Channel Myanmar

Dino Kelly

Seize Them! (2024) 5.1
Seize Them! (2024)  2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Seize Them! (2024)

One Shot (2021) 5.8
One Shot (2021) ဖိုက်တာမင်းသားကြီး Scott Adkins  ရဲ့  အသစ်ထွက် Action/Thriller ဇာတ်ကြမ်းကားလေး တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...နိုင်ငံတကာကအကြမ်းဖက်တွေကို ပုံစံသွင်းပေး၊ အကြောက်တရားထည့်ပေး၊ ပုံမှန်လူလိုပြန်ဖြစ်ရေး ကျင့်ပေးနေတဲ့လျှို့ဝှက်ဌာနချုပ်တစ်ခုဆီကနေ အထိန်းသိမ်းခံထောင်သားတစ်ယောက်ကိုလွှဲပြောင်းယူဖို့ မစ်ရှင်တစ်ခုကျရောက်လာပါတယ်။နိုင်ငံတော်အဆင့်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီး လျှို့ဝှက်ချက်တွေအပြည့်နဲ့ပါ..မမြင်နိုင်တဲ့ အန္တရာယ်တွေကလဲ စောင့်လိုကြိုနေပါတယ်။ဒီခရီးစဉ်အတွက် လိုက်ပါ‌စောင့်ကြပ်ပေးရတဲ့ Navy Seal အဖွဲ့အနေနဲ့ အရှုပ်အထွေးအန္တရာယ်တွေကြားကနေအထိန်းသိမ်းခံထောင်သားကို မြို့တော်ဝါရှင်တန်ဆီ ပြန်ခေါ်သွားနိုင်မလားဆိုတာ....။အပစ်အခတ် အကြမ်းပတမ်းတွေနဲ့  အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.5 GB) / (850 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

One Shot (2021)