Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dolly Ahluwalia
6.6
Luv Shuv Tey Chicken Khurana (2012)
Luv Shu Try Chicken Khurana(2012) အိမ်ပြေးတစ်ယောက်ရဲ့အိမ်ပြန်ချိန်IMDb - 6.6/10မင်းသားကြီး Kunal Kapoorရဲ့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားလေးဖြစ်ပြီး လက်ရှိနဲ့လည်း တိုက်ဆိုင်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ ကြည့်ရှုသူတွေအတွက်လည်း ခံစားချက်တစ်ခုခု ကျန်နေခဲ့စေမှာပါ။သူငယ်ချင်းတွေလည်း ကိုယ်စီ နိုင်ငံခြားထွက်ကြ အဆင်ပြေကြတာကိုမြင်ပြီး အိုမီတစ်ယောက်လည်း နိုင်ငံခြားထွက်မယ်တကဲကဲဖြစ်တာပေါ့။ ဒါကို ဦးလေးရောအဘိုးရောက လက်မခံတာကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ကပိုက်ဆံခိုးပြီးတော့ လန်ဒန်ကိုပြေးသွားပါတော့တယ်။ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီး စတော့ရှယ်ယာကြွေးတင်ချိန်မှာတော့ အိုမီတစ်ယောက် ဆယ်နှစ်ကြာမေ့ထားခဲ့တဲ့ မိသားစုဆီကိုပြန်ပြီး ပိုက်ဆံလာပြန်တောင်းရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အိုမီပြန်ရောက်ချိန်မှာ အဘိုးကလည်းသတိမေ့ပြီး မိသားစုလက်ငုပ်လက်ရင်းစားသောက်ဆိုင်ကလည်း လျှို့ဝှက်ကြက်သားဟင်းချက်နည်းမရှိလို့ ဒုက္ခရောက်နေတဲ့အပြင် တစ်ချိန်က အချစ်ဦးကလည်း ညီဝမ်းကွဲနဲ့ လက်ထပ်တော့မှာဆိုတာကို သိလိုက်ရချိန်မှာတော့....နိုင်ငံခြားကိုအထင်ကြီးတဲ့အိုမီတစ်ယောက် မိသားစုကို ချစ်တတ် တန်ဖိုးထားကာကွယ်တတ်ဖို့ ဘယ်လိုသင်ယူသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Zwe ~ KKKZတို့ပဲဖြစ်ပါတယ်) File size…3.56GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Luv Shuv Tey Chicken Khurana (2012)
2012
6.9
Axone (2019)
Axone (2019) "အာစွန်း" IMDb - 6.9/10အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာ အခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲက မီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်း အိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့ အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့ လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့....သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့ အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကို အဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.74GB / 758MB Quality…WEB DL 1080p / ...
movie
Axone (2019)
2020
5.8
Thank You For Coming (2023)
