Channel Myanmar

Dolly De Leon

Jackpot! (2024) 5.8
Jackpot! (2024) Jackpot 2024နာမည်ကျော် ကိုရီးယား Squid Game တို့ The hungover games တို့လို Fun ဂိမ်းတွေဆော့ သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvel သရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့ awkwafina တို့ အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို သရုပ်ဆောင်ဖြစ်ဖို့အတွက် ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြို့မှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖို့လိုတာပေါ့။ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့ တစ်မြို့လုံးက လိုက်သတ်နေတဲ့ ကေတီ့ကိုသူလည်း ကာကွယ်မပေးနိုင်ပါဘူး။ အဲ့လိုနဲ့ ပြေးကြရင်း သူတို့လို ထီပေါက်တဲ့လူတွေကို အကာအကွယ်ပေးပြီး ကော်မရှင်ယူတဲ့ ရှမ်းကြီးတို့တဲ့ ...
movie

Jackpot! (2024)

2024
Ghostlight (2024) 7.7
Ghostlight (2024)  ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ မှ ထွက်ရှိထားတာဖြစ်ပြီးတော့IMDb rating 7.8 အထိ ရရှိထားတဲ့Family Dramaအမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း-ဒန်ဟာ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးသူ့ဇနီးနဲ့ အနုပညာဝါသနာပါတဲ့ သမီးလေး ဒေစီနဲ့အတူနေထိုင်တယ်။ ဒန် တို့ မိသားစုက အတိတ်က ဖြစ်ရပ်တွေကြောင့်စိတ်ဒဏ်ရာကိုယ်စီ ရှိနေခဲ့တာဖြစ်ပြီး မိသားစုအတွင်းမှာလည်းထုတ်မပြောနိုင်ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေရှိနေကြတယ်။တစ်နေ့မှာတော့ ဒန်က မမျှော်လင့်ထားပဲ ပြဇာတ်အဖွဲ့တစ်ခုနဲ့ပူးပေါင်းမိသွားတယ်။ ပြဇာတ်အဖွဲ့က ရိုမီယိုနဲ့ဂျူးလိယက်ပြဇာတ်အတွက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစုအတွင်း ဆက်ဆံရေး၊ချစ်ခြင်းမေတ္တာနဲ့ စိတ်ဒဏ်ရာတွေကြောင့် ထိခိုက်ရပုံတွေကိုဇာတ်လမ်းသွား အေးအေးလေးနဲ့ဖော်ပြထားတာဖြစ်ပြီး ဒန်တို့မိသားစု ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတွေအကြောင်း တင်ဆက်ထားတာဖြစ်ပါတယ်။Family Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ။ File size…2.19GB/ 1.04GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Ghostlight (2024)

Iti mapukpukaw (2023) 7.2
Iti mapukpukaw (2023) The Missing ( 2023 )ရှားရှားပါးပါး Rotten tomatoes ၁၀၀ရာခိုင်နှုန်းရထားတဲ့ ဖိလစ်ပိုင် အန်နီမေးရှင်းကားပါ။  ဖိလစ်ပိုင်အနေနဲ့ အော်စကာ ရွေးချယ်ဖို့တင်သွင်းခဲ့တဲ့ ပထမဆုံးအန်နီမေးရှင်းကားလည်း ဟုတ်ပါတယ်။ အကြောင်းကြောင်းနဲ့ ဆန်ခါတင်တောင် မဝင်သွားခဲ့ပေမဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။The Missing ( 2023 )ဟာ  ထရော်မာတွေ အရိပ်မဲတွေကို စိတ်ကူးယဉ်ဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်လို့ပြောလို့ရတယ်။ အဓိကဇာတ်ကောင်ကတော့ animatorအနေနဲ့ အသက်မွေးနေတဲ့ကောင်လေးတစ်ယောက်ပေါ့။ တိုက်ခန်းရှိတယ်။ အလုပ်ကောင်းကောင်းရှိတယ်။ သူကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့မှာမရှိတာကတော့ ပါးစပ်ပါပဲ။ သူဘာလို့ ပါးစပ်မရှိဖြစ်သွားလဲ သူ့ထရော်မာတွေကရော ဘာတွေလဲ ဒီထရော်မာတွေကို သူကျော်လွှားနိုင်မလားဆိုတာကိုရော စိတ်ကူးယဉ်ဆန်ဆန် ပြထားတဲ့ အန်နီမေးရှင်း ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ သမားရိုးကျလို ရိုးရိုးရှင်းရှင်းမပြဘဲ တော်တော်အသိရခက်တဲ့ပုံစံနဲ့ တင်ပြထားတာမို့ ဒီလိုအသိရခက်တဲ့အမျိုးအစားကို ကြိုက်တဲ့လူတွေနဲ့ပဲ ပိုသင့်တော်ပါလိမ့်မယ် ( ဘာသာပြန်ပြီး ...
movie

