Channel Myanmar

Dolya Gavanski

Our Kind of Traitor (2016) 6.2
Our Kind of Traitor (2016)  အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie

Our Kind of Traitor (2016)

In the Land of Blood and Honey (2011)
In the Land of Blood and Honey (2011)  ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး)File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre...Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

In the Land of Blood and Honey (2011)