Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dilnaz Irani
7.7
Sir (2018)
Sir (2018)"အချစ်တဲ့လား ဆရာ" IMDb - 7.7/10ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ ရိုဟီနာဂီရာရဲ့လက်ရာ ရိုမန့်စ်ရုပ်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရတ်နာဆိုတဲ့ အမျိုးသမီးလေးက ရွာကလူတွေရဲ့အပြော၊ အမြင်တွေကိုဂရုမစိုက်ဘဲ မွမ်ဘိုင်းမြို့ကြီးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ရည်မှန်းချက်ကြီးပေမဲ့ မိဘတွေကိုမလွန်ဆန်နိုင်တာကြောင့် အိမ်ထောင်ပြုလိုက်ရာက ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရသူ။မိတ်ဆွေအကူအညီနဲ့ အိမ်တစ်အိမ်မှာ အိမ်အကူအလုပ်ရခဲ့ပြီး ရွာမှာကျန်ခဲ့တဲ့မိသားစုကိုပြန်ထောက်ပံ့ပေးနိုင်ခဲ့တယ်။ဒီရုပ်ရှင်မှာတော့ ရတ်နာအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အက်ရှ်ဝင်နဲ့ ရတ်နာတို့ကြား လောကဓံရဲ့ရိုက်ချက်တွေနဲ့ ဘ၀ပေါ်ရှုမြင်ပုံတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ TOMO ~ ALEX ~ Vတို့ပဲဖြစ်ပါတယ်) File size… 1.67GB / 796MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by TOMO ~ ALEX ~ V
movie
Sir (2018)
8.3
Chandu Champion (2024)
Chandu Champion (2024) "ချန်ပီယံ"ဒီတစ်ခါမှာဆိုရင် ရီဗျူးကောင်းတွေရထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိ အားကစားရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Freddy ရုပ်ရှင်မှာ သွားဆရာဝန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား ကာacတစ်ခ် ပါဝင်ထားတာ ဖြစ်ပါတယ်၁၉၅၂ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယကိုယ်စားပြု နပမ်းသမား ကာရှာဘာ ကြေးတံဆိပ်ဆုရပြီး ပြန်လာချိန်....နယ်ဘူတာရုံလေးက အားပေးကြိုဆိုကြတဲ့ လူထောင်သောင်းချီကြားမှာ မူရ်လီ ဆိုတဲ့ကောင်လေးလည်း အပါအဝင်ပေါ့အဲဒီကစလို့ အိုလံပစ် ချန်ပီယံဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကောင်လေး အိမ်က အားမပေးခွင့်မပြုတဲ့ကြားက ရွာက နပမ်းဆရာဆီမှာ ပညာသင် အစွမ်းကုန်ကြိုးစားတယ်တစ်နေ့မှာတော့ အိုလံပစ်ပြိုင်ခွင့်ရဖို့ စစ်တပ်ထဲ ဝင်ဖို့လိုတယ်လို့ လူတစ်ယောက်က သူ့ကိုပြောလာတော့ စစ်တပ်ထဲ ဝင်သွားပါလေရော ဒီကနေ ကံကြမ္မာအလှည့်အပြောင်း အလီလီကျော်ဖြတ်လို့ မလျှော့တဲ့ ဇွဲလုံ့လကြောင့် အိန္ဒိယပထမဆုံး အိုလံပစ် ရွှေတံဆိပ်ရှင်ဖြစ်လာပုံကို ခေတ်အခြေအနေတို့နဲ့ တွဲလျက် တင်ဆက်ထားတဲ့ ရုပ်ရှင်လေးလို့ ညွှန်းလိုက်ပါတယ်ဗျအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 3.4GB / ...
movie
Chandu Champion (2024)
2024
7.3
Sukhee (2023)
Sukhee 2023("ဒေလီက နုပျိုခဲ့သောနေ့ရက်များ") ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.14GB / 971MB Quality…1080p WEB DL ...
movie
Sukhee (2023)
2023
7.8
Aligarh(2015)
Aligarh (2015)IMDb-7.8/10အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့ Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ် ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်"ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ"ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ် ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ တစ်မူထူးခြားနေလေတော့... သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ် သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက် ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့ မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ် File size…2.3GB / 879MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 54m Subtitle….Myanmar ...
movie
Aligarh(2015)
2015
7.2
Unpaused(2020)
Unpaused(2020)ဇာတ်လမ်းအညွှန်းIMDb...7.2Covid 19 အဆင့်မဟုတ်တော့ဘူး Covid 30ထိတောင်ရောက်ကုန်ပြီ...အိမ်မှာနေပြီး အပြင်မထွက်ရတဲ့အချိန်ပိုများလာတဲ့အပြင်သေဆုံးတဲ့ဉီးရေကလည်း များပြားလွန်းလှတယ်...ဒါ့ကြောင့် အဟန်ဆိုတဲ့သူဟာ အိမ်မှာနေတယ် ..onlineကနေ ဘွဲ့တွေယူတယ်...ဘွဲ့လက်မှတ်တွေနံရံအပြည့်...နောက်ဆုံး စားဖိုမှူးဘွဲ့တောင်ကောက်ယူလိုက်သေးတယ်....ကြိုးခုန်တယ်...Tvကြည့်တယ်...နည်းပညာအကူအညီရယူပြီး onlineကနေ ဆော်တွေပတ်ဒိတ်တယ်...အခုဆို သူဒိတ်တာ၁၉၃ယောက်ရှိပြီ....အိမ်ထဲမှာနေရတာများတော့ အထီးကျန်ခြင်းတွေကို ဖြေဖျောက်ဖို့ ကောင်မလေးတွေနဲ့ဒိတ်လိုက်စိတ်တိုင်းမကျလိုက်နဲ့...နောက်တော့ အင်္ကျီအနီဝတ်ထားတဲ့ ၁၉၄ယောက်မြောက်ခပ်လှလှမိန်းကလေးနဲ့ တွေ့တော့မှာတလွဲကြီးတွေစဖြစ်တော့တာပဲ...ဒီကားက Covidကာလအတွင်းရိုက်ကူးထားတာဖြစ်ပြီး အခုလက်ရှိအဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြထားသလို ရယ်လည်းရယ်ရပါတယ်...အားပေးမှုများတဲ့ဇာတ်ကားဖြစ်လို့ ကြည့်သင့်ပါကြောင်း...File Size : (1.98GB) and (979 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Unpaused(2020)