Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ding Jiali
7.0
Ash Is Purest White ( 2018 )
ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာ အရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကို အစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့ Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့ အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့ မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကို Cannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့ Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့် ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကို Chinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ် Filesize : 1.85 GB / 1.01 GB Quality : WEB-DL ...
movie
Ash Is Purest White ( 2018 )
6
Five Hundred Miles ( 2023 )
ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား..... သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ..... ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy, Family , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Five Hundred Miles ( 2023 )
7.0
Hi,Mon (2021)
IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့သို့ပေမယ့် ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်.ဘာလို့လဲဆိုတော့ ဒီကားလေးကဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ...ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး...အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါဇာတ်လမ်းအကျဉ်းကိုပြောပြရရင်...ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြားသားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်းမတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန်ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်...ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ်အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်...အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး....အမေ့ပျော်အောင် ကြိုးစားပေးရင်း...နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင်အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်...အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီးသူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ Quality : WEB-DL 1080p Format : mp4 Duration : 2h 8min Genres : Comedy , Drama , Fantasy Subtitle : Myanmar Subtitle ( Hardsub ...
movie
Hi,Mon (2021)
6.4
The Golden Era (2014)
[Unicode]The Golden Era 2014၁၉၉၃ ခုနှစ်နောက်ပိုင်း ဂျပန် တရုတ် စစ်ပွဲကာလအတွင်းက တရုတ်နိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာမ ရှောင်ဟုန်သူကတော့ ၁၉၉၄ ခုနှစ် အသက် ၃၂ နှစ်အရွယ် ငယ်ငယ် နဲ့ ကွယ်လွန်ခဲ့ရတဲ့သူ တစ်ယောက်...သူ့အကြောင်းကို ဒါရိုက်တာ Ann Hui က သူ့ရဲ့နောက်ဆုံး ရိုက်ကူးမယ့် ဇာတ်ကားအဖြစ်သတ်မှတ်ပြီး အကောင်းဆုံး ရိုက်ကူးထားတာပါဒါ့ကြောင့် ဇာတ်ကားက ၃ နာရီကြာပြီး Opening Weekend USA: $50,242 ရရှိခဲ့ပြီး Cumulative Worldwide Gross: $8,396,062 ရရှိခဲ့ပါတယ်ဇာတ်ကား တစ်ဝက်လောက်ထိကတော့ ဇာတ်ကောင်မိတ်ဆက် ဇာတ်အစပျိုးတာပေါ့ တစ်ဝက်ကျော်မှ ဇာတ်လမ်းစတာပါဒီလိုဇာတ်မျိုးကြိုက်တဲ့သူအတွက် အရမ်းကောင်းပေမယ့် မကြိုက်တဲ့သူကတော့ ပျင်းမှာပါ လူတိုင်း ကြိုက်တဲ့ကားမျိုးတော့ မဟုတ်ပါဘူးဘဝဇာတ်ကြောင်းလေး ဖြစ်လို့ အကျဉ်းချုပ်ကို သိပ်မပြောတော့ဘဲ စာရေးဆရာမ ရှောင်ဟုန်ရဲ့ မွေးဖွားတဲ့အချိန်ကစ ...
movie
The Golden Era (2014)
7.2
Coming Home (2014)
movie
Coming Home (2014)
2014
6.5
Hidden Man ( 2018 )
အက်ရှင်ကြမ်းကြမ်းကြိုက်တဲ့သူတွေအတွက်Imdb 6.5 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်တရုတ်နိုင်ငံမှာဂျပန်တွေအုပ်စိုးစဉ်ကာလကျူးချန်းလုံဟာသူ့ကိုယ်ကျိုးအတွက်သူ့သူငယ်ချင်းကိန်းပိန်ရိလန်နဲ့ပူးပေါင်းပြီးသူ့ဆရာရဲ့စံအိမ်တော်ကိုဘိန်းစိုက်ဖို့တောင်းဝယ်ရာကနေတင်းမာမှုတွေဖြစ်လာပြီး သူ့ဆရာတစ်မိသားစုလုံးကိုသတ်ဖြတ်ပြီးမီးရှို့ခဲ့ပါတယ်..ဒီလိုမီးရှို့ခံရတဲ့ကြားထဲကနေသူ့ဆရာရဲ့တပည့်ငယ်လေးလီထျန်းရန်ဟာအမေရိကန်ဆရာဝန်Dr.Handalaရဲ့ကယ်တင်ခြင်းခံရပြီးအသက်ရှင်ခွင့်ရခဲ့ပါတယ်.သူဟာအမေရိကားကိုပို့ဆောင်ခြင်းခံရပြီးDr.Bruce Handalaဖြစ်လာခဲ့ပါတယ်..တစ်နေ့မှာတော့သူဟာတရုတ်ပြည်ကိုပြန်လာပြီးသူရဲ့ရန်သူတွေဖြစ်တဲ့ကျူးချန်းလုံနဲ့ကိန်းပိန်ရိလန်တို့ကိုကလဲ့စားချေဖို့အခွင့်ရလာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ..လှည့်ကွက်မျိုးစုံနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ..တရုတ်ပြည်ကိုဂျပန်အုပ်စိုးစဉ်ကာလရဲ့ပုံရိပ်တွေကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်..တိုက်ခိုက်ရေးခပ်ကြမ်းကြမ်းတွေလဲပါတာမို့အက်ရှင်ကြိုက်သူတွေအတွက်လည်းအကြိုက်တွေ့စေမှာပါ.. Translated & Review By Phyo ZawEncoded By LK
movie
Hidden Man ( 2018 )
2018