထားတဲ့ ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကတော့ လန်ဒန်က ဆင်ခြေဖုံးရပ်ကွက်လေးမှာ တာရာ က သူ့ယောက်ျားနဲ့ သူ့ကလေးနှစ်ယောက်နဲ့ အတူတူနေထို်င်ပါတယ်။တစ်နေ့တစ်နေ့ ကလေးကျောင်းကြိုကျောင်းပို့၊ အိမ်မှုကိစ္စတွေလုပ်နေရတဲ့ သူမဟာ ကြာလာတော့ မိသားစုနဲ့နေရတာ မပျော်တော့ပါဘူး။သူမအတွက် တက်လမ်းမရှိတော့တဲ့ အိမ်ထောင်သည်ဘဝကို သူမ ငြီးငွေ့လာတဲ့အခါ၊သူမယောက်ျားဖြစ်သူ မာ့ခ်က သူမကို လိုလေသေးမရှိထားပေး၊ဂရုစိုက်ပေးပေမဲ့လည်း သူမ မပျော်တော့တဲ့အခါ သူမ မိသားစုကို ကျောခိုင်းပြီး ဘဝသစ်ထူထောင်လေမလား၊ဇွဲမလျှော့တဲ့ သူမ ယောက်ျားနဲ့ချစ်စရာကလေးတွေရဲ့ အသံကိုကြားပြီး သူမရဲ့မိသားစုအသိုက်အမြုံမှာပဲ ဆက်လက်နှစ်မြုပ်နေမလားဆိုတာ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star ပါ)File Size : ...
movie
The Escape (2017)
2017
6.4
Mamma Mia! (2008)
Mamma Mia! (2008) IMDb - 6.4/10_____Rotten - 54% Blu-Ray 1080p 5.1 CH x 264 ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 ...
movie
Mamma Mia! (2008)
2008
5
Stratton (2017)
အခုမိတ်ဆက်ပေးချင်တဲ့ Stratton ဆိုတဲ့ဇာတ်ကားလေးကတော့ ဗြိတိန်အက်ရှင်ကားလေးပါ SBS ရဲ့တာဝန်ရှိသူ Stratton ကသူ့ရဲ့ပါတနာ Marty နဲ့အတူ ဇီဝလက်နက်ကို ယူဖို့ အီရတ်က ဓာတ်ခွဲခန်းမှာ သွားရောက်ရှာဖွေရပါတယ် မစ်ရှင်ကလွဲပြီး သူ့သူငယ်ချင်း Marty က သေလောက်တဲ့ဒဏ်ရာရသွားပါတယ် အဲနောက်တော့ သူ့ရဲ့အထက်လူကြီး သတင်းရတာက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသေဆုံးပြီလို့ထင်ထားခဲ့တဲ့ အရင်က ဆိုဗီယက်တာဝန်ရှိသူ Barovski က လက်စားချေဖို့ပြန်လာတယ်ဆိုတဲ့သတင်းပါ အဲအခါမှာ Stratton နဲ့သူ့အဖွဲ့ဟာ စိတ်ကူးယဉ်လို့မရနိုင်လောက်တဲ့ အဖြစ်အပျက်တွေကိုတားဆီးဖို့ အချိန်နဲ့အမျှ လေ့ကျင့်ရပါတော့တယ် သူတို့တွေ ဘယ်လိုလေ့ကျင့်ကြမယ်ဆိုတာနဲ့ Barovski ကိုနိုင်အောင်တိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ပီပီပြင်ပြင်နဲ့ ရိုက်ပြထားတဲ့အက်ရှင်ကားကောင်းလေးပါ စိတ်ဝင်စားဖွယ်ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့မလို့ ကြည့်ရှုသင့်တဲ့အက်ရှင်ကားတစ်ကားလို့ ပြောလို့ရပါတယ် CM ပရိသတ်ကြီးရေ File Size : (700 MB) and (280MB) Quality : Bluray 720p Running Time ...
movie
Stratton (2017)
2017