Thank You For Coming (2023) "အလိုမကျတဲ့ အပျိုကြီးမမ" IMDb-5.8/10အရှေးကူးမားရဲ့ Toilet ၊ Pati Patni Aur Wohတို့နဲ့ နာမည်ကြီးလာတာတဲ့ လုံးကြီးပေါက်လှ အကိတ်မင်းသမီးလေး ဘူမီး ပဒ်နေကရ်ရဲ့ လူကြီးဟာသ ဇာတ်လမ်းတစ်ပုဒ်...။နတ်သမီးပုံပြင်လေးတွေကို သဘောကျတဲ့မိန်းကလေးတွေထဲမှာ ကာနီကာကထိပ်ဆုံးက။ ကာနီကာတစ်ယောက်ဟာ မိခင်ဆရာဝန်ရဲ့အိမ်မှာပဲဖွင့်ထားတဲ့ဆေးခန်းကိုအမှီပြုပြီး ကလေးအရွယ်ထက်ပိုသာလွန်တဲ့ အသိတွေသိနေတာပေါ့ သိတဲ့အသိတွေကို မျိုသိပ်မထားနိုင်ဘဲ ကျောင်းကပွဲမှာ လူသိရှင်ကြားထုတ်ပြောမိရာက ကျောင်းရဲ့အကြဉ်ခံလေး ကာနီကာဖြစ်လာတော့တယ် ဒီအသိတွေက ဆယ်ကျော်သက်စူးစမ်းတတ်ချိန်ရောက်တဲ့အခါမှာတော့ လက်တည့်စမ်းပါတော့တယ်နှလုံးသားအလိုဆန္ဒ အချစ်စစ်နဲ့ ညာဘက်လူလိုချင်တာက တစ်ဖက် ၊ ငယ်ငယ်တည်းကရလာတဲ့အသိတွေနဲ့ သွေးသားဆန္ဒတောင့်တမှုတွေတစ်ဖက်နဲ့ ၁၆ နှစ်မှာ ရည်းစားထား ၁၈ နှစ်မှာ အတွေ့အကြုံအသစ်ကို အရယူပါတော့တယ် ။နှလုံးသားရောသွေးသားဆန္ဒပါ မပြည့်ဝတဲ့ ကာနီကာတစ်ယောက် ညာဘက်လူကိုရှာမတွေ့ဘဲ ရည်းစားများရင်းသာ အသက် ၃၂ နှစ်ပြည့်မွေးနေ့ရောက်လာခဲ့တယ် လက်တွဲဖော်အသီးသီးနဲ့ပျော်နေတဲ့ သူငယ်ချင်းတွေကြား ခပ်မိုက်မိုက်အလှနဲ့ကာနီကာတစ်ယောက် ညာဘက်လူကိုရှာတွေ့သွားနိုင်မလားဆိုတာ.... ပွင့်လင်းမြင်သာလွန်းတဲ့ ဒိုင်ယာလော့ခ်တွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ...
movie
Thank You For Coming (2023)
2023
5.5
Chhatriwali (2023)
Chhatriwali (2023) Comedy, Drama IMDb 5.3/10အခုတစ်ခါမှာတော့ မင်းသမီးချောလေး ရာကူးပရိဆင်းရဲ့ ပညာပေးဇာတ်ကားလေးကို တင်ဆက်ပေးပါတော့မယ်။ကျားမတန်းတူညီမျှရေးဆိုတာဘာကိုပြောတာလဲ အလုပ်ခွင်မှာတန်းတူနေရာပေးတာလား အမျိုးသမီးများကို sexual harassment မလုပ်တာလား အမျိုးသမီးအခွင့်အရေးကို လေးစားလိုက်နာရမှာလား ယနေ့ခေတ်မှာ ပညာပေးပေါင်းစုံ အခွင့်အရေးလှုပ်ရှားသူတွေက နည်းလမ်းပေါင်းစုံနဲ့ဖော်ပြနေတဲ့ အရာတစ်ခုပါတကယ်တော့ ဒီနိုင်ငံမှာမှမဟုတ်ပါဘူး ကမ္ဘာတစ်ဝှမ်းမှာအမျိုးသမီးတွေကို အတိတ်မှာနှိမ်ချဆက်ဆံခဲ့ကြပါတယ် ဘာသာတရားရော ယဉ်ကျေးမှုအရရောပါပဲ အိန္ဒိယကတော့ အားလုံးသိကြတဲ့အတိုင်း တော်တော်ဆိုးဆိုးပါပဲ အခုခေတ်မှာတော့ ခေတ်မှီလာတာနဲ့အမျှ သူတို့လဲ ရှေးရိုးစွဲအမြင်တွေကို တွန်းလှန်နေကြပါပြီ အဖြစ်မှန်ကိုရိုက်ကူးထားတဲ့ padman လိုဇာတ်ကားမျိုးထွက်ခဲ့သလို အခုကားလေးကတော့ သားဆက်ခြားကျန်းမာရေးကိစ္စကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ တားဆေးတွေရဲ့ဆိုးကျိုးနဲ့ အဖော်ဆောင်သင့်ပုံလေးတွေကို ဟာသနဲ့နှော တင်ဆက်ထားပုံအရ ပရိသတ်ကြီးတို့ကို ကိုယ်တိုင်လဲကြည့် အကုန်လုံးကိုလဲ ညွှန်းဆိုပေးသင့်တဲ့ ပညာပေး ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…1.54GB / 703MB Quality…1080p True WEB DL / 720p Format…mp4 Duration…1h 56mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Sai Thu Rein ~ Nyein Aye
