Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dirk Roofthooft
7.5
Skunk (2024)
IMDb 7.5/10 ထိရရှိထားပြီး Winner ၂ဆု နဲ့ Nomination ၁ခုထိ ရရှိထားတဲ့ကားကောင်းလေးတစ်ကားပါ.....လီယမ်ဟာ abusive ဖြစ်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုက်နှက် နှိပ်စက်ခံလာရင်းကနေ အဖွဲ့တစ်ခုကနေ သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီအဖွဲ့ထဲမှာနေရင်း သူ့ရဲ့ အတိတ်ဘဝကို ပြန်လည်ရင်ဆိုင်ပုံ ဒီအဖွဲ့ထဲမှာ ရန်သူတွေ မိတ်ဆွေတွေ နဲ့နေထိုင်သွားပုံကို ကြည့်ရှူရမှာပါ။ဒီဇာတ်ကားရဲ့ Genre ကို Thriller/Drama လို့သတ်မှတ်ထားပါတယ်။ ကြမ်းတမ်းတဲ့စကားတွေ စိတ်အနှောက်အယှက်ပေးနိုင်တဲ့ တချို့ ရိုက်ချက်တွေလည်း ဒီကားထဲမှာပါဝင်ပါတယ်။ဒီကားကို ဒတ်ခ်ျဘာသာစကားကနေ အင်္ဂလိပ်ဘာသာ ပြန်ထားတာကိုမှ တစ်ဆင့်မြန်မာလိုထပ်ပြန်ရတဲ့အတွက် လိုအပ်ချက်တချို့ရှိနေရင်လည်း ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်ဗျ။ File size…(3.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie
Skunk (2024)
7.1
Will (2024)
Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများအပြား နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
Will (2024)
2024
7.4
[18+] Zillion (2022)
IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး ...
movie
[18+] Zillion (2022)
7.3
Loft (2008)
"ဆိတ်ကွယ်ရာ" ဆိုတာကတော့ ကိုယ့်ရဲ့အမှောင်ခြမ်း.မကောင်းမှုတွေ စတာတွေကို လူတွေပေါ်ပေါ်ထင်ထင် လုပ်ကြတဲ့နေရာ အဖြစ် သတ်မှတ် လို့ရပါတယ်.တခြားလူတွေအမြင်နဲ့ကွဲပြားစွာ. မျက်နှာဖုံးတွေကွာကျတဲ့နေရာအဖြစ်လည်း တင်စားလို့ရပါတယ်. ဒီကားမှာတော့လူမြင်မခံတဲ့သာယာမှုတွေကို ခံစားဖို့ ထပ်ခိုးခန်းလေးတစ်ခုကိုမျှဝေသုံးစွဲတဲ့ လူ ၅ ယောက် အကြောင်းကို ဆိတ်ကွယ်ရာမှာအရိုင်းဆန်တတ်တဲ့ လူ့သဘာဝကို ထင်ဟပ်ပြသရင်းစုံထောက်မှုခင်းဆန်စွာ တင်ဆက်ပြထားပါတယ်. ဇာတ်လမ်းအစကိုတော့ ထပ်ခိုးခန်း ၁ ခန်း၊ ထိုအခန်းကိုဖွင့်နိုင်တဲ့ သော့ ၅ ချောင်း၊ သော့ ၅ ချောင်းကို၁ ချောင်းစီကိုင်ထားတဲ့ လူ ၅ ယောက်၊ အခန်းတွင်းမှာ ထူးဆန်းစွာရောက်ရှိနေတဲ့ အလောင်း ၁ လောင်းနဲ့ ဖွင့်ထားပါတယ်.အိမ်ထောင်ရေးနဲ့ စိတ်ဆန္ဒဖိုမသဘာဝ၊ အကျပ်အတည်းကြားမှဉာဏ်ကစားမှု၊ လှည့်စားဉာဏ်များတတ်တဲ့ လူ့သဘာဝကိုထင်ဟပ်ပြထားပြီး လျို့ဝှက်ဆန်းကြယ် မူခင်းရသ မျိုးကိုပေးနိုင်တဲ့ ဒီဇာတ်ကားလေးကို ပရိသတ်များ ရှုစားနိုင်ဖို့ CM ကနေတင်ဆက်ပေးလိုက်ရပါတယ်... File size…1.87GB / 672MB Quality…Blu-Ray 1080p 5.1CH / ...
movie
Loft (2008)
7.2
The Memory of a Killer (2003)
အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ်တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော)ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။ သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကိုကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမားတစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့်ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့်သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆိုလက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာဖောက်ဖျက်လိုက်မလား၊၊အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လိုနှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ...
movie
The Memory of a Killer (2003)