Channel Myanmar

Dilone

The Good Mother (2023)
The Good Mother (2023)  ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့‌ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်‌တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

The Good Mother (2023)

The Novice (2021)
The Novice (2021) The Novice (2021) ဇာတ်လမ်းအညွှန်း*********************************The Novice ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ပညာရေးကိုသာမကဘဲ အားကစားကိုပါ အလေးပေးကြတဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ ပညာသင်ဆုရဖို့ ကြိုးစားကြတဲ့ အမေရိကန်လူငယ်ကောင်မလေးတွေရဲ့ ဘဝကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲလစ်ဒေါလ်ဟာ မထက်မြက်ပေမယ့် ကြိုးစားမှုကြောင့် ထိပ်ဆုံးရောက်လာတဲ့ကောင်မလေးတစ်ယောက်ပါ။ ကြိုးစားမှုတစ်ခုတည်းနဲ့ ထိပ်ဆုံးရောက်လာတဲ့သူ့အတွက် နားနားနေနေနေပါဆိုတဲ့စကားက မုန်းစရာအကောင်းဆုံးစကားပါပဲ။ စိတ်အစွဲလမ်းကြီးတဲ့ အဲလစ်ဒေါလ်တစ်ယောက် တက္ကသိုလ်စတက်ချိန် လှေလှော်အသင်းကိုဝင်ရာကနေ ဘရေးလ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခင်မိသွားပါတယ်။ ဘရေးလ်ကတော့ အားကစားထူးချွန်တဲ့ကောင်မလေးဖြစ်ပြီး သူလှေလှော်အသင်းထဲဝင်ရတဲ့အကြောင်းအရင်းကတော့ တက္ကသိုလ်လှေလှော်အသင်းထဲပါဝင်ခွင့်ရပြီး ပညာသင်ဆုရနိုင်ဖို့ပါပဲ။ ဒီလိုနဲ့ လူသစ်တန်းထဲက သူငယ်ချင်းနှစ်ယောက် တက္ကသိုလ်လှေလှော်အသင်းထဲပါဖို့ကြိုးစားကြရင်း တစ်ယောက်ပဲအဆင့်တက်ခွင့်ရှိတဲ့ အခြေအနေမျိုးကို ရင်ဆိုင်တွေ့ကြုံလာရတဲ့အခါ ... ကြိုစားလုပ်ရင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ဘယ်အရာကိုမဆို လွန်လွန်ကြူးကြူးကြိုးစားတဲ့ အဲလစ်ဒေါလ်နဲ့ ပညာသင်ဆုကိုရမှဖြစ်မယ်ဆိုတဲ့ ဘရေးလ်တို့ ဒီနေရာကိုရဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဘယ်လိုတွေ တွေ့ကြုံ မလဲ ဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ အဲလစ်ဒေါလ်အဖြစ် Isabelle Fuhrman ၊ ဘရေးလ် အဖြစ် Amy ...
movie

The Novice (2021)

2021