Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
DJ Express
6.3
Klem (2023)
Klem ( 2023 )ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie
Klem (2023)
5.5
A Sacrifice (2023)
အသစ်ထွက်ရှိလာတဲ့အမေရိကန်ရုပ်ရှင် A Sacrificeမှာတော့ ဂျာမနီမှာလာရောက်အခြေချနေထိုင်နေတဲ့အမေရိကန်လူမှုစိတ်ပညာရှင်ဘင်မွန်ရိုးဟာ ယုံကြည်မှုအစွန်းရောက်တဲ့ဂိုဏ်းတွေရဲ့စိတ်နေစိတ်ထားကိုလေ့လာစူးစမ်းနေသူတစ်ဦးပါ။ဘင်ရဲ့ဆယ်ကျော်သက်အရွယ်သမီးလေးမတ်ဇီကဘင်ရှိတဲ့ဂျာမနီမှာ အမေရိကန်ကနေကျောင်းလာတက်ချိန်မှာတော့ မာတင်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပတ်သက်ခဲ့မိပါတယ်။ ဒါပေမဲ့ မာတင်က သာမန်ကောင်လေးတစ်ယောက်မဟုတ်ဘဲ အစွန်းရောက်ဂိုဏ်းတစ်ခုနဲ့ဆက်နွယ်နေပြီး မတ်ဇီကိုပါဆွဲသွင်းဖို့ကြိုးစားလာတဲ့အခါမှာတော့ ဘင်တစ်ယောက် မတ်ဇီရဲ့အသက်ကိုအစွန်းရောက်ဂိုဏ်းရဲ့လက်က ဘယ်လိုကယ်တင်မလဲဆိုတာသည်းထိတ်ရင်ဖိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB / 607MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
A Sacrifice (2023)