Iti mapukpukaw (2023)

Verdict (2019) 7.4
Verdict (2019) ဒီကားလေးကတော့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တာလေးကို လက်တွေ့ဆန်ဆန်လေးရိုက်ပြထားတဲ့ကားလေးတစ်ကားပါ......ဂျွိုင်းဆန်းတို့စ် နဲ့ ဒန်တီဆန်းတို့စ်တို့က လင်မယားတွေပါ သူတို့မှာ အိန်ဂျယ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်......တနေ့ ဂျွိုင်းရဲ့ အဖေမွေးနေ့ပွဲအတွက် ဂျွိုင်းတို့မိဘတွေက အိမ်လာပြီးညစာစားဖို့ဖိတ်တော့ ဒန်တီကလည်း လိုက်မယ်ဆိုတာနဲ့ သူတို့သားအမိနှစ်ယောက် မိုးချုပ်တဲ့အထိစောင့်ခဲ့ကြတာပေါ့......ဒီလိုနဲ့ အချိန်ကလည်းနောက်ကျလာ ဒန်တီကလည်း ပြန်ရောက်မလာတာကြောင့် သားအမိနှစ်ယောက်ပဲ ဂျွိုင်းမိဘတွေဆီသွားလိုက်ရတယ်......ပြန်လာတော့ ဒန်တီက သူ့ကို စာမပို့ရကောင်းလား မစောင့်ရကောင်းလားဆိုပြီး မူးမူးနဲ့ ရိုက်နှက်ပါလေရော အဲဒီမှာ ဂျွိုင်းရော သမီးလေး အိန်ဂျယ်ပါ ဒဏ်ရာတွေရသွားတော့ ရဲတိုင် ဆေးရုံရောက်တွေဖြစ်သွားတော့တာပေါ့.....အဲဒီမှာပဲ သူတို့နှစ်ယောက်ကြား တရားရင်ဆိုင်ရတာတွေ ပိုက်ဆံရဲ့ ပြောစကားတွေ လူတွေက ကိုယ့်ကိုယ်မှမထိရင် မနာတတ်တဲ့အကြောင်းတွေ အစုံစုံကို ကြည့်ရှုရင်း ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာလေးကို စောင့်စားကြည့်ရှုလိုက်ကြပါဦးလို့...... File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr.Anderson & Gerfield
movie

Verdict (2019)

A Very Good Girl (2023) 5.7
A Very Good Girl (2023) A Very Good Girl [2023] ( IMDb 5.8/10, RT 58% )မာစီဆိုတဲ့ ကောင်မလေးဟာ သူ့အမေသေဆုံးသွားအောင် လုပ်ခဲ့တဲ့ မားသားမောလ် ကုန်တိုက်ပိုင်ရှင် မော်လီကို လက်စားချေဖို့ ကြံစည်ထားတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်... မာစီတို့ဟာ ကိုယ်ကကောင်းရင် အများက ပြန်ကောင်းလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ခဲ့ကြပေမယ့် လက်တွေ့လောကဟာ သူတို့ ထင်သလို ဖြစ်မနေပါဘူး... ဒီလိုနဲ့ မိခင်ကိုပါဆုံးရှုံးရပြီးတဲ့နောက်မှာ မာစီ အသက်ရှင်ရတဲ့ အကြောင်းပြချက်ဟာ တစ်ခုသာရှိပါတော့တယ်... အဲ့ဒါက မော်လီကို လက်စားချေဖို့ပါပဲ... အဲ့အတွက် မာစီဟာ ဖီလိုဆိုတဲ့ လူကုံထံမလေးအသွင်ဆောင်ပြီး မော်လီ့အဝန်းအဝိုင်းထဲကို ရောက်ဖို့ ကြိုးစားပါတော့တယ်... ဒီနောက်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် သူစီစဉ်အကွက်ချထားတဲ့အတိုင်း ကြိုးစားပါတော့တယ်... ဇာတ်လမ်းဟာ ပရိသတ်ထင်သလိုတော့ သာမန်ဇာတ်ကားများနည်းတူ အဆုံးသတ်သွားတာ မဟုတ်ဘဲ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, ...
movie