movie
Chhatriwali (2023)
6.4
Bell Bottom(2021)
Bell Bottom 2021----------------------------မင်းသားကြီး အရှေးကူးမားရဲ့ ယနေ့ထွက်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ မင်းသားကြီးကဘက်စုံရတဲ့ လူလတ်ပိုင်းတစ်ယောက်ပေါ့။အိန္ဒိယနိုင်ငံမှာ လေယာဉ်ပြန်ပေးမှုတွေနှစ်စဉ်လိုလို ဆက်တိုင်ဖြစ်လာခဲ့စဉ်ကအဲ့ဒီလေယာဉ်ပြန်ပေးမှု တစ်ခုမှာသူ့အတွက် စိတ်နာစရာ အကြောင်းတစ်ခု ရှိလာတယ်။အဲ့ဒီကိစ္စဟာ သူကတော့ သာမန်ပဲ ဖြစ်ပျက်ခဲ့တာလို့ထင်ထားခဲ့ပေမဲ့ RAW အေးဂျင့်တစ်ချို့ရဲ့ပြောပြမှုကြောင့် အဖြစ်မှန်ကို သိခဲ့ရတယ်။အဲ့ဒီမှာ သူဟာ နိုင်ငံတော်အတွက်နဲ့ပုဂ္ဂိုလ်ရေး ဒဏ်ရာတွေရဲ့ တွန်းအားနဲ့လေယာဉ်ပြန်ပေးအဖွဲ့ကို ဖမ်းဆီးဖို့ ဖြစ်လာခဲ့ပါတယ်။ကဲ အထူးတလည် ပြောပြနေလည်းကိုယ်တိုင်ကြည့်တာကသာ အရသာတွေ့မှာမို့မြန်မြန်လေးသာ ခံစားကြည့်လိုက်ပါတော့ဗျာ။မီးပျက်နေလို့ မိငှက် pc လစ်နေရာကပရိသတ်တွေအတွက် မဆိုစလောက် နောက်ကျသွားခဲ့လို့တောင်းပန်ပါတယ်။ File size…1.29GB / 1.8Gb / 606MB Quality…1080p WEB DL DD+5.1 / 720p / 480p Format…Mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….Than Htike Zaw Translated by Nyi Koe & Myint Thu ...
movie
Bell Bottom(2021)
2021
6.5
Door Ke Darshan(2020)
Door Ke Darshan(2020)IMDb...6.5ကား မတော်တဆမှုတစ်ခုကြောင့် ဒရ်ရှန်ဆိုတဲ့ အဖွားကြီးတစ်ယောက် ကိုမာဝင်ပြီး သတိလစ်နေခဲ့ပါတယ်။ ဆူနီးလ်ဘတေဂျာဟာ မိန်းမနဲ့ ကွာခါနီးအခြေအနေဖြစ်နေပြီး သူက သူ့ရဲ့သူငယ်ချင်းကို အကူအညီတောင်းတယ်....အမေနေကောင်းတဲ့အခါ အိမ်ပေါ်က ဆင်းပေးပါ့မယ်ဆိုပြီး အိမ်မှာကပ်နေပါတယ်...ကပ်နေတဲ့ကာလကလည်းသိပ်မများရှာပါဘူး ...နှစ်(၃၀)ပဲရှိပါသေးတယ်....သားသမီးတွေတောင်အရွယ်ရောက်ကုန်ပြီ...အိမ်ရှင်ဖြစ်တဲ့သူငယ်ချင်းကလည်း သူ့ကတိအတိုင်း အမေနေကောင်းပြန်သတိရမှ ဆင်းဖို့သဘောတူထားလေတော့နှင်ချဖို့လည်းတိုင်ပတ်နေတယ်...ဒီလိုနဲ့ နှစ်(၃၀)ပြည့်ပြီးလို့ တစ်ရက်မှာ အမယ်အိုကြီးသတိရလာတဲ့အခါမှာတော့...ဒီ ကားက တော်တော်ရယ်ရပါတယ်....အခွီတွေကြီးပြောထားသလိုကလိုထိုးအတင်းရယ်ခိုင်းတာမျိုးတွေမဟုတ်ဘဲ တစ်စိမ့်စိမ့်ရယ်ရတာမျိုးတွေပါ....ဇာတ်လမ်းလေးလည်းအတော်မိုက်ရှာတာမို့ ခံစားကြည့်ကြပါဉီး.... ဘာသာပြန်ပေးထားတာကတော့ Thaik San ပဲ ဖြစ်ပါတယ်။File Size :(908 MB) and (326 MB) Quality : WEB-DL720p Format…mp4 Duration…01:59:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Door Ke Darshan(2020)