Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
DJ Walton
5.0
Chasing Raine (2024)
Action ၊ Thriller အမျိုးအစားဖြစ်တဲ့ Chasing Raineရုပ်ရှင်ဟာ ၂၀၂၄ မေလ ၁၄ ရက်မှာထွက်ရှိထားတာဖြစ်ပြီးMaurice P. Kerry ၊ Krystal Jordan နဲ့ DJ Walton တို့ကအဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားကာ မိဘနဲ့သားသမီးကြားကမေတ္တာကိုဖော်ကျူးထားပြီး အက်ရှင်ခန်းကောင်းကောင်းတွေကိုလည်းကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************ကလိုက်ဒ်နဲ့စကိုင်းဟာ ကွာရှင်းထားကြတဲ့အထူးတပ်ဖွဲ့ဝင်စစ်သားနှစ်ဦးဖြစ်ပါတယ်။ ကလိုက်ဒ်ရဲ့အရက်ပြဿနာကြောင့်တစ်ဦးတည်းသောသမီးလေးရိန်းကို စကိုင်းက တစ်ဦးတည်းအုပ်ထိန်းခွင့်ရရှိထားပါတယ်။ ကလိုက်ဒ်က သမီးဖြစ်သူကိုအမြဲပြန်လိုချင်နေခဲ့ပြီး တစ်ရက်မှာတော့ စကိုင်းက အတူနေချစ်သူနီကိုနဲ့အတူ တခြားပြည်နယ်တစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အရမ်းချစ်ရတဲ့သမီးနဲ့အဝေးကြီးခွဲနေရမှာစိုးတာကြောင့် ကလိုက်ဒ်က သမီးကိုခေါ်ပြီးထွက်ပြေးဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ကလိုက်ဒ်ရဲ့အစီအစဉ်တွေမှားယွင်းပြီး သမီးဖြစ်သူရိန်းဟာ ကလေးလူကုန်ကူးဂိုဏ်းတစ်ခုရဲ့လက်ထဲမှာအဖမ်းခံလိုက်ရချိန်မှာတော့ အထူးတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ကလိုက်ဒ်နဲ့စကိုင်းသာမက စကိုင်းရဲ့အလုပ်ရှင်ဆီဇာလည်းပါ၀င်လာပြီး ရာဇဝတ်ဂိုဏ်းကြီးကိုဖြိုခွင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…1.50GB / 791MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Chasing Raine (2024)
6.5
Big George Foreman (2023)
Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie
Big George Foreman (2023)
2023