A Very Good Girl (2023)

2023
Keys to the Heart (2023) 6.4
Keys to the Heart (2023) Keys to the Heart (2023) ================== IMDb Rating - 6.4/10ဒီဇာတ်လမ်းလေးကတော့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းလေးပါ။ တစ်ယောက်တည်းနေရတဲ့ လက်ဝှေ့ထိုးသမားဂျိုမာက အားက စားရုံမှာ အလုပ်လုပ်ရင်း ပြဿနာတက်ပြီး အလုပ်အထုတ်ခံလိုက် ရတယ်။ အလုပ်ထုတ်ခံရလို့ မူး​အောင်သောက်တဲ့ညမှာပဲ ကားပါ အတိုက်ခံလိုက်ရလို့ ဆေးရုံရောက်သွားပါတယ်။သူနဲ့ကွဲနေတာကြာပြီဖြစ်တဲ့ အမေမှာလည်း နောက်အိမ်ထောင်နဲ့ ရထားတဲ့ အော်တစ်ဆန်(autism)ရောဂါရနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ဂျိုမာရဲ့ အမေတူ အဖေကွဲညီလေးပေါ့။ ပိုက်ဆံအခက် အခဲလည်းရှိတာကြောင့် သွားစရာနေရာမရှိတဲ့အဆုံး ဂျိုမာဟာ သူ မမြင်ချင်တဲ့ သူ့အမေအိမ်မှာ နောက်အလုပ်မရမချင်း လိုက်နေရပါ တော့တယ်။ ဂျိုမာ သူ့အမေကို အဆက်အသွယ်မလုပ်ဘဲ မုန်းနေတဲ့ အချက်ကတော့ သူငယ်ငယ်က သူ့အမေသူ့ကို အရက်သမားလူရမ်း ကားဖြစ်တဲ့အဖေနဲ့ စွန့်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့လို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အနေ​ဝေးခဲ့တဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံဆည်းပြီး ဘယ်လိုမေတ္တာတရားတွေ ပေါက်ဖွားလာမလဲဆိုတာကို နွေးထွေးဖွယ် ကြည့်ရှုရမယ့် Drama ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (589 MB) Quality............WEB-RIP 1080p / ...
movie

Keys to the Heart (2023)

2023
Nothing Like Paris (2023) 7
Nothing Like Paris (2023) Nothing Like Paris (2023)IMDb - 7/10လူတစ်ယောက်ရဲ့ဘဝမှာသုံးကြိမ် ချစ်မိတတ်တယ် ငါကတော့ ပထမ ဒုတိယ တတိယ အရာအားလုံးမင်းပါပဲ.....လှပါတယ်ဆိုတဲ့အချစ်မြို့တော် ပါရီ/ပဲရစ်မြို့ရဲ့ လမ်းသွယ်တွေမှာ လမ်းပတ်လျှောက်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြတဲ့ Before sunset ထဲက Jessie နဲ့ Celine ကိုမှတ်မိကြတယ်ဟုတ် အဲ့လို vibe လေးကို ဒီဖိလစ်ပိုင်အချစ်ဇာတ်ကားလေးမှာပြန်ခံစားမိတယ်ပြောရရင် ဇာတ်အိမ်မတူပေမဲ့ ကော်ဖီဆိုင်တူတူထိုင်တာ သုဿန်ကိုတူတူသွားကြတာ စသဖြင့် ရိုက်ကွင်းနေရာလေးတွေကိုလည်း reference ယူထားတာကိုတွေ့ရတယ် နှစ်ယောက်သား လမ်းလျှောက်စကားဖောင်ဖွဲ့ရင်း အချစ်အကြောင်း ဘဝအကြောင်း အနုပညာအကြောင်းတွေဆွေးနွေးကြနဲ့ ကြည့်ရတာတကယ်ကို ငြိမ့်ငြိမ့်လေးပါပဲ Ghost ကားထဲက အိုးလုပ်တဲ့ ဂန္ဓဝင်အခန်းလေးကိုတောင် လက်စွမ်းပြ မှီငြမ်းထားတဲ့တစ်ခန်းပါပါသေးတယ်ဇာတ်ကားလေးက ရိုက်ချက်တွေ ရိုက်ကွင်းတွေ ဒိုင်ယာလော့တွေ အပြစ်ပြောစရာမရှိသလို ဇာတ်အိမ်လေးကလည်း ရိုးရိုးလေးနဲ့ပဲ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ပဲရစ်မြို့က ဖိလစ်ပိုင်ပန်းချီဆရာ ဂျိုဂျို နဲ့ သူ့ရဲ့လက်ရာပုံတူပန်းချီထဲက ငယ်သူချင်းကောင်မလေး မေရီတို့ရဲ့ အချစ်ကို ရှာဖွေကြပုံ အချစ်ကို အဓိပ္ပာယ်သတ်မှတ်ကြပုံလေးတွေကို တီးလုံးလှလှလေးတွေနဲ့ ကြည့်ရှုနိုင်ဖို့ ...
movie

