Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dina Spybey-Waters
Freaky Friday (2003)
ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ ...
movie
Freaky Friday (2003)
[18+] Striptease (1996)
Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie
[18+] Striptease (1996)
1996
6.7
Just Like Heaven (2005)
Just Like Heaven (2005)==================ဒီတခါမိတ်ဆက်ပေးမှာကတော့ ပရိတ်သတ်သဲသဲလှုပ်သရုပ်ဆောင်တွေဖြစ်ကြတဲ့Reese Witherspoon နဲ့ Mark Ruffalo တို့ငယ်ရွယ်စဥ်ကပါ၀င်ထားတဲ့Romance/fantasy ကားလေးပါ တနေ့တနေ့အလုပ်မှအလုပ်ဖြစ်နေတဲ့ဆရာ၀န်မလေးအဲလစ်ဇဘတ်ဟာတနေ့မှာ ကားအက်ဆီးဒင့်တခုဖြစ်ခဲ့ပါတယ်။သုံးလကြာပြီးတဲ့နောက် သူ့ရဲ့မိန်းမဖြစ်သူဆုံးပါးသွားတာကိုမမေ့နိုင်သေးတဲ့ဒေးဗစ်အက်ဘော့တယောက်ဟာဆန်ဖရန်စစ်စ္စကိုက အဲလစ်ဇဘတ်ရဲ့တိုက်ခန်းဟောင်းကိုအိမ်ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ဒေးဗစ်တွေ့လိုက်ရတာကတော့ဒါသူမရဲ့တိုက်ခန်းဆိုပြီးရန်လိုနေတဲ့ အဲလစ်ဇဘက်ရဲ့ဝိညာဉ်ပါပဲ။ဒေးဗစ်တယောက်ထဲပဲအဲလစ်ဇဘက်ကိုတွေ့နေရတာကရောဘာကြောင့်လဲ?။အဲလစ်ဇဘက်ကရောဆုံးသွားတာလား?။မတည့်အတူနေ သူတို့နှစ်ယောက်ရဲ့ကြားကခံစားချက်တွေကဘယ်လိုပြောင်းလဲလာကြမလဲ။သူတို့နှစ်ယောက်ရဲ့အခုလိုထူးဆန်းတဲ့ရေစက်ကဘယ်လိုကြောင့်လဲ။ သူတို့နှစ်ဦးအဆုံးမှာဆုံစည်းသွားနိုင်ကြမလားဆိုတာကိုjust like heaven ဆိုတဲ့စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျာ.... File size…1.66GB / 662MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 35m Genre ..... Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Just Like Heaven (2005)
5.1
The Haunted Mansion (2003)
The Haunted Mansion (2003)အလုပ်ကြိုးစားတဲ့ ပျော်ရွှင်နေတဲ့ Evers မိသားစုက အိမ်ထောင်ဦးစီး Jim။ သူလုပ်တဲ့အလုပ်က အိမ်ခြံမြေပွဲစား။ ပွဲဖြစ်ရင် မျိုးမျိုးမြတ်မြတ် စားရတဲ့ လုပ်ငန်းပေါ့ဗျာ။ အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ရင်း ပိုက်ဆံတွေရလာပေမယ့် မိသားစုအပေါ် ပျက်ကွက်မှုတွေများလာလို့ အလျော်ပေးတဲ့အနေနဲ့ မိသားစုခရီးလေးထွက်လာတဲ့အခါ ငွေနောက်ကို အသည်းအသန်လိုက်တဲ့သူမို့ မိသားစုခရီးထွက်လာတာတောင် လုပ်ငန်းတစ်ခုလုပ်ဖို့ တစ်နေရာကိုလမ်းကြုံဝင်ခဲ့တယ်။သူရောင်းပေးရမယ့်အိမ်ကြီးက ဒေါ်လာ သန်းနဲ့ချီတန်တာမို့ ဘယ်လိုမှ မငြင်းဆန်နိုင်ပဲ အရောက်သွားချိန်မှာ ကံဆိုးမိုးမှောင်တွေဆက်တိုက်ကျရောက်လာပါတော့တယ်။ သရဲခြောက်တတ်တဲ့အိမ်ကြီးမှာ ဖြစ်လာသမျှ ပြဿနာတွေကို လိုက်လံဖြေရှင်းရင်း သားသမီးနဲ့ ဇနီးကို ကယ်တင်ဖို့ကြိုးစားရတဲ့ ပျော်ရွှင်စရာ မိသားစုကြည့် Fantasy ကားလေးပါ။ခေါင်းဆောင်မင်းသားဖြစ်တဲ့ Eddie Murphy ဆိုတာက အမေရိကန် ဟာသ သရုပ်ဆောင် စာရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်တွေမှာ သိပ်ကို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပြီး သရုပ်ဆောင်ဆုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့သူပါ။ ဟာသပညာရှင်အဖြစ်လည်း ...
movie
The Haunted Mansion (2003)
2003
7.1
John Q (2002)
John Q (2002)_____IMDb - 7.1/10 JOHN Qဆိုတဲ့ဒီကားကို တကယ်တော့ အညွှန်းတောင်သိပ်လိုမယ်မထင်ပါဘူး... မိဘတို့ရဲ့ မေတ္တာကိုအပြည့်အဝဖော်ကျူးထားတဲ့ကားမို့ တစ်ခါကြည့်ဖူးရုံနဲ့ တော်တော်များများရဲ့နှလုံးသားကို အပြည့်အဝသိမ်းပိုက်ပြီး ထာဝရနီးပါးအမှတ်ရနေနိုင်တဲ့ကားဖြစ်ပါတယ်... ဇာတ်ကားကောင်းဖြစ်သည့်အပြင် ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel ကအဓိက သရုပ်ဆောင်ထားတော့ 1080P,720Pတို့ဖြင့် တင်ဆက်ပေးထားပါသည်..... မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအညွှန်းကိုတော့ အနည်းငယ်ပြောပြပါမည်... ဘဝက မွဲတေ၊ ဘဏ်ကတောင် ကားကို လာသိမ်းသွားတဲ့ အဖြစ်၊ အိမ်တောင်မှ ပေါင်ထားရပြီး ဘယ်နေ့ အသိမ်းခံရမယ် မသိ၊ အလုပ်ကလည်း Full time ကနေ Part time အဆင့်ကို လျော့ကျ၊ ဒီလောက်မွန်းကြပ်တဲ့ ဘဝထဲမှာမှ တစ်ဦးတည်းသော သားလေးက နှလုံးရောဂါနဲ့ နှလုံး အစားထိုးကုသမှ ရတော့မယ့် အဖြစ်၊ အာမခံကလည်း ဒီလောက်ထိတော့ အကာအကွယ်မပေးနိုင်ဘူးဆိုပြီး ညစ်ပတ်... ဒီလိုအြခေအနေမျိုးမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေဆိုရင်ရော ဘယ်လိုလုပ်မလဲ... ဒီလိုမွန်းကြပ်တဲ့ အခြေအနေဆိုးတွေကြားမှာ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကြူးရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ရိုက်ပြသွားတဲ့ Denzel Washinton ရဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ...
movie
John Q (2002)
2002