Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dion Johnstone
Dreamcatcher (2003)
IMDb - 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်းေလးယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Dreamcatcher (2003)
The Core (2003)
ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie
The Core (2003)