Nothing Like Paris (2023)

2023
Triangle of Sadness(2022) 7.8
Triangle of Sadness(2022) ကဲ CMပရိသတ်ကြီး စောင့်မျှော်နေတဲ့ Triangle of Sadness ကို တင်ဆက်ပေးလိုက်ပါပြီဗျာ.. IMDb 7.8နဲ့ Rotten Tomatoes 70%ရထားတာဆိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်.. သရုပ်ဆောင်တွေကတော့ Now You See Me, Venom, Zombieland ဇာတ်ကားတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ထားတဲ့ မင်းသားကြီး Woody Harrelson နဲ့ Maleficent ထဲက Aurora ရဲ့ချစ်သူမင်းသားလေး Harris Dickinson တို့ပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဥ်း နာမည်ကြီး ဖက်ရှင်မော်ဒယ်စုံတွဲအပါအဝင် ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေဟာ ဒေါ်လာသန်း၂၅၀တန်တဲ့ ဇိမ်ခံသ‌င်္ဘောကြီးနဲ့ အပျော်ခရီးထွက်ကြပါတယ် သ‌င်္ဘောရဲ့ကပ္ပတိန်က အရက်ချိုး သောမတ်စ်ပါ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် ပင်လယ်ထဲမှာ အဲဒီသ‌င်္ဘောကြီး မြုပ်ပါတော့တယ် မော်ဒယ်စုံတွဲအပါအဝင် အသက်ရှင်ကျန်သူတွေဟာ ကျွန်းတစ်ကျွန်း‌ပေါ်မှာ သောင်တင်သွားပြီး ဒုက္ခရောက်ကုန်တော့တာပါပဲ သ‌င်္ဘောက ဘာလို့မြုပ်တာလဲ.. အထက်တန်းစားဘောစိတွေ Survival Mode နဲ့ ရှင်သန်နိုင်ပါ့မလား.. ကျွန်းပေါ်ကနေ လွတ်လမ်းရောရှိမှာလားဆိုတာကို မထင်မှတ်ထားတဲ့ Plot Twistတွေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်ဒီဇာတ်လမ်းရဲ့ အသက်ကတော့ ...
movie

Triangle of Sadness(2022)

