Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Djenar Maesa Ayu
7
The Corpse Washer (2024)
The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူImdb 7.1/10ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ်လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.2GB / 475MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar ...
movie
The Corpse Washer (2024)
2024
5.0
Night of Hell (2023)
ငရဲညဆိုတဲ့အင်ဒိုနီးရှားhorror ကားကောင်းလေးကိုတင်ဆက်ပေးပါရစေ..အင်ဒိုနီးရှားနိုင်ငံ Winongoရွာလေးဟာ ငရဲည ၃ ညတာကိုနှစ်စဥ်ဖြတ်သန်းရပါတယ်..အဲညတွေဆိုရွာသူရွာသားတွေဟာ အပြင်မထွက်ရဲကြဘဲအိမ်မှာပဲနေပြီး ကုရ်အာန်ကျမ်းကိုသာရွတ်ကြပါတယ်ငရဲညမှာသရဲတစ္ဆေတွေထကြွသောင်းကျန်းပြီးလူတွေကိုဝင်ပူးကာသတ်တာဖြတ်တာတွေ ဖြစ်တာကြောင့်အဲ ၃ ညတာက ကျိန်စာသင့်နေတဲ့ရွာလေးအတွက်တော့တကယ့်ကိုငရဲပါပဲ ဒီကျိန်စာဆိုးလိုမျိုးငရဲညတွေဟာရွာလေးအပေါ်ကို ဘယ်ကနေအစပြုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ... File size…1.18GB / 572MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Night of Hell (2023)
5.5
Di Bawah Umur (2020)
Di Bawah Umur [2020](IMDb 5.5/10)အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့... လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်... အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်... ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ... တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်... အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့... ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie
Di Bawah Umur (2020)
2020
7.1
Mangkujiwo 2 (2023)
Mangkujiwo 2 (2023) (မှန်သရဲ) IMDb 7.4/10မျှော်လင့်စောင့်စားနေခဲ့တဲ့ မှန်သရဲကတော့ ၂အနေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ အရင်က ၁ ကို ပြန်လည်အစဖော်ပေးရမယ်ဆိုရင် စုန်းမအဖြစ် သမုတ်ပြီး လူတောမတိုးအောင်အခန်းထဲပိတ်ခံရပြီး နတ်ဆိုးသားကောင်ဖြစ်ခဲ့ရတဲ့ ကွန်တီနဲ့ အမေ့အတွက်လက်စားချေခဲ့တဲ့ သူ့သမီးလေးအူမာ.. အူမာရဲ့သဘာဝလွန်စွမ်းအားကတော့ ဒေါသထွက်ပြီဆိုတာနဲ့ လူစိတ်ပျောက်ပြီး ခွန်အားတွေအဆမတန်ကြီးထွားလာတာပါပဲ ဒါကို သူ့အမေက ဝင်ကူညီပေးတယ်လို့မှတ်ယူထားသူပေါ့ပထမပိုင်းမှာ ပြီးဆုံးသွားတဲ့ နတ်ဆိုးရိုးရာတွေကို ဒုတိယပိုင်းမှာ ဘယ်သူတွေက ထပ်မံပြီးလှုပ်နှိုးအသက်သွင်းကြမလဲ ဒီမှာ ထပ်မံပေါ်ပေါက်လာမဲ့ လူစွမ်းကောင်းကတော့ ရင်ဘာ .. ၆နှစ်တစ်ခါပူဇော်လေ့ရှိတဲ့ယဇ်ပူဇော်ပွဲထဲ အဖေဖြစ်သူပါ ပါဝင်ခဲ့ရလို့ ကလဲ့စားချေဖို့အတွက် လိုက်လံရှာဖွေရင်း အူမာနဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတယ်ဝိညာဉ်တွေကိုမြင်ရတဲ့အူမာနဲ့ ခေတ်ပညာတတ် သိပ္ပံဆန်ဆန်တွေးတတ်တဲ့ ရင်ဘာတို့၂ယောက် ဘယ်လိုပူးပေါင်းသွားကြမလဲ အူမာ့ဘဝရဲ့ဇာတ်လမ်းမှန်ကို စုံစမ်းရင်းသိလာရတဲ့ အမှန်တရားတွေနဲ့ သူတို့ထိန်းသိမ်းရမဲ့ ပရလောကနဲ့ မျက်မှောက်ခေတ်ကိုဆက်စပ်နေတဲ့ ဒီမန်ကူဂျီဝိုမှန်ကြီးကို သူတို့ကာကွယ်နိုင်ပါ့မလား အဖေ့အတွက်လက်စားချေမှုကိုရော အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် )Genre..... Horror Quality…. 1080p | 720p File size… 1.7GB | 734MB Format… ...
movie
Mangkujiwo 2 (2023)
2023
5.1
Asih (2018)
Asih (2018)သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | ...
movie
Asih (2018)
2008
7.2
Gundala (2019)
ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie
Gundala (2019)
2019
7.4
Ghost Writer 2 (2022)
Ghost Writer 2 (2022)(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ...Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား ...
movie
Ghost Writer 2 (2022)
2022
5.1
Mangkujiwo (2020)
Mangkujiwo 2020မင်းသမီးချောလေး Yasamin Jasem ပါဝင်သရုပ်ဆောင်ထားတဲ့ လူသတ်သရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအစမှာတော့ တစ်ရွာလုံးက စုန်းမလို့သမုတ်ပြီး နွားတင်းကုပ်ထဲစွန့်ပစ်ထားတဲ့ ကန်တီဆိုတဲ့အမျိုးသမီးကိုတွေ့ရမှာပါ မျက်နှာက လူရုပ်မထွက်တာရော နိမိတ်ဆိုးတွေပါပေါ်နေလို့ ရွာသူကြီးကအစကြောက်လန့်ပြီးပိတ်လှောင်ခြင်းခံထားရတဲ့သူပေါ့အူမာဆိုတာကတော့ ထူးဆန်းတဲ့စွမ်းအင်တွေနဲ့မွေးဖွားလာသူတစ်ယောက် ရှိသမျှနတ်ဆိုးတွေကိုပူဇော်ပသပြီးမွေးဖွားလာခဲ့တာကြောင့် အန္တရာယ်ကျလာတိုင်း လူစိတ်ပျောက်သွားပြီး ထူးကဲတဲ့စွမ်းအားတွေထွက်လာတတ်သူ.. တစ်နေ့ လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားရာကတစ်ဖက်အဖွဲ့ကလိုက်နှုတ်ပိတ်ကြရင်း သူမဒီလို မွေးဖွားလာရခြင်းရဲ့ဘဝနောက်ကြောင်းတွေသိရှိသွားခဲ့တဲ့အခါ... ဘာတွေဆက်ဖြစ်သွားမလဲ စုန်းမအဖြစ်သမုတ်ခံနေရတဲ့ ကန်တီ့ဘဝဇာတ်လမ်းအမှန်ကရော ဘာဖြစ်နိုင်မလဲဆိုတာကတော့ အခုပဲဒေါင်းကြည့်လိုက်ကြပါရှင် File size…860MB / 487MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Mangkujiwo (2020)
2020