2022
[18+] #DoYouThinkIAmSexy? (2022) 6.2
[18+] #DoYouThinkIAmSexy? (2022) #DoYouThinkIAmSexy? (2022)~ IMDb rating - 6.2/10 ~ချာလိစ်ဟာ မြို့မှာကျောင်းတက်ရင်းအလုပ်လုပ်နေတဲ့အဆောင်သူလေးတစ်ယောက်ဖြစ်ပြီး နေ့ခင်းဘက်မှာ ကျောင်းတက်သလို ညဘက်တွေမှာ အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုကတစ်ဆင့် ဆက်စီကပြတာတွေ အဖော်အချွတ်လုပ်ပြတာတွေကို အခကြေးငွေနဲ့လုပ်ဆောင်ပါတယ်။ ဒါတွေကိုစောင့်ကြည့်နေခဲ့သူကတော့ သူ့ရဲ့ ပရော်ဖက်ဆာ ထရစ်စတန်ပါပဲ။ ချာလိစ်ရဲ့ကျောင်းချိန်မမှန်တာ၊အိမ်စာပုံမှန်မလုပ်တာ အမှတ်နည်းတာတွေကိုအကြောင်းပြ အိမ်လာခိုင်းပြီး အဓမ္မပြုကျင့်လိုက်တဲ့နောက် ကျောင်းဘုတ်အဖွဲ့ကိုတိုင်ခဲ့ပေမယ့်လဲ ထရစ်စတန်ဘက်ကသာဖြစ်တဲ့ ကျောင်းတာဝန်ရှိသူတွေဟာ အရေးမယူတဲ့အပြင် သားကောင်ဖြစ်ခဲ့ရတဲ့ သူ့ကိုပါ ကျောင်းနားခိုင်းလိုက်ပါသေးတယ်။ တစ်ဖက်ကလဲနေရာတကာဝင်ပါတတ်လွန်းတဲ့ ရှေးရိုးစွဲတွေရဲ့ကန့်ကွက်မှု ကြောင့်သူတို့ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်ဟာ ပိတ်ရလုနီးပါးဖြစ်နေပါတယ်။ ဒီအကျပ်အတည်းတွေကနေ သူဘယ်လိုရုန်းထွက်မလဲ? ကြောင်သူတော်သူ့ဆရာကိုထိုက်သင့်တဲ့ပြစ်ဒဏ်ပေးအပ်နိုင်ပါ့မလား?ဒီတစ်ခေါက်ဇာတ်ကားကတော့ Cam girl လေးတွေရဲ့ဘဝကိုအခြေခံထားတာဖြစ်တဲ့အတွက် Solo လေးတွေများပါတယ်။ Cloe Barretto လေးကိုလဲ မထုံတက်တေးပုံစံတစ်မျိုး၊ ကင်မရာရှေ့ရောက်သွားရင် လုံးဝအသွင်သစ်တစ်မျိုးမြင်တွေ့ရမှာဖြစ်တဲ့အတွက်အမြင်ဆန်းသဘောကျကြမှာသေချာပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 865MB Quality - 1080p, 720p IMDb Rating - ...
movie

[18+] #DoYouThinkIAmSexy? (2022)

2022
(18+)Kitty K7 (2022)
(18+)Kitty K7 (2022) ရည်းစားက သူများနောက်ကောက်ကောက်ပါသွားရင် အသဲကွဲကြတာပါပဲ ဒါပေမဲ့ ကွဲပုံကွဲနည်းလေးတွေကတော့ မတူကြဘူးပေါ့ သောက်ပြီးမူးပြီးကွဲမလား သူငယ်ချင်းတွေနဲ့ အတင်းချပြီးကွဲမလား စားသောက်ပြီးကွဲမလား ကိုယ်နဲ့မတန်လို့တန်ရာတန်ရာနောက်ပါသွားတယ်ဆိုပြီး သူ့ဟာထက်သာစေရမယ်ဆိုတဲ့ Moti ကြီးနဲ့အောင်မြင်အောင်လုပ်မလား အမျိုးမျိုးပါပဲ ဒီကားလေးမှာဆိုလဲ မပြင်တတ်မဆင်တတ် ကောင်မလေးတစ်ယောက် ဘဲကနောက်တစ်ယောက်ဆီကောက်ကောက်ပါအောင် လိုက်သွားတော့ Miley Cyrus လိုပဲ သူ့ထက်လန်းအောင်လုပ်ပြမယ်ဆိုရာကနေ အလန်းလွန် အလွန်လန်းပြီးတော့ တဖက်တလမ်းကနေ သူ့ရဲ့ ဝါသနာ အစစ်အမှန်ကိုတွေ့ရှိပြီး ပုရိသတို့အတွက် Cam Girl အဖြစ် လုပ်အားနဲ့ အကျိုးပြုရင်း ဘဝရဲ့ လောကဓံတွေကိုကြံကြံခံရင်ဆိုင်တဲ့ အကြောင်းလေးကို စိတ်ခွန်အားဖြစ်ဖွယ် တင်ဆက်ထားတာမို့ ကြည့်ကောင်းမဲ့ ကားလေးပါ ။ပြီးကျ ဖိလစ်ပိုင်ကားလေးဆိုတော့ ပိုပြီးနီးစပ်တာပေါ့။ ဒါပေမဲ့ Cam Girl ဆိုတော့ ၁၈ ယောက်စုကြည့်မှ ပိုအဆင်ပြေပါလိမ့်မယ်    File size…1.04GB / 500MB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+)Kitty K7 (2022)

2022